နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သူ ၁၄၇ ဦးအား ဂုဏ်ထူး ဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
PUBLISHED - December 8, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သူ ၁၄၇ ဦးအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းလိုက် ကြောင်း သိရသည်။
ထိုသို့ ချီးမြှင့်ခဲ့ရာ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့(သူရဘွဲ့)ကို ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး အောင်ဇေယျာဝင်း၊ ဗိုလ်မှူးကြီး မျိုးကိုကိုဝင်း၊ ဒုတိယဗိုလ်မှူးကြီး စိုင်းကမ္ဘာစိုးနှင့် ဒုတိယဗိုလ်မှူးကြီး သူရိန်တို့အား ချီးမြှင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်(၃၅)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်များတွင် ရဲသူရတံဆိပ် ၅ဦး၊ ရဲဗလတံဆိပ် ၁၀၃ဦးတို့ကို ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
#PeopleMedia