နိုင်ငံတကာရာဇဝတ်တရားရုံး ICC ဆိုင်ဘာ ဖောက်ထွင်းခံရ

PUBLISHED - September 21, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၂၁
စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး အလွန်အကဲဆတ်တဲ့သတင်းအချက်အလက်တွေကို ကိုင်တွယ်နေတဲ့ နိုင်ငံတ ကာရာဇဝတ်တရားရုံး (ICC) ရဲ့ ကွန်ပျူတာစနစ် ဖောက်ထွင်းခံခဲ့ရကြောင်း စက်တင်ဘာလ ၁၉ ရက်နေ့က ICC က ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အကုန်က ၎င်းတို့ရဲ့ကွန်ပျူတာကွန်ရက်မှာ ပုံမှန်မဟုတ်တဲ့ဆောင်ရွက်ချက်တွေကို ထောက် လှမ်းတွေ့ရှိခဲ့ရတဲ့အတွက် လိုအပ်တဲ့တုံ့ပြန်မှုတွေကို ပြန်လည်ဆောင်ရွက်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။
အခုလိုကွန်ပျူတာကွန်ရက်ဖောက်ထွင်းခံရတာ ဘယ်လောက်အထိ အရေးကြီးသလဲ၊ အလုံးစုံပြန်လည်ဖြေရှင်း နိုင်ပြီလား၊ အဲဒီဖောက်ထွင်းမှုရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိနိုင်သလဲဆိုတဲ့ မေးခွန်းတွေကိုတော့ ICC ပြော ခွင့်ရပုဂ္ဂိုလ်က ပြန်လည်ဖြေဆိုခြင်းမရှိပါဘူး။
“ဒီဆိုင်ဘာလုံခြုံရေးကျိုးပေါက်မှုကို တုံ့ပြန်ဖို့နဲ့ ထိခိုက်မှုတွေလျော့ပါးသက်သာစေဖို့အတွက် လိုအပ်တဲ့အရေး ယူဆောင်ရွက်မှုတွေကို ချက်ချင်းဆောင်ရွက်ခဲ့ပါတယ်။” လို့ ICC က ပြောပါတယ်။
စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်တွေအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် ICC ခေါ် နိုင်ငံတကာရာဇဝတ်တရားရုံးကို ၂၀၀၂ ခုနှစ်က နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့မှာ တည်ထောင်ခဲ့တာဖြစ်ပါ တယ်။
လက်ရှိ ICC တရားရုံးမှာ ယူကရိန်း၊ ယူဂန်ဒါ၊ ဗန်နီဇွဲလား၊ အာဖဂန်နစ္စန်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့က အမှုအခင်းတွေနဲ့ ပတ်သက်ပြီး ICC ရှေ့နေတွေက အမှုပေါင်း ၁၇ မှုကို စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။
ယူကရိန်းကကလေးငယ်တွေကို တရားမဝင် အဓမ္မမောင်းထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရုရှားသမ္မတဗလာ ဒီမာပူတင်ကို မတ်လအတွင်းက ICC တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့တဲ့သတင်းဟာ မီဒီယာတွေမှာ ခေါင်းကြီး ပိုင်းသတင်းအဖြစ် ထွက်ပေါ်လာခဲ့ပြီး ရုရှားအစိုးရကလည်း ICC ရဲ့ စွပ်စွဲချက်နဲ့ ဆုံးဖြတ်ချက်ကို ပယ်ချခဲ့ပါ တယ်။
ICC တရားရုံးမှာထိန်းသိမ်းထားတဲ့ ထိပ်တန်းအရေးကြီးအထောက်အထားတွေထဲမှာ ပြစ်မှုဆိုင်ရာသက်သေအ ထောက်အထားတွေကနေ လျှို့ဝှက်အကာအကွယ်ပေးထားတဲ့မျက်မြင်သက်သေတွေရဲ့နာမည်တွေကအစ ပါ ဝင်ပေမဲ့ အခုဆိုင်ဘာဖောက်ထွင်းမှုမှာ ဘယ်အပိုင်းကိုဖောက်ထွင်းခဲ့တယ်ဆိုတာ ICC က ထုတ်ဖော်ပြောဆို ခြင်းမရှိပါဘူး။
ICC တရားရုံးဟာ ဂျော်ဂျီယာနဲ့ ယူကရိန်းနိုင်ငံတို့မှာ ရုရှားနိုင်ငံက ကျူးလွန်နိုင်ခဲ့ဖွယ်ရာရှိတယ်ဆိုတဲ့စစ်ရာဇ ဝတ်မှုတွေကို စုံစမ်းစစ်ဆေးနေတဲ့အတွက် ICC တရားရုံးကို ရုရှားနိုင်ငံက စိတ်ဝင်စားနေတယ်ဆိုတာကို ဒတ်ချ် ထောက်လှမ်းရေးအဖွဲ့ (AIVD) ရဲ့ ၂၀၂၂ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာမှာဖော်ပြခဲ့ကြောင်း အဲဒီထောက်လှမ်း ရေးအဖွဲ့က ပြောပါတယ်။
ဆိုင်ဘာတိုက်ခိုက်မှုဟာ အနာဂတ်စစ်ရာဇဝတ်မှုတွေ စုံစမ်းစစ်ဆေးရေးတွေရဲ့ အစိတ်အပိုင်းတစ်ရပ်ကို ဖောက်ထွင်းတာဖြစ်နိုင်ကြောင်း ICC ရှေ့နေ ကာရမ်ခန်းက ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်းက ပြောကြားလိုက် ပြီး ICC တရားရုံးကိုယ်တိုင်ကလည်း ကာကွယ်ရေးစနစ်အားနည်းတဲ့အတွက် တရားရုံးရဲ့ကာကွယ်ရေးစနစ်ကို မြှင့်တင်ဖို့ လိုအပ်ကြောင်း ၎င်းက ပြောပါတယ်။
Ref: War crimes tribunal International Criminal Court says it has been hacked
#PeopleMedia