• Follow Us on

Home နိုင်ငံတကာမီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲ၏ Braveheart(Individual) (၁) ဦးချင်း ပြိုင်ပွဲတွင် မီးသတ်တပ်ကြပ်ကြီးထွန်းနေဝင်းမှ တတိယဆုရရှိ

နိုင်ငံတကာမီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲ၏ Braveheart(Individual) (၁) ဦးချင်း ပြိုင်ပွဲတွင် မီးသတ်တပ်ကြပ်ကြီးထွန်းနေဝင်းမှ တတိယဆုရရှိ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၈

 

စင်္ကာပူမြို့ပြကာကွယ်ရေးတပ်ဖွဲ့(Singapore Civil Defense Force)မှ ဖိတ်ခေါ်မှုဖြင့် စင်ကာပူနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိသည့် နိုင်ငံတကာ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲ Singapore-Global Firefighters & Paramedics Challenge (SGFPC 2023 ) ပြိုင်ပွဲအား စင်ကာပူနိုင်ငံအပါအဝင် ယူကေ၊ ဩစတေးလျ၊ မကာအို၊ လူဇင်ဘက်၊ ထိုင်း၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ ဟောင်ကောင်စသည့် နိုင်ငံပေါင်း (၁၃)နိုင်ငံမှ နိုင်ငံတကာမီးသတ်တပ်ဖွဲ့ ဝင်များနှင့်အတူ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များ နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ ကြောင်း သိရသည်။

 

အဆိုပါ ပြိုင်ပွဲ၏ Braveheart(Individual) (၁) ဦးချင်း ပြိုင်ပွဲတွင် မီးသတ်တပ်ကြပ်ကြီးထွန်းနေဝင်းအနေဖြင့် နိုင်ငံတကာမှမီးသတ်တပ်ဖွဲ့ဝင်များနှင့် ယှဉ်ပြိုင်ကာ တတိယဆုရရှိခဲ့ကြောင်း သိရသည်။

 

Braveheart(Individual) ပြိုင်ပွဲသည် မီးသတ်သမားတစ်ဦး၏ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းမှု၊ ခိုင်မြဲသော ဇွဲလုံ့လနှင့် နည်းစနစ်ပိုင်းကျွမ်းကျင်မှုတို့ဖြင့် ယှဉ်ပြိုင်ရသော ပြိုင်ပွဲဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post