နိုင်ငံတကာဖိအားပေးမှုတွေကို ခံနိုင်ဖို့အတွက် စစ်လက်နက်ပစ္စည်းတွေ ပြည်တွင်းမှာ တိုးမြှင့်ထုတ်လုပ်ဖို့ အစ္စရေးဝန်ကြီးချုပ်ပြော
PUBLISHED - April 4, 2024
နိုင်ငံတကာ၊ ဧပြီ ၄
အစ္စရေးအစိုးရကို လက်နက်ထောက်ပံ့နေတာတွေရပ်ဆိုင်းဖို့ နိုင်ငံတကာက ဖိအားပေးတောင်းဆိုနေတာ ကြောင့် စစ်လက်နက်ပစ္စည်းတွေကို ပြည်တွင်းမှာ အရှိန်မြှင့်ထုတ်လုပ်ဖို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နတန် ယာဟုက ပြောကြားလိုက်ပါတယ်။
အစ္စရေးစစ်လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီတွေအနေနဲ့ ဟားမတ်စ်ဆန့်ကျင်ရေးစစ်ပွဲရဲ့ မြင့်တက်လာတဲ့ လို အပ်ချက်တွေနဲ့အညီ ပြောင်းလဲဖို့လိုအပ်ကြောင်း အစ္စရေးဘဏ်အုပ်ချုပ်ရေးမှူး အေမီယာယာရွန်နဲ့ တွေ့ဆုံစဉ် မှာ ပြောကြားခဲ့ပါတယ်။
အစ္စရေးနိုင်ငံအနေနဲ့ ပြင်ပဖိအားတွေကို လျှော့ချနိုင်ဖို့အတွက် ပြည်ပနိုင်ငံအထောက်အပံ့တွေကို လျော့ချဖို့ ကိုလည်း နတန်ယာဟုက တိုက်တွန်းခဲ့ပါတယ်။
“ကျွန်တော်တို့ လိုအပ်တဲ့လက်နက်တွေ ထုတ်လုပ်ရာမှာ ပိုပြီး အမှီအခိုကင်းကင်းနဲ့ လွတ်လပ်နေဖို့လိုအပ်ပါ တယ်။ ဒါမှသာ အစ္စရေးနိုင်ငံဟာ ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်တိုင်ချမှတ်နိုင်မှာဖြစ်တယ်။” လို့ ၎င်းက ပြောပါ တယ်။
၂၀၂၃ ခုနှစ်အတွင်း အစ္စရေးနိုင်ငံဟာ အမေရိကန်နဲ့ ဂျာမနီတို့ထံက စစ်လက်နက်ပစ္စည်းတွေကို အများအပြား မှီခိုခဲ့ကြောင်း ဆွီဒင်ကပညာရှင်အဖွဲ့တစ်ဖွဲ့က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အစ္စရေးနိုင်ငံကို လက်နက်တင်ပို့နေတာတွေ ရပ်တန့်ဖို့ ကုလသမဂ္ဂကျွမ်းကျင်သူ လေးငါးဦးက ထောက်ခံလိုက် ပြီးနောက်မှာ နတန်ယာဟုရဲ့ ပြောကြားချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဂါဇာဒေသမှာ အသုံးပြုဖို့အတွက် အစ္စရေးကို စစ်လက်နက်ပစ္စည်းတွေထောက်ပံ့နေတာဟာ နိုင်ငံတကာလူ သားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်နေတာဖြစ်ကြောင်း အဆိုပါ ကုလသမဂ္ဂကျွမ်းကျင်သူတွေက ပြောပါတယ်။
“စစ်လက်နက်တင်ပို့တဲ့နိုင်ငံက အဲဒီလို ဥပဒေချိုးဖောက်ဖို့အတွက် ရည်ရွယ်ချက်မရှိဘဲ အဲဒီလက်နက်တွေကို တင်ပို့ခဲ့တာဆိုရင်တောင် ဒါမှမဟုတ် အဲဒီလက်နက်တွေကို အဲဒီလိုနည်းလမ်းနဲ့ အသုံးပြုလိမ့်မယ်ဆိုတာကို မသိခဲ့ဘူးဆိုရင်တောင် အဲဒီလို လက်နက်ပို့ဆောင်မှုတွေကို တားမြစ်ပိတ်ပင်ထားပါတယ်။” လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ပြောပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ စစ်ပွဲစတင်ဖြစ်ပွားတဲ့အချိန်ကစပြီး အမျိုးသမီးနဲ့ ကလေးသူငယ်အများဆုံးပါဝင် တဲ့ ပါလက်စတိုင်းလူမျိုး ၃၂၀၀၀ ကျော် သေဆုံးသွားပြီဖြစ်ပါတယ်။
အစ္စရေးအစိုးရဟာ အရပ်သားတွေကို အဆင်အခြင်မဲ့ တိုက်ခိုက်နေတယ်လို့ လူ့အခွင့်အရေးအုပ်စုတွေက ဝေ ဖန်ပြစ်တင်နေသလို အရပ်သားအသေအပျောက်များလာတဲ့အတွက် စစ်ရှိန်လျှော့ချဖို့ အစ္စရေးကို အမေရိကန် အစိုးရကလည်း တောင်းဆိုခဲ့ပါတယ်။
မြေပြင်အခြေအနေတွေကိုကြည့်ပြီး အစ္စရေးအတွက် စစ်လက်နက်ပစ္စည်းတွေ ဆက်လက်မထောက်ပံ့နိုင်တော့ ဘူးလို့ ပြီးခဲ့တဲ့လက ကနေဒါအစိုးရက ကြေညာခဲ့ပါတယ်။
Ref: Israel Pushes for Local Production of Weapons to be ‘Immune from External Pressure’
#PeopleMedia