နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကိုထိပါးလာသူများ၏ အန္တရာယ်ကို ခုခံကာကွယ်နိုင်ရန်နှင့် တိုက်ခိုက်ချေမှုန်းနိုင်ရန်လိုကြောင်း တပ်ချုပ်ပြောကြား
PUBLISHED - June 17, 2024
နေပြည်တော်၊ ဇွန် ၁၇
လေ့ကျင့်ပေးထားသည့် စစ်အတတ်ပညာများကိုအသုံးချ၍ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးလာသူများ၏ အန္တရာယ်ကို ခုခံကာကွယ်နိုင်ရန်နှင့် တိုက်ခိုက်ချေမှုန်းနိုင်ရန်လို ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်သည် ယမန်နေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစု များအား တွေ့ဆုံစဉ် ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်း ဆောင်ရန် အဓိကတာဝန်ရှိပြီး ထိုသို့တာဝန်ထမ်းဆောင်နိုင်ရေးအတွက် တပ်မတော်သားတစ်ဦး ချင်းစီအလိုက် ရှိသင့်ရမည့်အရည်အချင်းများနှင့် တပ်ဖွဲ့တစ်ခုချင်းစီအလိုက် အရည်အချင်းများရှိရမည်ဖြစ်ကြောင်း၊ တပ်မ တော်(ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များအသီးသီး၌ တာဝန်ထမ်းဆောင်နေကြသည့် အရာရှိ၊ စစ်သည်များအနေ ဖြင့် ကွဲပြားခြားနားသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေရသော်လည်း အားလုံးသည်တပ်မတော်သား များပင်ဖြစ်ကြောင်း၊ ရှေ့တန်းစစ်မြေပြင်တွင် ရှေ့တန်းကျကျ တာဝန်ထမ်းဆောင်ရသည့် ခြေလျင်၊ ခြေမြန် တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ရသည်ဖြစ်စေ၊ လက်ရုံး တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ရသည်ဖြစ်စေ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နိုင်စွမ်းရှိရမည်ဖြစ်ကြောင်း ပြောသည်။
တပ်မတော်အတွင်းသို့ စတင်ဝင် ရောက်စဉ် ကတည်းကပင် အဆင့်အလိုက်ရှိသင့်ရှိထိုက်သည့် စစ်အတတ် ပညာရပ်များ ရရှိစေရေး သင်တန်းကျောင်းများမှ လေ့ကျင့်သင်ကြားပြီးဖြစ်သဖြင့် မိမိတို့သင်ကြား တတ် မြောက်ထားသည့် စစ်အတတ်ပညာရပ်များကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ လေ့ကျင့် ပေးထားသည့် စစ်အတတ်ပညာများကိုအသုံးချ၍ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးလာ သူများ၏ အန္တရာယ်ကို ခုခံကာကွယ်နိုင်ရန်နှင့် တိုက်ခိုက်ချေမှုန်းနိုင် ရန်လိုကြောင်း၊ လေ့ကျင့်ရေးတာဝန်များကို မှန်မှန်ကန်ကန်ဖြင့် အမြဲမပြတ်ဆောင်ရွက်နေမည်ဆိုပါက လက်တွေ့စစ်မြေပြင်တွင် တာဝန်ထမ်းဆောင်ရာ၌ ရည်မှန်းချက်တာဝန်များကို အောင်မြင်စွာ ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တစ်ဦးချင်း စစ်ရေး သတိရှိရန်လိုသကဲ့သို့ လက်ရုံးတပ်ဖွဲ့များအနေဖြင့် တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနချုပ်များ အလိုက် တိုက်ပွဲဝင်နိုင်ရန်အတွက် အမြဲအသင့်ရှိစေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်လိုကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်ရေးခိုင်မာမှုမှသည် တပ်ပြင်စည်းရုံးရေးကို တည် ဆောက်၍ တပ်နှင့်ပြည်သူတစ်သားတည်းဖြစ်အောင် တည်ဆောက်ထားရှိ ရန်လိုကြောင်း၊ တပ်တွင်း၊ တပ်ပြင် အင်အားများကို တည်ဆောက်၍ စုစည်းညီညွတ် သည့်အားဖြင့် မိမိတို့တာဝန်ထမ်းဆောင်နေရသည့် ဒေသ၏ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို အတူတကွ ဝိုင်းဝန်းဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ မိမိတို့၏ တာဝန်များကို မှန်မှန် ကန်ကန်ထမ်းဆောင်ပြီး ပြည်သူက လေးစားရသည့် အားကိုးရသည့် စစ်သည်များဖြစ်အောင် နေထိုင်ကြရမည်ဖြစ်ကြောင်း ပြောသည်။
မိမိတို့တပ်မတော်သားများ၏ စားသောက်နေထိုင်မှုမှအစ လူနေမှု အဆင့်အတန်းကို မြှင့်တင်ဆောင်ရွက် ပေးနိုင်ရမည်ဖြစ်ပြီး ရသင့်ရထိုက်သည့် ရပိုင်ခွင့်များအပြင် အခြားလိုအပ်ချက်များကို တတ်စွမ်းသရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဦးစီးခေါင်းဆောင်များအနေဖြင့်လည်း မိမိတို့၏ လက်အောက်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရမည်ဖြစ်ပြီး ညီညွတ်မျှတသည့် အုပ်ချုပ်မှုပုံစံရှိရမည်ဖြစ်ကြောင်း၊ တပ်မှူးကောင်းသဖွယ်စိတ်ဓာတ်၊ ဖခင်သဖွယ်စိတ်ဓာတ် ဖြင့် ကွပ်ကဲအုပ်ချုပ်ရမည် ဖြစ်ကြောင်း၊ အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များအားလုံး ညီညီညွတ်ညွတ်ဖြင့် စည်းလုံးညီညွတ်စွာနေထိုင်ကြရန်လိုပြီး နိုင်ငံတော်နှင့် တပ်မတော်မှ ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။
#PeopleMedia