• Follow Us on
Latest News

Home နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်တွင်းခရီးသွားလာခွင့်နှင့် ပြည်ဝင်ဗီဇာကိစ္စရပ်များဆောင်ရွက်ပေးရေးဆွေးနွေး

နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်တွင်းခရီးသွားလာခွင့်နှင့် ပြည်ဝင်ဗီဇာကိစ္စရပ်များဆောင်ရွက်ပေးရေးဆွေးနွေး

Share this post

နေပြည်တော်၊ အောက်တိုဘာ ၆

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း သည် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi ဦးဆောင်သောအဖွဲ့အား ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံခဲ့သည်။

 

တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် UNHCR တို့အကြား နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးနိုင်ရေး ဆောင် ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်တွင်းခရီးသွားလာခွင့်နှင့် ပြည်ဝင်ဗီဇာကိစ္စ ရပ်များ ဆောင်ရွက်ပေးရေး၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ လူသားချင်းစာနာမှုအကူအညီလိုအပ်သူနှင့် နေရပ် စွန့်ခွာသူဆိုင်ရာ ကိန်းဂဏန်းထုတ်ပြန်ရာတွင် မြေပြင်အခြေအနေနှင့် ကိုက်ညီစေရေးအတွက်ဝန်ကြီးဌာနနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရေး၊ သတင်းအချက်အလက်မျှဝေရေးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြသည်။

 

#PeopleMedia


Share this post