နိုင်ငံတကာရေတပ်လေ့ကျင့်ခန်းနှင့် (၆) ကြိမ်မြောက် အိန္ဒိယ-မြန်မာရေတပ်ဆိုင်ရာလေ့ကျင့်ခန်းသို့ တက် ရောက်ခဲ့သည့် စစ်ရေယာဉ်(ဆင်ဖြူရှင်) ပြန်လည်ရောက်ရှိ
PUBLISHED - March 7, 2024
နေပြည်တော်၊ မတ် ၇
အိန္ဒိယနိုင်ငံ၊ Visakhapatnam မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာရေတပ် လေ့ကျင့်ခန်း (MILAN-2024) နှင့် (၆)ကြိမ်မြောက် အိန္ဒိယ-မြန်မာ ရေတပ်ဆိုင်ရာ လေ့ကျင့်ခန်း (6th IMNEX) သို့တက်ရောက်ခဲ့သည့် တပ်မ တော်(ရေ)မှ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ဇော်ဦး ဦးဆောင်သော စစ်ရေယာဉ်(ဆင်ဖြူရှင်)သည် ယမန်နေ့ တွင် ရန်ကုန်မြို့၊ အမှတ်(၃) ရေတပ်ဆိပ်ခံတံတား(သီလဝါ)သို့ ပြန်လည်ရောက်ရှိလာသည်။
အဆိုပါနိုင်ငံတကာရေတပ်လေ့ကျင့်ခန်း (MILAN-2024) ကို ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၇ ရက်အထိ ကျင်းပ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ စစ်ရေယာဉ်(ဆင်ဖြူရှင်)အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ စစ်ရေယာဉ် ၁၃ စီးနှင့် ကင်းထောက်လေယာဉ် ၁ စင်း ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ခရီးစဉ်အတွင်း ဆိပ်ကမ်းအခြေပြုစဉ် International Maritime Seminar သို့ နိုင်ငံပေါင်း ၄၇ နိုင်ငံနှင့်အတူ တက်ရောက်ခြင်း၊ Subject Matter Expert Exchange Program သို့ တက်ရောက်ဆွေးနွေးခြင်း၊ MILAN Young Officer Interaction အစီအစဉ်တွင် အရာရှိငယ်များ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ International City Parade ၌ ပါဝင်ဆောင်ရွက်ခြင်း၊ MILAN Village ၌ နိုင်ငံတကာယဉ် ကျေးမှုပြပွဲတွင် ကပြဖျော်ဖြေခြင်းနှင့် မြန်မာ့ရိုးရာလက်မှုပစ္စည်းများ ခင်းကျင်းပြသခြင်း၊ ဗုဒ္ဓဂါယာနှင့် တာ့ချ် မဟာ (Taj Mahal) သို့ သွားရောက်လည်ပတ်ခြင်းများ ဆောင်ရွက်ကြပြီး နိုင်ငံတကာစစ်ရေယာဉ်များနှင့် ပူးပေါင်း၍ ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းများတွင် ပါဝင်လေ့ကျင့်ခဲ့ကြသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၂ ရက်အထိ ဆောင်ရွက်ခဲ့သည့် (၆) ကြိမ်မြောက် အိန္ဒိယ-မြန်မာ ရေတပ်ဆိုင်ရာလေ့ကျင့်ခန်း (6th IMNEX) တွင် ဆိပ်ကမ်း အခြေပြုလေ့ကျင့်ခန်းများဆောင်ရွက်ခြင်း၊ စစ်ရေယာဉ်များ အပြန်အလှန်လေ့လာခြင်း၊ အိန္ဒိယစစ်ရေယာဉ် INS Kamorta (P 28) နှင့်ပူးပေါင်း၍ ပင်လယ်ပြင်လက် တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ပါသည်။
စစ်ရေယာဉ်(ဆင်ဖြူရှင်)ဖြင့် ယခုသွားရောက်ခဲ့သည့် ခရီးစဉ်အသွား/အပြန်သည် စုစုပေါင်းရေမိုင် ၂၆၅၀ မိုင်ခန့်ရှိကြောင်း သိရသည်။
#PeopleMedia