နိုင်ငံဖြတ်ကျော် မှုခင်းကျူးလွန်သူဂိုဏ်းအဖွဲ့များ၏ ကွန်ရက်ကျယ်ပြန့်မှု၊ မှောင်ခိုဈေးကွက်ချဲ့ထွင်လာမှုများ ကြောင့် မူးယစ်ဆေးဝါးပြဿနာကိုပိုမိုရှုပ်ထွေးလာစေကြောင်း ပြည်ထဲရေးဝန်ကြီး ပြောကြား
PUBLISHED - August 14, 2023
နေပြည်တော်၊ ဩဂုတ် ၁၄
နိုင်ငံဖြတ်ကျော်မှုခင်းကျူးလွန်သူ ဂိုဏ်းအဖွဲ့များ၏ ကွန်ရက်ကျယ်ပြန့်မှု၊ မှောင်ခိုဈေးကွက်ချဲ့ထွင်လာမှုများ ကြောင့် မူးယစ်ဆေးဝါးပြဿနာကို ပိုမိုရှုပ်ထွေးလာစေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။
(၈) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး (8th ASEAN Ministerial Meeting on Drug Matter – AMMD) ကို ဩဂုတ် ၁၀ ရက်မှ ၁၁ ရက်အထိ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့ဝင် (၆) ဦး တက်ရောက်ခဲ့သည်။
(၈) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ များနှင့် အာဆီယံအတွင်းရေးမှူးရုံးတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး လာအိုနိုင်ငံ၊ ဒုတိယဝန်ကြီး ချုပ်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး H.E. Pol.Gen. Vilay Lakhamfong က အဖွင့်အမှာစကားပြော ကြား၍ အစည်းအဝေးကို ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ကမ္ဘာပေါ်ရှိနိုင်ငံအများစု၌ လူလုပ်မူးယစ်ဆေးဝါး(Synthetic Drug) ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများ သည် အဓိကခြိမ်းခြောက်လျက်ရှိသည့် ပြဿနာဖြစ်ကြောင်း၊ နိုင်ငံဖြတ်ကျော်မှုခင်းကျူးလွန်သူ ဂိုဏ်းအဖွဲ့များ ၏ ကွန်ရက်ကျယ်ပြန့်မှု၊ မှောင်ခိုဈေးကွက်ချဲ့ထွင်လာမှုများကြောင့် မူးယစ်ဆေးဝါးပြဿနာကို ပိုမိုရှုပ်ထွေးလာ စေကြောင်း၊ မူးယစ်ဆေးဝါးမှုခင်းများနှင့် ဆက်နွယ်နေသည့် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက် မှုစသည့် မှုခင်းများကို အထောက်အပံ့ဖြစ်စေပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်နေသော စိန် ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေကြောင်း ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့ အစည်းများ၊ ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းဆောင်ရွက်ရာတွင် နိုင်ငံတစ်နိုင်ငံတည်း ဆောင်ရွက်၍မရနိုင်သဖြင့် နိုင်ငံ အားလုံး ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း နိုင်ငံ ရေးရောယှက်မှုများ ကင်းရှင်းစွာ သတင်းအချက်အလက်ဖလှယ်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွား ရန်လိုအပ်မည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဘက်ပေါင်း စုံမှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားသည်။
အစည်းအဝေး၌ အာဆီယံကိုယ်စားလှယ်ခေါင်းဆောင်များက (၆၇)ကြိမ်မြောက် ကုလသမဂ္ဂမူးယစ်ဆေးဝါး ကော်မရှင်(CND)အစည်းအဝေးတွင် ထုတ်ပြန်ကြေညာမည့် အာဆီယံပူးတွဲကြေညာချက်နှင့်ပတ်သက်၍ ဆွေးနွေးမှုများ၊ အာဆီယံ၏ လတ်တလောမူးယစ်ဆေးဝါးအခြေအနေများ၊ (၄၄)ကြိမ်မြောက် အာဆီယံ မူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ အစီ ရင်ခံစာနှင့် နောက်ဆက်တွဲဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ဘေးကင်းလုံခြုံသော လူမှုအဖွဲ့ဖြစ်စေရေး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အာဆီယံလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅)နှင့်ပတ်သက်၍ ပြန်လည်သုံးသပ် ခြင်းဆိုင်ရာကိစ္စရပ်များ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများတွင် ရှေ့ဆက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
#PeopleMedia