နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကိုစွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် ဂုဏ်ပြုချီးမြှင့်ငွေများလာရောက်ပေးအပ်

PUBLISHED - November 3, 2023
နေပြည်တော်၊ နိုဝင်ဘာ ၃
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများ လာရောက် ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်းကို နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ အောင်ငြိမ်းအေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။
ထို့နောက် စေတနာရှင် အလှူရှင် ၃၅ ဦးက ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းငွေကျပ် ၂၁၉၈၄ သိန်းအား ဂုဏ်ပြု ပေးအပ်ခဲ့သည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တိုင်းဒေကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ စေတ နာရှင် အလှူရှင်များ တက်ရောက်ကြသည်။ ထို့နောက် စေတနာရှင်အလှူရှင် ၉၉ ဦးက လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းငွေကျပ် ၁၁၂၇၃ သိန်း ၂ သောင်း ၅ ထောင် ၆ ရာကို ဂုဏ်ပြုပေးအပ်ခဲ့ သည်။
ထို့အတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်းကို အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ ဧရာဝတီခန်းမ၌ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင် မောင်ဝင်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ထို့နောက် စေတနာရှင်အလှူရှင် ၂၇ ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြု ချီးမြှင့်ငွေ စုစုပေါင်းငွေကျပ် ၇၈၁ သိန်းကို ဂုဏ်ပြုပေးအပ်ခဲ့သည်။
အလားတူ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်းကို ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ မြို့တော်ခန်းမ၌ပြုလုပ်ရာ တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။ ထို့နောက် စေတနာရှင်အလှူရှင် ၁၃၆ ဦးက လုံခြုံ ရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းငွေကျပ် ၆၁၀၀ သိန်းကို ဂုဏ်ပြုပေးအပ်ခဲ့သည်။
ထို့အတူ မကွေးတိုင်းဒေသကြီးအတွင်းရှိ စေတနာရှင် အလှူရှင်များက ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခြင်းကို မကွေးမြို့၊ မြို့တော်ခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။ ထို့နောက် စေတနာရှင် အလှူရှင် ၁၃ ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းငွေကျပ်သိန်း ၂၀၀၀ ကို ဂုဏ်ပြုပေး အပ်ခဲ့ကြောင်း သိရသည်။
#PeopleMedia