• Follow Us on
Latest News

Home နိုင်ငံနဲ့ပြည်သူအတွက် ကြိုးပမ်းနေချိန် ပင်ပန်းနေသော်လည်း အပြုံးမပျက်သူ

နိုင်ငံနဲ့ပြည်သူအတွက် ကြိုးပမ်းနေချိန် ပင်ပန်းနေသော်လည်း အပြုံးမပျက်သူ

Share this post

အပိုင်း(၂)

နိုင်ငံတော်ဝန်ကြီးချုပ် ရုရှားသမ္မတ H.E. Vladimir Vladimirovich Putin နှင့် တွေ့ဆုံပြီး နိုင်ငံနဲ့ ပြည်သူအတွက် အကျိုးရှိစေမယ့် စာချုပ်တွေလက်မှတ်ရေးထိုးနိုင်ခဲ့

 

ဒီခရီးစဉ်ရဲ့ ဒုတိယနေ့(မတ်လ ၄ ရက်နေ့)မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ မော်စကိုမြို့ရှိ အညတရစစ်သည် ဂူဗိမာန်သို့ သွားရောက်ပြီး လွမ်းသူပန်းခွေချ အလေးပြုခဲ့ပါတယ်။ လွမ်းသူပန်းခွေချ အလေးပြုစဉ်အချိန်မှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သီချင်း အား တီးမှုတ်ကြပါတယ်။ အဲဒီနောက်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်မှ ဂုဏ်ပြုတပ်ဖွဲ့ရဲ့ ချီတက်အလေးပြုခြင်းကိုခံယူပြီး တာဝန်ရှိသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါတယ်။ အဲဒီလိုနှုတ်ဆက်နေစဉ်မှာလည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က မြန်မာ့တပ်မတော် စစ်သီချင်းများဖြင့် ဂုဏ်ပြုတီးမှုတ်ခဲ့ကြတာကိုကြည့်ရင် နိုင်ငံတော်အကြီးအကဲအပေါ် ရုရှားနိုင်ငံရဲ့ အလေးထားမှုနဲ့ သံတမန်ဆက်ဆံရေး ကောင်းမွန်မှုရှိတယ်ဆိုတာကို ပေါ်လွင်စေပါတယ်။

 

 

အဲဒီနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Sergey Kuzhugetovich Shoigu အား ၎င်း၏အစည်းအဝေးခန်းမမှာ သွားရောက်ပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးတက် ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုမြှင့်တင် ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် လုံခြုံရေးဖိုရမ်များ၌ မြန်မာကိုယ်စားလှယ်များ ဖိတ်ခေါ်ခြင်း ဆိုင်ရာ ကိစ္စရပ်များအား ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြပြီး လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Sergey Kuzhugetovich Shoigu အား ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့၊ စည်သူဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့ ပတယ်။ ဒါ့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ State Duma လွှတ်တော်အဆောက် အဦသို့ သွားရောက်ပြီး  ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin နဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သလို၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရအဖွဲ့ ဝန်ကြီးချုပ် H.E. Mikhail Vladimirovich Mishustim နဲ့ ရုရှားအစိုးရအဖွဲ့အိမ်တော် အစည်းအဝေးခန်းမမှာ နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီး မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအပါအဝင် အခြားကိစ္စရပ်တွေကိုပါ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် ဆက်တိုက်ဆိုသလိုပဲ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ H.E. Ms. Valentina Matviyenko နှင့် ရုရှားဖက်ဒရယ်ကောင်စီလွှတ်တော်မှာ တွေ့ဆုံဆွေးနွေးမှု တွေ ပြုလုပ်ခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးမှု အသေးစိတ်ကိုတော့ သတင်းစာတွေမှာထုတ်ပြန် ဖော်ပြထားတာကြောင့် စာရှည်နေမှာစိုးလို့ ထပ်ပြီးတော့ မပြောတော့ပါဘူး။

