နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကိုထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၁၇၀၀၀ ကျော်အား ပေးအပ်
PUBLISHED - November 6, 2023
နေပြည်တော်၊ နိုဝင်ဘာ ၆
နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက် အလှူရှင် ၂၇၇ ဦးက ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၁၇၅၈၈ သိန်းအား နိုဝင်ဘာလ ၄ ရက်နေ့တွင် ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း သိရသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်း တမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက ဂုဏ်ပြု ချီးမြှင့်ငွေများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ နိုဝင်ဘာလ ၄ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်းကို နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ အောင်ငြိမ်းအေးခန်းမ၌ ပြုလုပ်ရာ စေတနာရှင် အလှူရှင် ၄၉ ဦးက ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းငွေကျပ် ၁၁၀၂၇ သိန်းအား ဂုဏ်ပြု ပေးအပ်ရာ တိုင်းမှူးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
အလားတူ ရှမ်းပြည်နယ်အတွင်းရှိ စေတနာရှင်အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်းကို တောင်ကြီး မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ စေတနာရှင် အလှူရှင် ၂၂၈ ဦးတို့က လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီး မြှင့်ငွေ စုစုပေါင်းငွေကျပ် ၆၅၆၁ သိန်းအား ဂုဏ်ပြုပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
#PeopleMedia