• Follow Us on
Latest News

Home နိုင်ငံနဲ့ပြည်သူအတွက် ကြိုးပမ်းနေချိန် ပင်ပန်းနေသော်လည်း အပြုံးမပျက်သူ

နိုင်ငံနဲ့ပြည်သူအတွက် ကြိုးပမ်းနေချိန် ပင်ပန်းနေသော်လည်း အပြုံးမပျက်သူ

Share this post

အပိုင်း(၄)

ဘယ်လာရုစ်သမ္မတနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံသဘောတူစာချုပ်များလက်မှတ်ရေးထိုး

“ဘယ်လာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်(Official State Visit) ချစ်ကြည်ရေးခရီး ဆက်လက် သွားရောက်”

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေစဉ်အတွင်း ဘီလာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Gregoryevich Lukashenko ၏ ဖိတ်ကြားချက်အရ မတ်လ ၆ ရက်နေ့ နေ့လယ်ပိုင်းမှာ ဘီလာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်(Official State Visit) ချစ်ကြည်ရေး ခရီး ဆက်လက်သွားရောက်ခဲ့ပါတယ်။ စိန့်ပီတာစဘတ်မြို့မှ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒေသစံတော်ချိန်ညနေ ၄ နာရီမှာ ရောက်ရှိခဲ့ပါတယ်။ မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်တဲ့အချိန်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံတော်ဂုဏ်ပြု တပ်ဖွဲ့က နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်တွေကို ကြိုဆို တဲ့အစဉ်အလာနဲ့အညီ ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။

ထို့နောက် နိုင်ငံတော်အကြီးအကဲအနေနဲ့ မင့်စ်မြို့ The Victory Monument ရှိ လွမ်းသူပန်း ခွေချ အလေးပြုမည့် နေရာသို့သွားရောက်ပြီး လွမ်းသူပန်းခွေချ အလေးပြုခဲ့ပါတယ်။ အဲဒီနောက် ဘယ်လာရုစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Yuri Shuleiko နဲ့ နိုင်ငံခြားရေးဝန်ကြီး Mr.Maxin Ryzhenkov တို့မှ နိုင်ငံတော်အကြီးအကဲအား လာရောက်ဂါရဝပြု တွေ့ဆုံနှုတ်ဆက်မှုအား လက်ခံ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ညပိုင်းမှာ မြန်မာ-ဘယ်လာရုစ် Bussiness Forum သို့ တက်ရောက် အမှာစကားပြောကြားပြီး ညစာအား ဒေသစံတော်ချိန်ည ၈ နာရီကျော်မှ သုံးဆောင်ခဲ့ရတာပဲ ဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အတွင်း မတ်လ ၇ ရက်နေ့ နံနက်ပိုင်းမှာ မင့်စ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး မိသားစုဝင်များနဲ့ တွေ့ဆုံဩဝါဒစကား ပြောကြားခဲ့ပါတယ်။ အဲဒီနောက် သမ္မတနန်းတော်သို့သွားရောက်ခဲ့ရာ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတက ကြိုဆိုနှုတ်ဆက်ပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကြပါတယ်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ တို့သည် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီတွေ့ဆုံဆွေးနွေးမှုမှာလည်း နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ စက်မှု၊ ပညာရေး၊ သိပ္ပံနှင့် နည်းပညာ၊ ယဉ်ကျေးမှု၊ အားကစားစသည့် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွား မည့် အခြေအနေများ၊ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာအားကောင်းလာမည့် အခြေအနေများ၊ မြန်မာ-ဘယ်လာရုစ် ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၌ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်‌ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။

နေ့လယ်ပိုင်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘယ်လာရုစ် သမ္မတနိုင်ငံ သမ္မတတို့ဟာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်မှ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတအား အဂ္ဂမဟာသရေစည်သူ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ဆုချီးမြှင့်ခြင်းအခမ်းအနား ပြုလုပ်ခဲ့ပြီး ဂုဏ်ထူး ဆောင်ဘွဲ့တံဆိပ်ချီးမြှင့်ပေးခဲ့ပါတယ်။ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရတဲ့ ဘယ်လာရုစ်နိုင်ငံ သမ္မတကလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်းနဲ့ မြတ်နိုးတန်ဖိုးထားကြောင်း ပြသခဲ့တာတွေ့ရပါတယ်။ အဲဒီနောက်မှာတော့ နှစ်နိုင်ငံသဘောတူညီမှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးခြင်းနဲ့အပြန်အလှန် လဲလှယ်ခြင်းများပြုလုပ်ခဲ့ကြပါတယ်။

