• Follow Us on

Home နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုအခက်အခဲများအကြားမှ ကြိုးစားဆောင်ရွက် လျက်ရှိကြောင်း နစကဥက္ကဋ္ဌပြောကြား

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုအခက်အခဲများအကြားမှ ကြိုးစားဆောင်ရွက် လျက်ရှိကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၇

 

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အခက်အခဲများအကြားမှ ကြိုးစားဆောင်ရွက် လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၆၈) နှစ် မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုထားသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေးအရအရေးပေါ်အခြေအနေ (၆)လ သက်တမ်းတိုးပြီးချိန်တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိ ရန် ပိုမိုကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ရွေးကောက်ပွဲပြန်လည် ကျင်းပပြုလုပ်၍ ထွက်ပေါ်လာမည့်အစိုးရကို နိုင်ငံတော်တာဝန် ပြန်လည်လွှဲပြောင်းပေးနိုင်ရန် ဦးတည်ချက် ထား၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အရေးပေါ်အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေဖြစ်သည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့ကိုချမှတ်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့ကို အခက်အခဲများအကြားမှ ကြိုးစားဆောင်ရွက် လျက်ရှိကြောင်း ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်သည် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်သည့်အတွက် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးနှင့် ဒီမိုကရေစီစနစ်ခိုင်မာစေရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိတို့နိုင်ငံ တည်ငြိမ်အေး ချမ်းရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသား မိဘပြည် သူများကလည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက NCA နှင့်ပတ်သက်၍ နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၇)ဖွဲ့နှင့် NCA လက်မှတ်ရေး ထိုးထားခြင်း မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၃)ဖွဲ့ စုစုပေါင်း (၁၀)ဖွဲ့တို့သည် ငြိမ်းချမ်းရေး အတွက် အပြန်အလှန် ဆွေးနွေးညှိနှိုင်း ခဲ့ကြသည့်အတွက် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဟု မျှော်လင့်ရကြောင်း ပြောသည်။

 

မိမိတို့ နိုင်ငံတော်အစိုးရအနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တစ်နိုင်ငံလုံး တစ်ပြေးညီ အကြားအလပ်မရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သို့သော်လည်း အကြမ်းဖက်မှုများရှိနေ သည့် နယ်မြေများတွင် ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်၍မရသည့်အတွက် နောက်ကျကျန်ခဲ့ခြင်း အကျိုးဆက်ကို နယ်မြေခံလူထုနှင့် တိုင်းရင်းသားပြည်သူများက ခံစားနေရလျက်ရှိကြောင်း၊ အသိဉာဏ်ဆင် ခြင်မှုတရား ကင်းမဲ့သော အဖျက်သမား၊ သစ္စာဖောက်များ၏ နှောင့်ယှက်ဖျက်ဆီး မိုက်မဲမှုများကြောင့် ဒေသခံ ပြည်သူများအနေဖြင့် ဆင်းရဲဒုက္ခများစွာ ခံစားနေကြရပါသည်။ သို့ဖြစ်၍ တိုင်းရင်းသား ပြည်သူလူထုအနေဖြင့် ဒေသအကျိုး၊ နယ်မြေအကျိုး၊ ပြည်သူအကျိုးကိုကြည့်၍ အကြမ်း ဖက်မှုတိုက်ဖျက်ရေး၊ တည်ငြိမ်အေးချမ်းရေး ကို ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားသည်။

 

#PeopleMedia


Share this post