 

“ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် တွေ့ဆုံဆွေးနွေး”

နိုင်ငံတော်အကြီးအကဲအနေနဲ့ ခရီးစဉ်ဒုတိယနေ့ နေ့လယ်ပိုင်းမှာပဲ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ H.E. Vladimir Vladimirovich Putin နှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးမှု မှာတော့ နှစ်နိုင်ငံအကြား ပညာရေးအရည်အချင်းသတ်မှတ်ချက်နှင့် ပညာရပ်ဆိုင်ရာဘွဲ့၊ ဒီဂရီများ အပြန်အလှန်အသိအမှတ်ပြုရေးဆိုင်ရာ သဘောတူစာချုပ်၊ အကောက်အခွန်ဆိုင်ရာ ကိစ္စရပ်များ ဆိုင်ရာသဘောတူညီချက်များ၊ ကျန်းမာရေးဆိုင်ရာနားလည်မှု စာချွန်လွှာများ၊ ယဉ်ကျေးမှုနှင့် အားကစားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ခြင်းစာချွန်လွှာများ၊ အနုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရာတွင် နျူကလီးယားနှင့် ဓာတ်ရောင်ခြည်ဘေး အန္တရာယ်ကင်းရှင်းရေး စည်းမျဉ်း ဥပဒေနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဆိုင်ရာ စီးပွားရေးနှင့်နည်းပညာပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ၊ ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် ပြင်ပအာကာသစူးစမ်းလေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနှင့် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေး နှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူညီချက်စာချုပ်(မူကြမ်း)အပေါ် ဆွေးနွေးညှိနှိုင်းမှု အောင်မြင်စွာ ပြီးမြောက်ခြင်းနှင့်စပ်လျဉ်း၍ ခရီးစဉ်တွင်ပါဝင်သော နှစ်နိုင်ငံအဆင့်မြင့် အရာရှိကြီး များမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတတို့ရှေ့တွင် အသီးသီးလက်မှတ်ရေးထိုးပြီး လဲလှယ်နိုင်ခဲ့ပါတယ်။

 

 

“မအားမလပ်တဲ့ကြားက ပညာသင်ကြားနေတဲ့ သင်တန်းသားအရာရှိများအား တွေ့ဆုံဩဝါဒ စကားပြောကြား”

နိုင်ငံတော်အကြီးအကဲဟာ တိုင်းရေးပြည်ရေးအတွက် ဆွေးနွေးမှုတွေနဲ့ မအားမလပ်တဲ့ကြားက ညပိုင်းမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာသင်ကြားနေတဲ့ မြန်မာနိုင်ငံသား သင်တန်းသားအရာရှိ တွေကို တွေ့ဆုံဩဝါဒစကားပြောကြားခဲ့ပါသေးတယ်။ မအားမလပ်တဲ့ကြားက တပည့်သားသမီး တွေကို တကူးတကတွေ့ဆုံဩဝါဒပေးရုံသာမကဘူး၊ နိုင်ငံရပ်ခြားအဝေးတစ်နေရာမှာ ကျောင်းတက် နေတဲ့ ကိုယ့်သားသမီးကို လာရောက်တွေ့ဆုံတဲ့ မိဘအရင်းတစ်ယောက်လိုပဲ သားသမီးတွေစားချင်တဲ့ စားသောက်ဖွယ်ရာလက်ဆောင်တွေ တကူးတကသယ်ဆောင်ပေးခဲ့သလို မုန့်ဖိုးတွေလည်း ပေးခဲ့ ပါတယ်။

