• Follow Us on

Home နိုင်ငံတကာဖိအားပေးမှုနှင့် နိုင်ငံတော်၏တောင်းဆိုမှုကြောင့် ရွှေကုက္ကိုလ်ရှိ ရထိုက်ကုမ္ပဏီနှင့် လုပ်ငန်းများအား အကန့်အသတ်မရှိ ရပ်ဆိုင်းမည်

နိုင်ငံတကာဖိအားပေးမှုနှင့် နိုင်ငံတော်၏တောင်းဆိုမှုကြောင့် ရွှေကုက္ကိုလ်ရှိ ရထိုက်ကုမ္ပဏီနှင့် လုပ်ငန်းများအား အကန့်အသတ်မရှိ ရပ်ဆိုင်းမည်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၃

 

နိုင်ငံတကာ ဖိအားပေးမှုနှင့် နိုင်ငံတော်၏ တောင်းဆိုမှုကြောင့် ကျားဖြန့်လုပ်ငန်းများဖြင့် ဝေဖန်ခံနေရသည့် ကရင်ပြည်နယ်ရှိ ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်း လုပ်ကိုင်နေသည့် ရထိုက်ကုမ္ပဏီနှင့် လုပ်ငန်းများအား အကန့်အသက်မရှိ ရပ်ဆိုင်းမည်ဖြစ်ကြောင်း ရွှေကုက္ကိုလ် ရထိုက်စုပေါင်းရုံးက သတင်းထုတ်ပြန်ထားသည်။

 

ရွှေကုက္ကိုလ်နှင့် ရထိုက်အပါအဝင် မြို့တွင်းရှိ လုပ်ငန်းရှင်နှင့် ဝန်ထမ်းများအားလုံး လာမည့် စက်တင်ဘာလ (၂၀)ရက်တွင် အပြီးသတ် ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

 

ရွှေကုက္ကိုလ်မှ ထွက်ခွါမည့်သူများအနေဖြင့် စက်တင်ဘာလ (၈)ရက်နေ့ နောက်ဆုံးထားကာ ရထိုက်စုပေါင်းရုံးတွင် ကျသွင့်ငွေ ထိုင်းဘတ် (၃၉၉၉၉)ဘတ် ပေးဆောင်ကာ စာရင်းသွင်းရမည်ဖြစ်ပြီး ရထိုက်မှ စီစဉ်ပေးသည့် ကားဖြင့် မြဝတီမြို့သို့ ထွက်ခွါရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

ရထိုက်ကုမ္ပဏီသို့ လာရောက်စာရင်းမသွင်းဘဲ မိမိအစီအစဉ်ဖြင့် ထွက်ခွါသူများအား ရထိုက်မှ နိုင်ငံတကာ ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များထံသို့ ကိုယ်ရေးအချက်အလက်များ ပေးပို့သွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများအားလုံး ပူးပေါင်းပါဝင်ကြရန် ရထိုက်ကုမ္ပဏီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

#PeopleMedia


Share this post