 

မတ်လ ၇ ရက်နေ့ ညနေပိုင်းမှာ ဘယ်လာရုစ်သမ္မတနိုင်ငံ အစိုးရအဖွဲ့ဝန်ကြီးချုပ် Mr.Roman Alexandrovich Golovchenko နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဆက်လက်ပြီး ဘယ်လာရုစ် အမျိုးသား လွှတ်တော်သို့ သွားရောက်ခဲ့ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Mr.Igor Petrovich Sergeenko နဲ့ ဆက်လက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တိုင်းရေးပြည်ရေးအတွက် ဆွေးနွေးမှုတွေနဲ့ မအားမလပ်တဲ့ ကြားက ညပိုင်းမှာ ပညာတော်သင်ကျောင်းသားများကို မိဘသဖွယ် တကူးတကအချိန်ပေးပြီး သွားရောက်တွေ့ဆုံကာ လက်ဆောင်ပစ္စည်းတွေပေးခဲ့သလို အခက်အခဲမှန်သမျှ ဖြေရှင်းပေးခဲ့တာကို ကြည့်ခြင်းအားဖြင့် ရေခြားမြေခြားရောက်နေပေမယ့် ရနိုင်သမျှအချိန်လေးမှာပင် အပင်ပန်းခံပြီး တပည့်သားမြေးတွေကို ကြည့်ရှုစောင့်ရှောက်ပေးခဲ့တဲ့ နိုင်ငံတော်အကြီးအကဲရဲ့ မိဘသဖွယ် စိတ်ဓာတ်ကို မြင်တွေ့လိုက်ရပါတယ်။

 

မတ်လ ၈ ရက်နေ့မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တွေဟာ မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရုရှားနိုင်ငံ၊ ဆာမာရာမြို့သို့ ဆက်လက်ထွက်ခွာခဲ့ပါတယ်။ ဆာမာရာ မြို့သို့ သွားရောက်နေစဉ်အတွင်းမှာလည်း ချစ်ကြည်ရေးခရီးစဉ်တွင် အဖွဲ့ဝင်များအဖြစ် လိုက်ပါလာတဲ့ အမျိုးသမီးကိုယ်စားလှယ်အဖွဲ့ဝင်တွေကို မတ်လ ၈ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် အထူးလေယာဉ်ပေါ်မှာ ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။

 

“အာကာသနည်းပညာကို ငြိမ်းချမ်းစွာအသုံးချရေး ပူးပေါင်းဆောင်ရွက်သွား မည့်ကိစ္စရပ်များ ဆွေးနွေး”

နိုင်ငံတော်အကြီးအကဲ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ဆာမာရာမြို့ရောက်ရှိချိန်မှာ လည်း ဒေသအစိုးရအဖွဲ့အကြီးအကဲမှ ကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။ ဆာမာရာမြို့ရှိ Roscosmos အာကာသကော်ပိုရေးရှင်း၊ JSC Progress စက်ရုံသို့ သွားရောက်ခဲ့ကြပြီး JSC Progress စက်ရုံရှိ အမျိုးသမီးတွေကိုလည်း အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။ အဲဒီနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ State Space Corporation “Roscomos” ညွှန်ကြားရေးမှူးချုပ် Mr. Dmitry Bakanov နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား အာကာသနည်းပညာ ကို ငြိမ်းချမ်းစွာ အသုံးချရေးပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံနှင့် ပြည်သူအတွက်အကျိုးရှိမည့် ဂြိုဟ်တုလွှတ်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ အာကာသနည်းပညာ သင်တန်းများ တက်ရောက်နိုင်ရန်အတွက် မြန်မာနိုင်ငံမှပညာတော်သင်များ ပိုမိုစေလွှတ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့်ဆာမာရာမြို့တို့အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီး မှုများတိုးတက်အောင် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် အခြားပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။ ညနေပိုင်းမှာတော့ ဆာမာရာမြို့ကနေ နိုဗာစီဘစ်ရ်စ်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး နိုဗာစီဘစ်ရ်စ်မြို့ကို ဒေသစံတော်ချိန် ည ၁၀ နာရီကျော်မှ ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။

အပိုင်း(၅) အားဆက်လက်ဖော်ပြပါမည်။

 


Share this post