နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် လုံခြုံရေးပိုင်းဆိုင်ရာများကို ရှင်းလင်းပြောကြား သောင်းကျန်း သူများ၏ သတင်းရရှိမှုနှင့်အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လိုအပ်သလိုတုန့်ပြန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား
PUBLISHED - September 4, 2024
နေပြည်တော်၊ စက်တင်ဘာ ၄
လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လိုအပ် သလို တုန့်ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိ သူများအား တောင်ကြီးမြို့၊မြို့တော်ခန်းမ၌တွေ့ဆုံ အမှာစကားပြောကြားစဉ် ထည့်သွင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လက်ရှိအချိန်တွင် အဆိုပါ လက်နက်ကိုင်အကြမ်းဖက်သောင်း ကျန်းသူများ အနေဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်နေသည့် မြို့၊ ရွာများ၌ တပ်မတော်၏ တန်ပြန် ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏ နေအိမ်အဆောက်အဦများ၊ အရပ်ဘက်အုပ်ချုပ်မှု ဆိုင်ရာအဆောက်အဦများကို အသုံးပြုခြင်း၊ အပြစ်မဲ့ပြည် သူလူထုတို့ကို လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ရေး ယာယီနေရပ်စွန့်ခွာနေရသူများကို ပြန်လည်နေထိုင်ရန် ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်း ခြင်းများကို လုပ်ဆောင်လျက်ရှိမှု၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အဆိုပါ လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများ၏ သတင်း ရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လိုအပ် သလို တုန့်ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏အသုံးချမှုမခံ ရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန်လိုအပ်မှု၊ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် နိုင်ငံတစ်ဝန်းတည်ငြိမ် အေးချမ်းမှုများ အမြန်ဆုံးပြန်လည်ရရှိရေးအတွက် စည်းလုံးသောအင်အားဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
လုံခြုံရေးနှင့် ပတ်သက်၍ ဒေသအတွက်ကောင်းရာကောင်းကျိုးဆောင်ရွက်မည့် သူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ပြည်သူ့လုံခြုံရေးစနစ် ကိုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အဆင့်ဆင့် သတင်းပေးသည့်စနစ်ကို ဖော် ဆောင်ခြင်းအားဖြင့် ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် တည်ငြိမ်အေးချမ်းမှုကို တည် ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများတစ်ဦးချင်းနှင့် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများ လုံခြုံရေးအသိတရားဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက လုံခြုံရေးအတွက် များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် နိုင်ငံ ကောင်းအောင်ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားသည်။
#PeopleMedia