• Follow Us on

Home နိုင်ငံတစ်ဝှမ်းရှိ စက်သုံးဆီအရောင်းဆိုင် ၁,၉၆၀ ဆိုင်သို့ 92 ဂါလန် ၁ သန်း ၄ သိန်းကျော်၊ 95 ဂါလန် ၃ သိန်း ၃ သောင်းကျော်နှင့် ဒီဇယ်ဆီ ၁ သန်း ၄ သောင်းကျော်ကိုဖြန့်ဖြူးပေးခဲ့

နိုင်ငံတစ်ဝှမ်းရှိ စက်သုံးဆီအရောင်းဆိုင် ၁,၉၆၀ ဆိုင်သို့ 92 ဂါလန် ၁ သန်း ၄ သိန်းကျော်၊ 95 ဂါလန် ၃ သိန်း ၃ သောင်းကျော်နှင့် ဒီဇယ်ဆီ ၁ သန်း ၄ သောင်းကျော်ကိုဖြန့်ဖြူးပေးခဲ့

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၁

 

နိုင်ငံတစ်ဝှမ်းရှိ စက်သုံးဆီအရောင်းဆိုင် ၁,၉၆၀ ဆိုင်သို့ နိုဝင်ဘာလ ၁၉ ရက်နေ့က 92 Ron ဂါလန် (၁ သန်း ၄ သိန်း ၇ သောင်းကျော်)၊ 95 Ron ဂါလန် (၃ သိန်း ၃ သောင်းကျော်)နှင့် ဒီဇယ်ဆီဂါလန်(၁ သန်း ၄ သောင်း ကျော်) ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းဒေသကြီးရှိ Teminal များသို့ ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ်ဝင်ရောက်လျက်ရှိရာ သက်ဆိုင်ရာသိုလှောင်ကန်များသို ၁၉-၁၁-၂၀၂၃ ရက်နေ့နှင့် ၂၀-၁၁-၂၀၂၃ ရက်နေ့တို့တွင် စက်သုံးဆီတင်သင်္ဘော (၃) စီးမှ စက်သုံးဆီများအား ချယူဖြည့်တင်းလျက်ရှိပြီး ထပ်မံ၍ ဆီချယူဖြည့်တင်းရန် အသင့်စောင့်ဆိုင်းနေသည့် စက်သုံးဆီတင်သင်္ဘော (၁) စီးရှိကြောင်းနှင့် ထပ်မံဝင်ရောက် မည့် စက်သုံးဆီတင်သင်္ဘောများလည်းရှိကြောင်း သိရသည်။

 

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် မြန်မာနိုင်ငံစက်သုံးဆီတင် သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းနှင့် ပေါင်းစပ်ညှိနှိင်းပြီး ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များသို စက်သုံးဆီသယ်ယာဉ် (Bowser) များဖြင့် နေ့ညမရွေး အဆက် မပြတ် ဖြည့်တင်းသယ်ယူပိုဆောင်ဖြန့်ဖြူးလျက်ရှိရာ ၁၉-၁၁-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအပါ အဝင် နိုင်ငံတစ်ဝှမ်းရှိ စက်သုံးဆီ အရောင်းဆိုင် (၁,၉၆၀) ဆိုင်သို့ ဆီသယ်ယာဉ် (Bowser) ၁၃၁၁ စီးဖြင့် 92 Ron ဂါလန် (၁ သန်း ၄ သိန်း ၇ သောင်းကျော်) ၊ 95 Ron ဂါလန် (၃သိန်း၃သောင်းကျော်)၊ ဒီဇယ်ဆီ ဂါလန် (၁ သန်း ၄ သောင်းကျော်)၊ ပရီမီယမ်ဒီဇယ်ဆီ (၁ သန်း ၂ သောင်းကျော်) အား ပိုဆောင်ဖြန့်ဖြူးပေးနိုင်ခဲ့သဖြင့် အများပြည်သူအနေဖြင့် စက်သုံးဆီများအား အဆင်ပြေချောမွေ့စွာ ဝယ်ယူသုံးစွဲလျက်ရှိကြောင်းနှင့် တာဝန်ရှိ သူများမှ လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post