နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများထံ နိုင်ငံတော်အဆင့် အဆောင်အယောင်မော်တော်ယာဉ်များ ဆက်ကပ်အပ်နှံ
PUBLISHED - June 10, 2024
နေပြည်တော်၊ ဇွန် ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများထံ နိုင်ငံတော်အဆင့် အဆောင် အယောင်မော်တော်ယာဉ်များ ဆက်ကပ်အပ်နှံခြင်းမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယ မင်္ဂလာဓမ္မသဘင်၌ကျင်းပပြုလုပ်ရာ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အဆောင် အယောင်ယာဉ်များကို ဆက်ကပ်အပ်နှံသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသ တို့အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့် တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဝိဇယမင်္ဂလာဓမ္မသဘင်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်း၊ သောက်တော်ရေချမ်းတို့ကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများထံ နိုင်ငံတော် အဆင့် အဆောင်အယောင်မော် တော်ယာဉ်များဆက်ကပ်အပ်နှံခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လျှောက်ထား တင်ပြရာတွင် ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီး သန့်ရှင်းရေး၊ တည်တံ့ရေး၊ ပြန့်ပွား ရေးတို့အတွက် မြန်မာ သက္ကရာဇ် ၁၃၄၂ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ခရစ်နှစ် ၁၉၈၀ ပြည့်နှစ်၊ မေလ ၂၅ ရက်နေ့တွင် စတင်ဖွဲ့ စည်းခဲ့သည့် ဂိုဏ်းပေါင်းစုံသံဃာ့ အစည်း အဝေးကြီးက သံဃာ့ဂိုဏ်းကြီး ၉ ဂိုဏ်းဖြင့် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ကို အောင်မြင်စွာဖွဲ့စည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တွင် နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ကြီးသည် နိုင်ငံတော်၏အဆင့်မြင့်ဆုံးသော သံဃာ့ အဖွဲ့အစည်းအဖြစ် ရပ်တည်လျက် ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီး သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေးတို့အတွက် အားသွန် ကြိုးပမ်းဆောင်ရွက်တော်မူလျက်ရှိသည်ကို သိရှိကြည်ညိုဝမ်းမြောက်ရပါကြောင်း ပြောသည်။
မြန်မာနိုင်ငံတော်တွင် ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ထွန်းလင်းဝေစည်လျက်ရှိနေသည်မှာ နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ကြီး၏ ဦးဆောင်မှုနှင့်အတူ သာသနာ့ဝန်ထမ်း ရှင်ရဟန်းများနှင့် သာသနာ့ နွယ်ဝင် သီလရှင် ဆရာကြီးများက မိမိတို့စွမ်းဆောင်နိုင်သည့် စွမ်းအားအလျောက် ဓုရနှစ်ဖြာသာသနာ ကို ဆောင်ရွက်တော်မူလျက်ရှိကြပြီး နိုင်ငံတော်အစိုးရနှင့် စေတနာရှင်ပြည်သူများ ကလည်း ပစ္စည်းလေးပါးတို့ဖြင့် အားပေးထောက်ပံ့လှူဒါန်းလျက်ရှိနေကြခြင်းမှာ ဆရာဒကာလက်တွဲညီစွာ အားကျိုးမာန်တက်ဆောင်ရွက်ခြင်း၏ ကောင်းကျိုးများဖြစ် ကြောင်းကို ဝမ်းမြောက်ဂုဏ်ယူစွာ လျှောက်ထားအပ်ပါကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်အစိုးရသည် နှစ်စဉ် ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေး နေ့ အခါသမယ ရောက်တိုင်း ဂန္ထဓုရ၊ ဝိပဿနာဓုရ ဟူသော ဓုရနှစ်ဖြာသာသနာကို တည်တံ့ပြန့်ပွားအောင်၊ ထွန်းလင်းဝေစည်အောင် ကြိုးပမ်းဆောင်ရွက်တော်မူလျက်ရှိ ကြသည့် ပြည်တွင်း/ပြည်ပမှ ဆရာတော် ကြီးများနှင့် သာသနာနွယ်ဝင် သီလရှင် ဆရာကြီးများ၊ ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးအား ပစ္စည်းလေးပါး တို့ဖြင့် ထူးခြားစွာ အားပေးချီးမြှောက် ထောက်ပံ့လှူဒါန်းလျက်ရှိကြသည့် ပြည်တွင်း/ပြည်ပမှ လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို နှစ်စဉ်မပျက် ဆက်ကပ်အပ်နှင်းချီးမြှင့်ခြင်းဖြင့် ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးကို အားပေး ထောက်ပံ့လျက်ရှိပါကြောင်း ပြောသည်။
ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်သံဃ မဟာနာယကဆရာတော်ကြီးများ၏ သြဝါဒတော်များနှင့်အညီ ဗုဒ္ဓသာသနာတော်မြတ်ကြီး ထွန်းလင်းဝေစည်အောင် စဉ်ဆက်မပြတ် ထောက်ပံ့ပူ ဇော်နိုင်ရန် အားစိုက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ထူးခြားမွန်မြတ်သော ဓမ္မပူဇာကုသိုလ်တော်အဖြစ် ဆဋ္ဌ သင်္ဂါ ယနာမူ ပိဋကတ်သုံးပုံပါဠိတော်(မြန်မာ၊ ရိုမန်) အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ကျမ်းစာအုပ်များကို ပြည်တွင်း/ ပြည်ပရှိ သာသနာ့တက္ကသိုလ်ကြီးများနှင့် ဘုန်းတော် ကြီးကျောင်းများသို့ လှူဒါန်းလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အနေဖြင့် သာသနာတော် သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေးအတွက် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ဦးဆောင်တာဝန်ယူဆောင်ရွက် နေသည့်ကာလတွင် သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းသည့် သာသနာ့ တာဝန်များကို စိတ်လက် ပေါ့ပါးစွာဖြင့် လွယ်ကူလျင်မြန်စွာ ထမ်းဆောင်တော်မူနိုင်ကြ ပါစေရန်ရည်သန်လျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက မဟာနာယက ဆရာတော်ကြီးများထံ နိုင်ငံတော်အဆင့်မော်တော်ယာဉ်များကို ဆက်ကပ်အပ်နှံ သွားမည်ဖြစ်ကြောင်းနှင့် မဟာနာယကဆရာတော်ကြီးများ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် ဗုဒ္ဓမြတ်စွာသာသ နာတော်မြတ်ကြီး၏အကျိုးကို အစဉ်သယ်ပိုး ထမ်းဆောင်နိုင်တော်မူ ကြပါစေကြောင်းဖြင့် လျှောက်ထားတင်ပြခဲ့ သည်။
#PeopleMedia