မိမိတို့လို ပြည်ပရောက်သင်တန်းသားတွေဟာ မြန်မာ့အစားအစာနဲ့ ဝေးကွာနေတာကြောင့် မုန့်ဟင်းခါး၊ ပုန်းရည်ကြီး၊ လက်ဖက် အစရှိတဲ့ မြန်မာအစားအစာတွေကို လွမ်းဆွတ်နေတာအမှန်ပဲ။ ဒီလိုမြန်မာအစားအစာတွေကို နိုင်ငံရပ်ခြားမှာ အနေကြာလာတာနဲ့အမျှ တောင့်တနေတယ်ဆိုတာ ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတိုင်း ခံစားသိရှိကြပါတယ်။ ဒီလို လူ့သဘောသဘာဝကို သိရှိ နားလည်တဲ့ နိုင်ငံတော်အကြီးအကဲက မိမိတို့သင်တန်းတက်နေတဲ့ တပည့်သားသမီးတွေအတွက် လက်ဖက်ဘူး၊ မုန့်ဟင်းခါးထုပ်၊ ပုန်းရည်ကြီး၊ ဘာလချောင်ကြော်၊ ရွှေဖီဦး၊ နန်းမြိုင်၊ မျှစ်ဘူးကအစ မိုင်ပေါင်းများစွာ ဝေးကွာတဲ့ခရီးကို တကူးတကနဲ့ အလေးထားပြီး သယ်ဆောင်လာခဲ့ပါတယ်။ ဒါဟာ မိဘကောင်းသဖွယ်စိတ်ထားရှိတဲ့ နိုင်ငံတော်အကြီးအကဲတစ်ယောက်ရဲ့ စေတနာမေတ္တာ တွေကို လက်တွေ့မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ မိမိအနေနဲ့ နိုင်ငံတော်အကြီးအကဲကို အင်မတန်မှ ကျေးဇူးတင်မိပါတယ်။ မိဘအရင်းသဖွယ် နွေးနွေးထွေးထွေး ဆက်ဆံပေးခဲ့လို့ စိတ်ထဲမှာလည်း အတိုင်းမသိဝမ်းသာကြည်နူးမိတာ အမှန်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ဘက်ပေါင်းစုံကလစ်ဟင်းမှုမရှိအောင် စီမံခန့်ခွဲပေးခဲ့တဲ့ နိုင်ငံတော်အကြီးအကဲရဲ့ စီမံခန့်ခွဲမှုပညာရပ်တွေကို လက်တွေ့ကျကျ လေ့လာ သင်ယူခွင့်ရခဲ့တာဟာ အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေ၊ ပညာရပ်တွေကို ရရှိခဲ့တာပဲဖြစ်ပါတယ်။

အဲဒါနောက် ဒေသစံတော်ချိန်ည ၉ နာရီ ကျော်တဲ့အချိန်မှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌ Mr.Ivan Polyakov နဲ့တွေ့ဆုံ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး နိုင်ငံတော် အကြီးအကဲရဲ့ ချစ်ကြည်ရေးခရီးစဉ်က ညစာဟာ ဒေသစံတော်ချိန် ည ၁၀ နာရီကျော်မှ စားခဲ့ရပါ တယ်။ ညစာစားပြီးတဲ့အချိန်မှာလည်း နောက်တစ်နေ့အစီအစဉ်နဲ့ နိုင်ငံအတွင်းက လုပ်ငန်း ဆောင်တာတင်ပြချက်တွေစိစစ်ပြီး ညွှန်ကြားဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် နိုင်ငံတော် အကြီးအကဲတစ်ယောက်ရဲ့ ချစ်ကြည်ရေးခရီးစဉ် ဒုတိယနေ့(မတ်လ ၄ ရက်နေ့)မှာလည်း အနား ယူရတဲ့ချိန်ဟာ ဒေသစံတော်ချိန် ည ၁၀ နာရီခွဲ ၁၁ နာရီ ဝန်းကျင်ဖြစ်လို့ ပထမနေ့ထက်ကို ပိုပြီးနောက်ကျမှ အနားယူခဲ့ရတာကို တွေ့ခဲ့ရပါတယ်။

အပိုင်း(၃) အား ဆက်လက်ဖော်ပြပါမည်။

သုတ


Share this post