• Follow Us on
Latest News

Home နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် အွန်လိုင်းလိမ်လည်မှုများအား မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်ရေး ဆိုင်ရာကိစ္စရပ်များဆွေးနွေး

နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် အွန်လိုင်းလိမ်လည်မှုများအား မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်ရေး ဆိုင်ရာကိစ္စရပ်များဆွေးနွေး

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၆

 

ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး Mr. Wang Xiaohong ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့ ဇန်နဝါရီလ ၅ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့် တွေ့ဆုံခဲ့ကြသည်။

 

တွေ့ဆုံစဉ် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေး ဝန်ကြီး Mr. Wang Xiaohong တို့သည် မြန်မာ-တရုတ် နှစ်နိုင်ငံ (၇)ကြိမ်မြောက် တရားဥပဒေစိုးမိုးရေး နှင့်လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့် အစည်းအဝေးတွင် သဘောတူညီထားသည့် ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် အွန်လိုင်းလိမ်လည်မှုများအား နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက် ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ အပေါ်ရဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့နှင့် အတူ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။

 

#PeopleMedia


Share this post