• Follow Us on
Latest News

Home နိုင်ငံနဲ့ပြည်သူအတွက် ကြိုးပမ်းနေချိန် ပင်ပန်းနေသော်လည်း အပြုံးမပျက်သူ

နိုင်ငံနဲ့ပြည်သူအတွက် ကြိုးပမ်းနေချိန် ပင်ပန်းနေသော်လည်း အပြုံးမပျက်သူ

Share this post

 

အပိုင်း(၁)

ပြည်သူတွေ သောင်းသောင်းဖြဖြကြိုဆိုခဲ့တဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ အိမ်အပြန်ခရီး

 

 

မတ်လ ၉ ရက်နေ့ ညနေပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်နဲ့ ဘယ်လာရုစ် သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Gregoryevich Lukashenko ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ အိမ်ပြန်ခရီးမှာ ပြည်သူတွေသောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြတာတွေ့ရပါတယ်။

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ပြည်သူတွေကြားမှာ အရမ်းကိုစိတ်ဝင်စားပြီး ဟိုးလေးတကျော်ကျော် ဖြစ်နေတာကိုလည်း သတိထားမိပါတယ်။ ဘာကြောင့် ပြည်သူတွေက ဒီလောက်အထိ စိတ်ဝင်စား နေကြသလဲဆိုတာကို နီးစပ်ရာမေးကြည့်တဲ့အချိန်မှာတော့ ဒီခရီးစဉ်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံနဲ့ပြည်သူအတွက် ကောင်းကျိုးများစွာကို သယ်ဆောင်လာနိုင်ခဲ့လို့ အခုလိုပြည်သူတွေကြားမှာ စိတ်ဝင်စားမှု မြင့်တက် လာခဲ့တာလို့ သိလိုက်ရပါတယ်။ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး မိမိအနေနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှာ သင်တန်းတက်နေရင်း မထင်မှတ်ဘဲ ခရီးစဉ်တစ်လျှောက်လုံး လိုက်ပါခွင့်ရခဲ့ပါတယ်။ ဒါကြောင့်လည်း ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်တွေကို ကြိုဆိုတဲ့အစဉ်အလာနဲ့အညီ ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။

“ဘာသာသာသနာပြန့်ပွားရေးအတွက် အလေးထားဆောင်ရွက်ခဲ့”

ဒီခရီးစဉ်ရဲ့ ပထမဆုံးနေ့မှာ မိုင်အားဖြင့် ၄,၅၀၀ နီးပါးဝေးကွာပြီး လေယာဉ်ပျံသန်းချိန် ၁၁ နာရီ လောက် အချိန်ကြာမြင့်စွာ စီးနင်းခဲ့ရတာကြောင့် နိုင်ငံတော်အကြီးအကဲတစ်ယောက်အနေနဲ့ အသက် အရွယ်အရ ပင်ပန်းပြီး တည်းခိုမည့်နေရာမှာ ခေတ္တခဏတော့ အနားယူလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် မိမိရဲ့ထင်မြင်ချက်တွေဟာ လွဲမှားသွားခဲ့ပါတယ်။ မော်စကိုမြို့ကို ရောက်ရောက်ချင်းမှာပဲ လေဆိပ်ကနေ မြန်မာထေရဝါဒဗုဒ္ဓစင်တာကို ချက်ချင်းသွားရောက်ခဲ့ပါတယ်။ မမောမပန်းဘဲ မြန်မာထေရဝါဒ ဗုဒ္ဓစင်တာမှာ သတင်းသုံးနေတဲ့ ဆရာတော်အားဖူးမြော်ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်တွေ၊ သီတင်းသုံးနေထိုင်ရမှုနဲ့ သွားရေးလာရေး အဆင်ပြေမပြေ၊ ထေရဝါဒဗုဒ္ဓစင်တာအတွက် လိုအပ်ချက်တွေနဲ့ ရုရှားနိုင်ငံမှာ ထေရဝါဒဗုဒ္ဓသာသနာပြန့်ပွား ရေးနဲ့ပတ်သက်လို့ သာသနာပြုလုပ်ငန်းတွေ ဆောင်ရွက်နေမှုအခြေအနေတွေကို မေးမြန်းလျှောက် ထားပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါဟာ နိုင်ငံတော်အကြီးအကဲ တစ်ယောက်ရဲ့ ဘာသာရေးကိုင်းရှိုင်းမှုနဲ့ ဘာသာသာသနာပြန့်ပွားရေးအတွက် အလေးထား ဆောင်ရွက် နေတာကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။

 

