• Follow Us on

Home နိုင်ငံတော်၏တာဝန်ကို ပုခုံးပြောင်းထမ်းဆောင်ကြမည့်လူငယ်များ၏ ပညာရေးသည်ကောင်းမွန်အောင်မြင် သည့်ပညာရေးဖြစ်ရမည်ဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌပြောကြား

နိုင်ငံတော်၏တာဝန်ကို ပုခုံးပြောင်းထမ်းဆောင်ကြမည့်လူငယ်များ၏ ပညာရေးသည်ကောင်းမွန်အောင်မြင် သည့်ပညာရေးဖြစ်ရမည်ဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဇွန် ၁၃

 

နိုင်ငံတော်၏တာဝန်ကို ပုခုံးပြောင်းထမ်းဆောင်ကြမည့် လူငယ်များ၏ ပညာရေးသည် ကောင်းမွန်အောင်မြင် သည့် ပညာရေးဖြစ်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

 

မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၄) ကျင်းပရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန် နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ယခုနှစ်တွင်ကျင်းပမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံ (၂၀၂၄)ကို တိုင်းချစ်ပြည်ချစ်စိတ်ရှိသည့် လူငယ်များပေါ်ထွန်းလာစေရန်၊ အရည်အသွေး ပြည့် ဝသော ပညာတတ်များမွေးထုတ်ပေးနိုင်ရန်၊ ထုတ်လုပ်မှုကိုအားပေးသည့် သက်မွေးပညာများ ဖွံ့ဖြိုးတိုး တက်လာစေရန်၊ ဆရာ/ ဆရာမများ၏ အရည်အသွေးကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်ရန်၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဖွံ့ဖြိုးတိုးတက် စေရန်နှင့် အရည်အသွေးအာမခံမှုရှိသည့် ပညာရေးစနစ် ပိုမိုအားကောင်း လာစေရန် ဆို သည့် ရည်ရွယ်ချက်များဖြင့် ဒုတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောသည်။

 

ယခုကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံ(၂၀၂၄)ကို “လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး၊ ပညာရေးကို ပိုမို မြှင့်တင်ပေး”ဆိုသည့် ဦးတည်ချက်ဖြင့် ဇွန် ၂၅ ရက်မှ ၂၇ ရက်အထိ ၃ ရက်တိုင်တိုင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) တွင် ကျင်းပသွား မည်ဖြစ်ကြောင်း၊  ယခုနှစ် ပညာရေးညီလာခံတွင် ယခင်နှစ်ညီလာခံက ဖော်ထုတ်ရရှိခဲ့သည့် လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ Parallel Session များအလိုက် အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ သက်မွေး ပညာ၊ ဆရာအတတ်ပညာ နှင့်သုတေသနနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍတို့အပြင် အရည်အသွေး အာမခံမှုဆို သည့် ကဏ္ဍသစ် တစ်ခုကိုထပ်တိုးထားသည့်အတွက်  စုစုပေါင်း ကဏ္ဍ ၆ ခုရှိမည်ဖြစ်ပြီး ကဏ္ဍတစ်ခုချင်းစီ အလိုက် စာတမ်း ၆ ခုစီကို ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ ပညာရေး အဆင့်အတန်း တိုးတက်လာရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်ပေးနေသည်ကို အားလုံး အသိပင်ဖြစ်ကြောင်း၊ ကျောင်းနေအရွယ် ကလေးများအားလုံးကျောင်း တက်ရေးနှင့် KG+9 ပြီးမြောက်ရေး ဆောင်ရွက်ခြင်း၊ အခြေခံပညာနှင့် စက်မှု၊ လက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများ တိုးချဲ့ဖွင့် လှစ်ပေးခြင်း၊ Naypyitaw State Academy ဖွင့်လှစ်ပေးခြင်း၊ အုပ်ချုပ်မှုစရိတ်နှင့် ထောက်ပံ့ ငွေများချီး မြှင့်ခြင်း၊ စွမ်းရည်မြှင့်သင်တန်းများဖွင့်လှစ်စေခြင်း၊ စာတတ်မြောက် သူများ တိုးပွားလာစေရေးဆောင်ရွက်ခြင်း၊ စာဖတ်သောအလေ့အထ တိုးပွားလာ အောင်ဆောင်ရွက်ပေးနေခြင်းတို့သည် ထင်ရှားသည့် သာဓကများ ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ အားထုတ်မှုသာမက ပြည်သူအားလုံးက ပညာ၏တန်ဖိုးကို သိရှိပြီး အား ထုတ်ခြင်းကသာ နိုင်ငံ၏ပညာရေးရည်မှန်းချက်ကို အောင်မြင်စေမည် ဖြစ်ကြောင်း ပြောသည်။

 

နိုင်ငံတော်၏တာဝန်ကို ပုခုံးပြောင်းထမ်းဆောင်ကြမည့် လူငယ်များ၏ ပညာရေးသည် ကောင်းမွန်အောင်မြင် သည့် ပညာရေးဖြစ်ရမည် ဖြစ်ကြောင်း၊ ထိုသို့ အောင်မြင် ကောင်းမွန်စေရန်အတွက် ယခုကဲ့သို့ ပညာရေး ညီလာခံကြီးကို ကျင်းပဆောင်ရွက်ပေး နေခြင်းဖြစ်၍ တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် သွားကြရန်လိုကြောင်း၊ နိုင်ငံတော်အဆင့်ကျင်းပမည့် ညီလာခံကြီးဖြစ်သည် နှင့်အညီ အောင်မြင်အောင် ဝိုင်းဝန်းဆွေးနွေးအကြံပြုဆွေးနွေးကြရန်တိုက်တွန်းပြောကြားလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post