နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီအသစ်ပြန်ဆင်ဖွဲ့စည်း၊ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးမြထွန်းဦး ခန့်အပ်
PUBLISHED - September 21, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၁
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကို အသစ်ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး ကော်မတီဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ခန့်အပ်လိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ စက်တင်ဘာ ၁၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
အသစ်ပြင်ဆင်ဖွဲ့စည်းလိုက်သည့် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည် ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ နစကဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စု ဝန်ကြီးဦးအောင်နိုင်ဦး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့မှ အဖွဲ့ဝင်တွေအဖြစ် ပါဝင် ကြောင်း သိရသည်။
အဆိုပါ ကော်မတီအသစ်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက် မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြားငွေ လဲလှယ်နှုန်းတည်ငြိမ်ရေးနှင့် နိုင်ငံ ခြားငွေကို ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက်လိုအပ်သည့် လုပ်ငန်းတာဝန်များကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ပြင်ဆင်ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကို နစကမှ ၂၀၂၂ခုနှစ် ဧပြီ ၄ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အဆိုပါ ကော်မတီတွင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#PeopleMedia