နိုင်ငံတော်ဘဏ္ဍာငွေများကို အကျိုးရှိစွာဖြင့် အသုံးချရန်လိုပြီး ပကာသနများနှင့် For Show များကို ဦးစားမပေး ဘဲ ထိရောက်အကျိုးရှိသည့်လုပ်ငန်းများကိုဆောင်ရွက်ရန် နစကဥက္ကဋ္ဌမှာကြား
PUBLISHED - February 3, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၃
နိုင်ငံတော်ဘဏ္ဍာငွေများကိုအကျိုးရှိစွာဖြင့်အသုံးချရန်လိုပြီး ပကာသနများနှင့် For Show များကို ဦးစားမပေးပဲ ထိရောက်အကျိုးရှိသည့်လုပ်ငန်းများကို ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားခဲ့သည်။
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၄) ကို ယမန်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မိမိတို့သည် နိုင်ငံရေးအစိုးရမဟုတ်သော်လည်း နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ချိန်တွင် နိုင်ငံ့စီးပွားရေး နှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်နိုင်ငံရေးအရ အား နည်းချက်များရှိခဲ့ခြင်းကြောင့် နိုင်ငံ၏အခြေအနေကို ဝင်ရောက်ထိန်းသိမ်းဆောင်ရွက်ပေးနေရခြင်းဖြစ် ကြောင်း၊ နိုင်ငံရေးအားနည်းချက်မှာ မသမာမှုရှိသည့် မဲရလဒ်များဖြင့် နိုင်ငံတော်အာဏာကို ဖြတ်လမ်းနည်းဖြင့် ရယူနိုင် ရေးဆောင်ရွက်ခဲ့ပြီး မရိုးသားသည့်နည်းဖြင့် ဒီမိုကရေစီကိုပုံဖော်ခဲ့သည့်ကိစ္စဖြစ်ကြောင်း၊ သန့်ရှင်းသည့် နိုင်ငံ ရေး၊ စစ်မှန်သည့် ပါတီစုံဒီမိုကရေစီစနစ် ၊ စစ်မှန်သည့်ဒီမိုကရေစီနှင့် ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်ရှိသည့် ပြည်ထောင်စုတစ်ရပ်ဖြစ်စေရေး မိမိတို့အနေဖြင့်လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိအောင် ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လက်ရှိအချိန်တွင် အစိုးရအဖွဲ့အတွင်း၌ တာဝန်ပေးခန့်အပ်ထား သည့် ပြည် ထောင်စုဝန်ကြီးအများစုမှာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ အများစုပါဝင်ကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများအလိုက် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား ကိုယ်ချင်းစာတရားဖြင့် သာ တူညီမျှအုပ်ချုပ်ကြရန်ကြောင်း၊ ဝန်ထမ်းများအား ရာထူး နှင့်ပတ်သက်၍ တိုးမြှင့်ခြင်း၊ ပြောင်းရွှေ့ခြင်း များဆောင်ရွက်ရာတွင်လည်း သတ်မှတ် ထားသည့် လုပ်ထုံးလုပ်နည်းများ၊ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် အညီ မျှတမှုရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း မှာကြားသည်။
ထို့ပြင် သက်ဆိုင်ရာဝန်ကြီးများနှင့် အဆင့်ဆင့်တာဝန်ရှိသူများအနေဖြင့် ဝန်ထမ်းများအပေါ် သာတူညီမျှ ကွပ်ကဲအုပ်ချုပ် ကြရန်လိုပြီး အမြဲမပြတ်ထိတွေ့ ဆက်ဆံကာ၎င်းတို့၏လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ ကိုယ်ရေးကိုယ်တာ အခက်အခဲများကိုသိရှိအောင် ဆောင်ရွက်ကာ တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ပေး ရန်လိုကြောင်း၊ ဝန်ထမ်းများ၏ အရည်အသွေးများကိုလည်း မြှင့်တင်ပေးနိုင်ရမည်ဖြစ်သကဲ့သို့ စည်းကမ်း ပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ လိုအပ်သည့် ကွပ်ကဲကြပ်မတ်မှုများ လည်းရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန် ထမ်းများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရေးအတွက် လိုအပ်သည့် လမ်းညွှန်မှုများကိုလည်း ပေးနိုင် ရမည်ဖြစ်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်ဘဏ္ဍာငွေများကိုအကျိုးရှိစွာဖြင့်အသုံးချရန်လိုကြောင်း၊ ပကာသန များနှင့် For Show များကို ဦးစားမပေးပဲ ထိရောက်အကျိုးရှိသည့်လုပ်ငန်းများကို ဆောင်ရွက် ကြရန်လိုကြောင်း၊ အခွန်အကောက်များအပြည့်အဝ ရရှိမှသာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်ဖွံ့ဖြိုး တိုးတက်မှုများကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် သက်ဆိုင်သည့်ဌာနများအနေဖြင့် စနစ်တကျပြည်ဝစွာ ကောက်ခံ ရရှိအောင်ဆောင် ရွက်ပေးကြရန်လိုကြောင်း၊ ဝန်ကြီးဌာနများအလိုက် ထုတ်ပေးထားသည့် မော် တော်ယာဉ်များနှင့် စက်ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများကို စနစ်တကျဖြင့် ထိန်းသိမ်းသုံးစွဲကြရန်လို ကြောင်း၊ လိုအပ်ချက်အရဝန်ထမ်းများခန့်အပ်ရာတွင်လည်း အမှန် တကယ်လိုအပ်သည့် ဝန်ထမ်းအင်အားကို သာခန့်အပ်ရန်လိုကြောင်း မှာကြားခဲ့သည်။
#PeopleMedia