နိုင်ငံတော်အနေဖြင့် ငြိမ်းချမ်းရေးအတွက်အမြဲတမ်းတံခါးဖွင့်ထားပြီး တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နစကဒုဥက္ကဋ္ဌပြောကြား
PUBLISHED - January 24, 2024
နေပြည်တော်၊ ဇန်နဝါရီ ၂၄
နိုင်ငံတော်အနေဖြင့် ငြိမ်းချမ်းရေးအတွက် အမြဲတမ်းတံခါးဖွင့်ထားပြီး တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြော သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌသည် ယမန်နေ့တွင် ဘားအံမြို့ရှိ ဇွဲကပင်ခန်းမ၌ ကရင်ပြည် နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြော ကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌက နိုင်ငံတော်အနေဖြင့် ပြည်တွင်းမှ တွက်ရှိသော ကုန်ကြမ်း အခြေခံစားသုံးဆီ၊ ဆန်နှင့် ဆန်ကွဲ၊ ဝါ၊ ရော်ဘာ၊ လက်ဖက်၊ ကော်ဖီ၊ ကြိမ်၊ သစ်၊ ဝါး စသည်ဖြင့် ၁၀ မျိုးကို ဒေသနှင့်ကိုက်ညီမှုအလိုက် ဆောင်ရွက်ရန် သတ်မှတ်ထားကြောင်း၊ ကုန်ချော ထုတ်နိုင်ရန်မှာ ကုန်ကြမ်းသည် အဓိက လိုအပ်ချက်ဖြစ်ပြီး မိမိတို့ဒေသအလိုက် ထွက်ရှိသည့် ကုန်ကြမ်းကို အခြေခံ၍ စဉ်းစားဆောင်ရွက်ရန် လိုကြောင်း၊ ကုန်ကြမ်းမှ ကုန်ချော အဖြစ် ထုတ်လုပ်ရာတွင် One Region One Product အဖြစ် ဆောင်ရွက်၍ မိမိဒေသမှ ပြည်တွင်းဖူလုံသည်အထိ ၎င်းမှ ပြည်ပသို့ တင်ပို့နိုင်သည်အထိ ရည်မှန်းချက် ထားဆောင်ရွက်သွား ရန်လိုကြောင်း ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်အား မလွှဲမရှောင်သာ၍ ခေတ္တတာဝန်ယူနေစဉ် ကာလအတွင်း နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်အဖြစ် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ ဖော်ဆောင် ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကိုချမှတ်ထားပြီး အမျိုးသားရေးရည်မှန်းချက်အနေဖြင့်လည်း တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ချမှတ် ဖော်ဆောင်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌက MSME တွေ့ဆုံမှုများတွင် အများဆုံးတင်ပြလာသည့် လိုအပ်ချက်အဖြစ် အရင်း အနှီးအတွက် ချေးငွေလိုအပ်ချက်၊ နည်းပညာလိုအပ်ချက်၊ ကုန်ကြမ်းလိုအပ်ချက်၊ ဈေးကွက်လိုအပ်ချက်နှင့် စက်ပစ္စည်းကိရိယာ၊ မြေနေရာများ လိုအပ်ချက်များကိုတင်ပြကြသည်ကို တွေ့ရှိ ရကြောင်း၊ ၎င်းအနက် အရင်းအနှီးလိုအပ်ချက်ကို အများဆုံးတွေ့ရှိရ သဖြင့် နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၇၀ ဘီလီယံအထိ မတည် ထုတ်ပေးထားပြီးဖြစ်ကြောင်း၊ သတ်မှတ် ထားသော စံချိန် စံညွှန်းများနှင့် ကိုက်ညီမှုရှိပါက Online လျှောက်လွှာဖြင့် ရယူနိုင်ပြီး ပုဂ္ဂလိကဘဏ် ၁၆ ခုတို့ဖြင့်လည်း ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ပြောသည်။
MSME လုပ်ငန်းများ အောင်မြင်ရန် စုပေါင်းညီညာအောင်ကြောင်းဖြာ ဆိုသည့် စကားအတိုင်း ပြည်နယ်အစိုးရ၊ MSME အေဂျင်စီနှင့်လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ထို့အပြင် ဒေသ အလိုက် တည်ငြိမ်အေးချမ်းမှုသည် မရှိမဖြစ်လိုအပ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ငြိမ်းချမ်းရေးအတွက် အမြဲ တမ်းတံခါးဖွင့် ထားပါကြောင်း၊ တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါ ကြောင်း၊ MSME လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်၍ တင်သွင်းသူ (Inporter) အဖြစ်မှ တင်ပို့သူ (Exporter) ဖြစ်အောင် ကြိုးပမ်းသွားရန်လိုကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယ ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
#PeopleMedia