နိုင်ငံတစ်ဝန်းဆန္ဒပြမှုတွေ မြင့်တက်လာတဲ့အတွက် အခွန်တိုးမြှင့်ရေးဥပဒေကြမ်းကို ကင်ညာသမ္မတ ပြန်လည်ရုပ်သိမ်း

PUBLISHED - June 27, 2024
နိုင်ငံတကာ၊ ဇွန် ၂၇
ဆန္ဒပြသူတွေက လွှတ်တော်ကို ဝင်ရောက်စီးနင်းခဲ့သလို နိုင်ငံတစ်ဝန်းဆန္ဒပြပွဲတွေမြင့်တက်လာပြီး ခြိမ်းခြောက် မှုတွေများလာတဲ့အတွက် မူလကစီစဉ်ထားတဲ့ အခွန်နှုန်းထားမြှင့်တင်ရေးဥပဒေကြမ်းကို ကင်ညာသမ္မတဝီလျံ ရူတိုက ဗုဒ္ဓဟူးနေ့ (ဇွန်လ ၂၆ ရက်နေ့) က ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။
အခုလို ဥပဒေကြမ်းကို ပြန်လည်ရုပ်သိမ်းလိုက်တာ လူငယ်တွေဦးဆောင်တဲ့ သီတင်းပတ်တစ်ပတ်ကြာ ဆန္ဒပြပွဲ ရဲ့ အဓိကအောင်မြင်မှုတစ်ရပ်လို့ ရှုမြင်ထားကြပါတယ်။
ဒါပေမဲ့ ဆန္ဒပြသူတချို့က အခွန်တိုးမြှင့်ကောက်ခံရေးဥပဒေကြမ်းရုပ်သိမ်းလိုက်ပေမဲ့ သမ္မတဝီလျံရူတို နုတ် ထွက်သွားတဲ့အထိ ဆန္ဒပြတောင်းဆိုမယ်လို့ လူမှုကွန်ရက်တွေမှာ ရေးသားထားပါတယ်။
ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်တွေ့ဆုံပြီး ဆန္ဒပြသူ ၂၃ ဦးထက်မနည်း သေဆုံးသလို အများအပြား ဒဏ်ရာရခဲ့ပြီးနောက် တစ်ရက်အကြာမှာ အခွန်တိုးမြှင့်ရေးပါဝင်တဲ့ ဘဏ္ဍာရေးဥပဒေကြမ်းတစ်ရပ်ကို ၎င်းအ နေနဲ့ လက်မှတ်ထိုးတော့မှာ မဟုတ်ဘူးလို့ ရူတိုက ကြေညာခဲ့ပါတယ်။
“၂၀၂၄ ခုနှစ် ဘဏ္ဍာရေးဥပဒေကြမ်းကို ကင်ညာပြည်သူတွေက မလိုချင်ဘူးဆိုတာ ပြည်သူ့အသံကိုနားထောင် ရင်းသိလိုက်ရပါတယ်။ ဒါ့ကြောင့် ဒီဥပဒေကြမ်းကို ကျွန်တော် လက်မှတ်ထိုးမှာမဟုတ်သလို ပြန်လည်ရုပ်သိမ်း သွားမှာဖြစ်ပါတယ်။” လို့ သမ္မတရူတိုက လွှတ်တော်အမတ်တွေနဲ့အတူ ပြောကြားခဲ့တဲ့ ရုပ်သံမိန့်ခွန်းတစ်ခုမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
လူငယ်တွေအနေနဲ့ နောက်ထပ် အသက်ဆုံးရှုံးမှုတွေနဲ့ အိုးအိမ်အဆောက်အဦတွေ ပျက်စီးဆုံးရှုံးမှုတွေ ထပ်မံ မဖြစ်ပေါ်အောင် ရှောင်ရှားဖို့အတွက် ဆန္ဒပြပွဲတွေကို ရုပ်သိမ်းဖို့ ဒုတိယသမ္မတရီဂါသီဂါချာဂူအာက တောင်းဆို လိုက်ပြီး အစိုးရကို အကြံဆိုးတွေပေးခဲ့တဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းတွေကို အပြစ်တင်လိုက်ပါတယ်။
“ဝရုန်းသုန်းကား ဖရိုဖရဲဖြစ်တာတွေ ဘာမှ ရှိလာမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ဟာ ကိုယ့်အလုပ်ကိုယ် အာရုံ မစိုက်ခဲ့ကြဘူး။” လို့ မိန့်ခွန်းတစ်ခုထဲမှာ ထည့်သွင်းပြောဆိုရင်း အမျိုးသားထောက်လှမ်းရေးအဖွဲ့အကြီးအကဲကို ရာထူးကနုတ်ထွက်ဖို့ တောင်းဆိုလိုက်ပါတယ်။
ဆန္ဒပြသူတွေကတော့ သမ္မတရူတိုနုတ်ထွက်ဖို့ ဆက်လက်တောင်းဆိုနေပြီး သမ္မတနုတ်ထွက်သည်အထိ လမ်း မပေါ်တွေမှာ ဆက်လက်ဆန္ဒပြသွားမယ်လို့ဆိုပါတယ်။
ဆန္ဒပြပွဲမှာပါဝင်တဲ့ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူ ဘိုနီဖေ့စ်အမ်ဝမ်ဂီကတော့ လူဦးရေ ၁ သန်းပါဝင်တဲ့ လူထု ချီတက်ဆန္ဒပြပွဲကြီးပြုလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။
“ရန်လိုမှုတွေက ပြီးဆုံးသွားပါပြီ။ ဒါပေမဲ့ အလိမ်အညာတွေကတော့ ရှိနေဆဲပါပဲ။” လို့ ၎င်းက X လူမှုကွန်ရက် မှာ ရေးသားခဲ့ပါတယ်။
Ref: Kenya president backs down on tax hikes after deadly unrest
#PeopleMedia