နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ပြင်ဆင်ဖွဲ့စည်း
PUBLISHED - August 3, 2023
နေပြည်တော်၊ သြဂုတ် ၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၅၇ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁ ရက် (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂ ရက်) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း နစကမှ သတင်းထုတ်ပြန်လိုက်သည်။
ပြင်ဆင်ဖွဲ့စည်းလိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး အတွင်းရေးမှူး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူထားကြောင်း ထုတ်ပြန်ထားသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များအဖြစ် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်တို့ ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၂ ဦးဖြစ်သော ဦးမောင်ကိုနှင့် ဒေါက်တာအောင်ကျော်မင်းတို့ကို တာဝန်မှ အနားယူခွင့်ပြုလိုက်ပြီး၊ ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါက်တာကျော်ထွန်းအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့၏ အဖွဲ့ဝင်အဖြစ် ပြောင်းရွှေ့တာဝန်ပေးအပ်လိုက်ကြောင်း ထုတ် ပြန်ထားသည်။
#PeopleMedia