• Follow Us on
Latest News

Home နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအားပြင်ဆင်ဖွဲ့စည်း၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့အဖွဲ့ဝင်အဖြစ်ပါဝင်လာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအားပြင်ဆင်ဖွဲ့စည်း၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့အဖွဲ့ဝင်အဖြစ်ပါဝင်လာ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၆

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအား ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ယမန်နေ့ ညပိုင်းက သတင်းထုတ်ပြန်လိုက်သည်။

 

ပြင်ဆင်ဖွဲ့စည်းလိုက်သည် ကောင်စီတွင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး အတွင်းရေးမှူး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တွဲဖက် အတွင်းရေးမှူးတို့ ပါဝင်ကြောင်း သိရသည်။

 

အဖွဲ့ဝင်များအဖြစ် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဦးဝဏ္ဍမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်တို့ ပါဝင်ကြောင်း သိရသည်။

 

ယခင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား စစ်ဘက် မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေလိုက်ကြောင်း သိရသည်။

 

#PeopleMedia


Share this post