• Follow Us on

Home နိုင်ငံရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများကို နိုင်ငံရေးယဉ်ကျေးမှုအနေဖြင့်သာ ဖြေရှင်းဆောင်ရွက်နိုင် ကြသော်လည်း ပညာတတ်နည်းပါးသည့်နိုင်ငံများတွင် ပဋိပက္ခများဖြစ်ပေါ်နေမည်ပင်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား

နိုင်ငံရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများကို နိုင်ငံရေးယဉ်ကျေးမှုအနေဖြင့်သာ ဖြေရှင်းဆောင်ရွက်နိုင် ကြသော်လည်း ပညာတတ်နည်းပါးသည့်နိုင်ငံများတွင် ပဋိပက္ခများဖြစ်ပေါ်နေမည်ပင်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊  မေ ၁၀

 

နိုင်ငံရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများကို နိုင်ငံရေးယဉ်ကျေးမှုအနေဖြင့်သာ ဖြေရှင်းဆောင်ရွက်နိုင် ကြသော်လည်း ပညာတတ်နည်းပါးသည့်နိုင်ငံများတွင် ပဋိပက္ခများဖြစ်ပေါ်နေမည်ပင်ဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

နေပြည်တော် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင်နေပြည်တော်၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက် သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက  မိမိတို့နိုင်ငံတွင် ပညာနှင့်ပတ်သက်၍ လိုအပ်ချက်များ ရှိနေခြင်း ကြောင့် ပညာဗဟုသုတပြည့်စုံကြွယ်ဝရေး အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်နိုင်သည့် စာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင် ရေးကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စာကြည့်တိုက်များ တိုးချဲ့ဖွင့်လှစ်ပြီး စာကြည့်တိုက်များ၏ လုပ်ငန်းရပ်များ ပိုမိုတိုးတက်လာစေရန် ဧပြီလမှစတင်၍ လှူဒါန်းဆောင် ရွက်ခဲ့ကြောင်း၊ ယနေ့အခမ်းအနားသည် တတိယအကြိမ်မြောက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောသည်။

 

စာပေ တတ်မြောက်မှု မရှိခြင်းသည် လူတစ်ဦးချင်းစီ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက် အခက်အခဲများ ကြုံတွေ့နိုင် ကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းကောက်ယူမှု စာရင်းများအရ စာတတ်မြောက်မှုရာခိုင်နှုန်းအရ ပျမ်းမျှအားဖြင့် ၉၂ ရာခိုင်နှုန်းခန့်သည် စာတတ်မြောက်မှုရှိသည်ကိုတွေ့ ရကြောင်း၊ သို့သော် အများစုအနေဖြင့် မူလတန်း ပညာကိုသာတတ်မြောက်ကြခြင်းဖြစ်ပြီး ကျောင်းနေ အရွယ်ကို ကျော်လွန်သွားပြီဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့အနေဖြင့် လူမှုအသိုင်းအဝိုင်းအတွင်း အသိပညာ၊ အတတ်ပညာများ ရရှိအောင်ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အမျိုးသားရေးရည်မှန်းချက် အောင်မြင်စေရန် ဖွံ့ဖြိုးတိုးတက်သည့် လူ့ဘောင်အသိုင်းအဝိုင်း၊ သာယာဝပြောသည့် အသိုက်အဝန်းနှင့် မြန်မာနိုင်ငံကို ကမ္ဘာနှင့်ယှဉ်ပြိုင်နိုင်သည့်လူ့ဘောင်တည်ဆောက်နိုင်ရန်အတွက် အသိပညာ၊ အတတ် ပညာကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများ မဖြစ်မနေလိုအပ်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ပညာတတ်များမွေးထုတ်ပေးရန် လိုကြောင်း၊ နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များပေါကြွယ်ဝရန် လိုအပ်ကြောင်း၊ ကမ္ဘာပေါ် ရှိဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတိုင်းသည် ပညာရေးကိုအားပေးဆောင်ရွက် လျက်ရှိကြောင်း၊ ပညာတတ်ပေါ ကြွယ်ဝသည့် နိုင်ငံများသည် အသိပညာကြွယ်ဝကြ သဖြင့် မည်သည့်နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ တည်တည်ငြိမ်ငြိမ်ဖြင့် ဆောင်ရွက်နိုင်သည်ကိုတွေ့ရကြောင်း၊ နိုင်ငံရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှု များကို နိုင်ငံရေးယဉ်ကျေးမှုအနေဖြင့်သာ ဖြေရှင်းဆောင်ရွက်နိုင်ကြသော်လည်း ပညာတတ် နည်းပါးသည့် နိုင်ငံများတွင် ပဋိပက္ခများဖြစ်ပေါ်နေမည်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာတတ်များပေါကြွယ်ဝစေရေးအတွက် လူတိုင်းစာတတ်မြောက်ရေးကို ဆောင်ရွက်ပြီး ထိုမှတစ်ဆင့် ပညာတတ်များပေါကြွယ်ဝရေးကို ဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း ပြောသည်။

 

မိမိတို့နိုင်ငံအနေဖြင့် ပညာရည်မြှင့်တင်ရေးလှုပ်ရှားမှုများကို မဖြစ်မနေအားပေး မြှင့်တင်ရန်လိုအပ်သောကြောင့် ပြည်ထောင်စုနယ်မြေနေပြည်တော်မှ အစပြု၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် “စာကြည့်တိုက်များဖွံ့ဖြိုးတိုး တက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှု” များကိုဆောင်ရွက်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ စာဖတ်ရှိန်မြှင့်တင်မှုနှင့်ပတ်သက်၍ အွန်လိုင်းမီဒီယာများ၌ စာပေဖတ်ရှုနိုင်သည်ဖြစ်သော်လည်း အဆိပ် အတောက်သတင်းအချက်အလက်များ လွှမ်းမိုးနေသည် ဖြစ်၍ မိမိဘဝကိုအကျိုးရှိစေမည့် စာပေများကိုသာ ရွေးချယ်ဖတ်ရှုလေ့လာရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

ထို့နောက် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စာကြည့်တိုက် ၄ တိုက် ပြန်လည်ပြင်ဆင်ဖွင့်လှစ်နိုင် ရန်အတွက် ငွေကျပ်သိန်း ၂၀၀ နှင့် စာကြည့်တိုက် ၃ တိုက် အသစ်တည်ဆောက်ဖွင့်လှစ်နိုင်ရန်အတွက် ငွေ ကျပ်သိန်း ၄၅၀ ၊ စုစုပေါင်း ငွေကျပ်သိန်း ၆၅၀နှင့် ပြည်သူများစာပေဖတ်ရှုလေ့လာနိုင်ရန်အတွက် စာအုပ်စာ စောင် ၃၀၀၀ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ထောက်ပံ့ပေးအပ်ခဲ့သည်။

 

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အခမ်းအနားတွင် စာကြည့်တိုက် များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စာကြည့်တိုက်အဆောက်အဦများ လှူဒါန်းမှုစုစုပေါင်းအနေဖြင့် စာကြည့်တိုက် ၁၄၇ တိုက်အတွက် ငွေကျပ်သိန်းပေါင်း ၂၂၀၅၀ နှင့် စာအုပ်စာစောင် စုစုပေါင်း ၇၀၇၈၀ ဖြစ်ကြောင်း သိရ သည်။

 

#PeopleMedia


Share this post