• Follow Us on
Latest News

Home နိုင်ငံတော်နှင့် ပြည်သူများအပေါ် မတော်လောဘနှင့် အမြတ်တင်ရောင်းချခဲ့သည့် ကုမ္ပဏီတစ်ချို့ကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း နစကဒုဥက္ကဋ္ဌပြောကြား

နိုင်ငံတော်နှင့် ပြည်သူများအပေါ် မတော်လောဘနှင့် အမြတ်တင်ရောင်းချခဲ့သည့် ကုမ္ပဏီတစ်ချို့ကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း နစကဒုဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၅

 

နိုင်ငံတော်နှင် ပြည်သူများအပေါ် မတော်လောဘနှင့် အမြတ်တင် ရောင်းချခဲ့သည့် ကုမ္ပဏီတစ်ချို့ကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ယမန်နေ့က နေပြည်တော်၌ ကျင်းပသည် တရား မဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ကုန်သည်လုပ်ငန်းရှင်များ၌လည်း ရိုးရိုးသားသား၊ မှန်မှန် ကန်ကန် ကုန်သွယ်နေသည့် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အချိန်အတွယ်မှန်နှင့် ကူးသန်းရောင်းဝယ်နေသည့် သူများရှိသကဲ့သို့ မတော်လောဘနှင့် ဝိသမစီးပွားရေးသမားများလည်း အထင်အရှား ရှိနေသည်ကို စားသုံး ဆီနှင့် စက်သုံးဆီ တင်သွင်းသည့်ကုမ္ပဏီများကို စစ်ဆေးသည့် အခါတွင် အရေးယူဆောင်ရွက်ရသည့် ကိစ္စ များပေါ်ပေါက်လာသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့်  နိုင်ငံတော်နှင် ပြည်သူများအပေါ် မတော်လောဘနှင့် အမြတ်တင် ရောင်းချခဲ့သည့် ကုမ္ပဏီတစ်ချို့ကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ပြော သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက တိုင်းဒေသကြီး၊ပြည်နယ်အလိုက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌများ၊ OSS ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ကျဝန်ထမ်းများကို တရားမဝင်ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်မှုမရှိစေရေး၊ ငွေကြေး တောင်းခံမှုများ မရှိစေရေး၊ လာဘ်ပေး လာဘ်ယူမှုများမရှိစေရေး တာဝန်ရှိသူ အဆင့် ဆင့်က ကြပ်မတ်ဆောင်ရွက်ရန် အကြိမ်ကြိမ် မှာကြားခဲ့ပြီး ဖြစ်ကြောင်း၊ သို့သော်လည်း တာဝန်ကျဝန်ထမ်းများအနေဖြင့် တရားမဝင်ကုန်သွယ်မှုများတွင် ငွေကြေးရယူပြီး ဖြတ်သန်းခွင့်ပြုခြင်း၊ တရားမဝင်ကုန်စည်များ ပါ၊ မပါကို မျက် ကွယ်ပြုပြီး လာဘ်ငွေရယူ စေလွှတ်ခွင့်ပြုခြင်း၊ တရားမဝင်ကုန်စည်များ တင်ဆောင် လာသည်ကို သိရှိလျက်နှင့် ဖမ်းဆီးအရေးယူခြင်းမပြုဘဲ ငွေကြေးရယူပြီး လွှတ်ပေး ခြင်း၊ တားဆီး စစ်ဆေးရာတွင် တရားမဝင်ကုန်စည်များ တွေ့ရှိသော်လည်း တန်ဖိုးနည်းကုန်စည် အချို့ကိုသာ ဟန်ပြဖမ်းဆီးအရေးယူခြင်းစသည့် နည်းမျိုးစုံနှင့် ပတ်သက်နေသည်ဟု သတင်းများကို ကြားသိနေရကြောင်း၊ ယင်းကို တာဝန်ရှိသူအဆင့်ဆင့်က ကြပ်ကြပ်မတ်မတ်စစ်ဆေးပြီး ထိထိရောက်ရောက် အရေးယူကြရန်  အထူးမှာကြားလိုကြောင်းဖြင့် ပြောသည်။

 

ထို့ပြင် လုံခြုံရေးအပိုင်းနှင့်ပတ်သက်ပြီး တာဝန်ကျနေရာဒေသအလိုက် နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း တိုင်းပြည်တည်ငြိမ် အေးချမ်းမှုကို မလိုလားသည့် ပြည်ဖျက်အကြမ်းဖက် သမားများ၏ အန္တရာယ်ကို မျက်ခြေမပြတ် သတိပြုပြီး တာဝန်ထမ်းဆောင်ရာတွင် လုံခြုံရေးအသိ၊ လုံခြုံရေး သတိနှင့် ဆောင်ရွက်ကြရန် လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့ သည်။

 

#PeopleMedia


Share this post