မိမိရဲ့ဒီခရီးစဉ်အတွင်း အတွေ့အကြုံကို ပြန်လည်ပြောပြချင်စိတ်ပေါ်လာလို့ အခုလိုမျှဝေပေးလိုက်ရ ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ ဘယ်လာရုစ်သမ္မတနိုင်ငံ ခရီးစဉ်ဟာ မတ်လ ၃ ရက်နေ့က စတင်ခဲ့ ပါတယ်။ ဒီခရီးစဉ်တစ်လျှောက်လုံး နိုင်ငံတော်အကြီးအကဲရဲ့ နိုင်ငံနှင့်ပြည်သူအတွက် မနားမနေ ကြိုးပမ်းလုပ်ဆောင်ချက်တွေ၊ အသက်အရွယ်နှင့်မလိုက်အောင် ဖျတ်လတ်နိုးကြား တက်ကြွလန်းဆန်း နေမှုတွေနဲ့ နိုင်ငံနဲ့ပြည်သူအတွက် နေ့မအားညမနား ဆောင်ရွက်ချက်တွေ၊ နိုင်ငံတကာနဲ့ သံတမန် ဆက်ဆံရေးနယ်ပယ်မှာ ဆောင်ရွက်ပြောကြားချက်တွေကို အနီးကပ်လေ့လာဆည်းပူးခွင့်၊ သင်ယူ မှတ်သားခွင့်ရခဲ့ပါတယ်။

“နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်တွေကို ကြိုဆိုတဲ့အစဉ် အလာနဲ့အညီ ဂုဏ်ပြုကြိုဆို”

ခရီးစဉ်ကို မတ်လ ၃ ရက်နေ့ မနက် ၇ နာရီ ၃၀ မိနစ်အချိန်မှာ နေပြည်တော်လေဆိပ်မှ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ Novosibirsk မြို့သို့ စတင်ထွက်ခွာခဲ့ပါတယ်။ နေပြည်တော်နဲ့ Novosibirsk မြို့အကွာ အဝေးဟာ မိုင်ပေါင်း ၂,၇၈၀ ခန့်ရှိပြီး လေယာဉ်ပျံသန်းချိန် ၆ နာရီ ၃၀ မိနစ်လောက် ရှိပါတယ်။ Novosibirsk မြို့ကို ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ ၃၀ မိနစ်ခန့်လောက်မှာ ရောက်ရှိပြီး အဲဒီကနေတစ်ဆင့် မော်စကိုမြို့ကို ဆက်လက်ထွက်ခွာခဲ့ပါတယ်။ Novosibirsk မြို့နဲ့ မော်စကိုမြို့ရဲ့ အကွာအဝေးကလည်း မိုင်ပေါင်း ၁,၅၅၀ ခန့်ရှိပြီး လေယာဉ်ပျံသန်းချိန် ၄ နာရီ ၁၀ မိနစ်ခန့်လောက် ရှိတာ သတိပြုမိပါတယ်။ မော်စကိုမြို့ကို ဒေသစံတော်ချိန် ညနေ ၄ နာရီအချိန်မှာ ရောက်ရှိခဲ့တာ ကြောင့် နေပြည်တော်ကနေ မော်စကိုမြို့အရောက် မိုင်ပေါင်း ၄,၄၉၈ ကျော်ရှိပြီး လေယာဉ် ပျံသန်းချိန်ဟာ ၁၀ နာရီ ၄၀ မိနစ်လောက် ကြာတာတွေ့ရပါတယ်။

 

 

 

မော်စကိုမြို့ Vnukovo လေဆိပ်ကို ရောက်တဲ့အချိန်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံတော်

 

 

အဲဒီနောက် မြန်မာထေရဝါဒဗုဒ္ဓစင်တာကနေ တည်းခိုမည့်နေရာကို ညပိုင်းမှာ ရောက်ရှိခဲ့ပါ တယ်။ နိုင်ငံတော်အကြီးအကဲ တစ်ယောက်အနေနဲ့ ဒီခရီးစဉ်ဟာ တရားဝင်ချစ်ကြည်ရေးခရီးစဉ်လို့ ဆိုပေမယ့် အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါး သွားရောက်ခဲ့တာမျိုးမဟုတ်ဘဲ နိုင်ငံနဲ့ပြည်သူတွေ အတွက် အကျိုးရှိစေမယ့်ကိစ္စရပ်တွေ သယ်ပိုးနိုင်ဖို့အတွက် ကြိုးပမ်းနေတာကြောင့် ရောက်တာနဲ့ ချက်ချင်းမနားနိုင်ဘဲ နောက်တစ်နေ့ဆောင်ရွက်ရမယ့်ကိစ္စတွေ၊ မြန်မာနိုင်ငံအတွင်းမှ ကဏ္ဍပေါင်းစုံ တင်ပြချက်တွေ ပြန်လည်စိစစ်ပြီး စီမံခန့်ခွဲညွှန်ကြားမှုတွေလုပ်ရင်းနဲ့ ခရီးစဉ်အစ ပထမရက်မှာတင် ပင်ပန်းမှုတွေနဲ့ အစပျိုးကာ ဒေသစံတော်ချိန် ည ၁၀ နာရီဝန်းကျင်မှ အနားယူခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီအချိန်ကို မြန်မာနိုင်ငံကအချိန်နဲ့တွက်ကြည့်မယ်ဆိုရင် နောက်တစ်နေ့မနက် ၁ နာခွဲအချိန်ထိရောက်ရှိ ခဲ့တာဖြစ်တဲ့အတွက် လူကြီးတစ်ယောက်အနေနဲ့ အရမ်းကိုနောက်ကျတဲ့ အနားယူချိန်ပဲဖြစ်ပါတယ်။

အပိုင်း(၂) အား ဆက်လက်ဖော်ပြပါမည်။

သုတ


Share this post