• Follow Us on
Latest News

Home နိုင်ငံရေးပါတီခေါင်းဆောင်များရွေးချယ်ရာတွင် ပါတီတွင်းဒီမိုကရေစီစနစ်ဖြင့် အများဆန္ဒနှင့်အညီ ရွေးချယ် တင်မြှောက်ပါက ပိုမိုသင့်တော်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား

နိုင်ငံရေးပါတီခေါင်းဆောင်များရွေးချယ်ရာတွင် ပါတီတွင်းဒီမိုကရေစီစနစ်ဖြင့် အများဆန္ဒနှင့်အညီ ရွေးချယ် တင်မြှောက်ပါက ပိုမိုသင့်တော်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၇

 

နိုင်ငံရေးပါတီခေါင်းဆောင်များ၊ အဖွဲ့ဝင်များ၊ အလုပ်အမှုဆောင်များ ရွေးချယ်ရာတွင်လည်း ပါတီတွင်းဒီမို ကရေစီစနစ်ဖြင့် အများဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ပါက ပိုမိုသင့်တော်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့က ပြုလုပ်ခဲ့သည့် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင် ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတစ်နိုင်ငံတွင် အခြေခံဥပဒေသည် နိုင်ငံတော်၏ အမြင့်ဆုံး ဥပဒေဖြစ်ပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် အာမခံချက်တစ်ခုဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကျော်လွန်ဆောင်ရွက်၍မရကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)ကို အခြေခံပြီး ဆောင်ရွက် ခြင်းဖြစ်သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေးစား လိုက်နာ သည့်နိုင်ငံရေးပါတီများသာ ရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)ကိုအခြေခံ၍ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲရလဒ်များကို နိုင်ငံတကာအနေဖြင့် အသိအမှတ်ပြုခဲ့ကြောင်း၊ ထိုသို့ အသိအမှတ်ပြုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ တက် လာသည့် အစိုးရကိုအသိအမှတ်ပြုခြင်း၊ တစ်နည်းအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ကို အသိ အမှတ်ပြုခြင်းပင်ဖြစ်ကြောင်း ပြောသည်။

 

၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်း မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ရွေးကောက်ပွဲမကျင်းပမီ နိုင်ငံရေးပါတီများအနေဖြင့် မိမိထံ လာရောက်တွေ့ဆုံ၍ မဲဆွယ်စည်းရုံးမှုများနှင့် ပတ်သက်ပြီး ညီမျှမှုမရှိ သည်ကိုအသိ ပေးပြောကြားခဲ့ကြောင်း၊ မိမိအနေဖြင့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး အကြိမ်ကြိမ်ပြောကြားခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ရွေး ကောက်ပွဲ၌ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆန္ဒမဲပေးနိုင်ရေးကြိုတင် ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး ဆန္ဒမဲပေး မှုများကို အလေးထားဆောင်ရွက်ခဲ့ကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် တိုင်းပြည် အတွက် နိုင်ငံရေး အဆုံးအဖြတ်ပေးသည့်ကိစ္စရပ်ဖြစ်သဖြင့် အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံရေးပါတီများဖွဲ့စည်းမှုနှင့်ပတ်သက်၍ စနစ်တကျမှန်မှန် ကန်ကန်ဖြစ်ရန်လိုကြောင်း၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်နှင့် ကိုက်ညီရန်လို ကြောင်း၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ အဖွဲ့ဝင်များ၊ အလုပ်အမှုဆောင်များ ရွေးချယ်ရာတွင်လည်း ပါတီတွင်းဒီမိုကရေစီစနစ်ဖြင့် အများဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ပါက ပိုမိုသင့်တော်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ရွေးကောက်ပွဲမပြုလုပ်မီ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေး နွေးသွားရန် ရှိကြောင်း၊ ထိုသို့တွေ့ဆုံရာတွင် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များသည် ပါတီတွင်းဒီမိုကရေစီစနစ်ဖြင့် ပါတီကိုကိုယ်စားပြုသူများဖြစ်လျှင် အဓိပ္ပါယ်ပြည့်ဝမည်ဖြစ်ကြောင်း၊ သို့မှသာ မိမိတို့နိုင်ငံ၏ အရေးကြီးလိုအပ်ချက်ဖြစ် သော လုပ်ငန်းစဉ်များကို ဖော်ဆောင်ရာ၌ ခိုင်မာသော ကိုယ်စားပြု မှုနှင့် ရေရှည်အာမခံချက်များရှိလာမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့်ချမှတ်ထားသော အမျိုးသားရေး ရည်မှန်းချက်များနှင့် နိုင်ငံရေးရည်မှန်းချက်များအတိုင်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post