• Follow Us on
Latest News

Home နိုင်ငံရေးလောကထဲဝင်ရောက်လာတဲ့အတွက် အီလွန်မတ်ချမ်းသာကြွယ်ဝမှု ဒေါ်လာ ဘီလျံ ၄၀၀ အောက်ကို ကျဆင်း

နိုင်ငံရေးလောကထဲဝင်ရောက်လာတဲ့အတွက် အီလွန်မတ်ချမ်းသာကြွယ်ဝမှု ဒေါ်လာ ဘီလျံ ၄၀၀ အောက်ကို ကျဆင်း

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၇

 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ချမ်းသာကြွယ်ဝမှု ဒေါ်လာ ၄၆၈ ဘီလျံကျော်ရှိခဲ့တဲ့ ကမ္ဘာကျော်သူဌေးကြီး အီလွန်မတ်ဟာ ၂၀၂၅ ခုနှစ်မှာ ပထမဦးဆုံးအကြိမ်အဖြစ် ချမ်းသာကြွယ်ဝမှု ဒေါ်လာ ဘီလျံ ၄၀၀ အောက်ကို ကျဆင်းသွားပါတယ်။

 

အီလွန်မတ်ရဲ့ချမ်းသာကြွယ်ဝမှု ၆၀% ဝန်းကျင်ဟာ Tesla ကုမ္ပဏီရဲ့ အစုရှယ်ယာတွေကနေ ဝင်ရောက်လာတာဖြစ် တယ်လို့ ဆိုပါတယ်။ အီလွန်မတ်ဟာ နိုင်ငံရေးလောကထဲ ဝင်ရောက်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ အမြင့်ဆုံးဖြစ်ခဲ့တဲ့ Tesla ကုမ္ပဏီရဲ့ အစုရှယ်ယာဈေးနှုန်းတွေဟာ ၂၇% အထိ ထိုးကျသွားခဲ့ပါတယ်။

 

Tesla ကုမ္ပဏီရဲ့ အစုရှယ်ယာဈေးနှုန်း နှစ်ဆထိုးကျသွားခဲ့တဲ့အတွက် နှစ်လမပြည့်ခင်အတွင်းမှာ အီလွန်မတ်ဟာ ဒေါ် လာ ဘီလျံ ၉၀ နီးပါး ဆုံးရှုံးခဲ့ရပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ် အခုလို ချမ်းသာကြွယ်ဝမှု ဒေါ်ဘာဘီလျံ ၄၀၀ အောက်ကို ကျရောက်သွားခဲ့တာဖြစ်ပါတယ်။

 

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တုန်းက အစုရှယ်ယာဈေးနှုန်းတွေ အမြင့်ဆုံး ထိုးတက်သွားတဲ့အချိန်မှာ အီလွန်မတ်ရဲ့ ချမ်းသာကြွယ်ဝမှုဟာ ဒေါ်လာ ၄၈၆.၄ ဘီလျံအထိ မြင့်တက်သွားရာ အလွန်အံ့အားသင့်စရာ ချမ်းသာကြွယ်ဝမှုလို့ ဆို ပါတယ်။

 

ဒါပေမဲ့ နှစ်လမပြည့်ခင်မှာပဲ Tesla မော်တေ်ာကားကုမ္ပဏီရဲ့ ရှယ်ယာဈေးနှုန်းတွေ အခုလို ဆိုးဆိုးရွားရွား ထိုးကျသွားခဲ့ တာဖြစ်ပါတယ်။

 

Tesla ကုမ္ပဏီဟာ ပြိုင်ဘက်တရုတ်နိုင်ငံထုတ် ဈေးနှုန်းသင့်တင့်တဲ့ BYD လျှပ်စစ်ကားတွေနဲ့ ယှဉ်ပြိုင်နေစဉ်အတွင်းမှာ ၂၀၂၃ ခုနှစ်ရောင်းအားထက် ၂၀၂၄ ခုနှစ်မှာ ကားအစီးရေ ၂၀,၀၀၀ အောက် လျော့နည်းရောင်းချခဲ့ရတယ်လို့ဆိုပါ တယ်။

 

“၂၀၂၅ ခုနှစ်မှာ Tesla ကုမ္ပဏီရင်ဆိုင်ရမယ့် စိန်ခေါ်မှုက နည်းပညာမဟုတ်ပါဘူး။ အတွေးအခေါ် ယုံကြည်ချက်ပါ။ အီလွန်မတ်ရဲ့ နိုင်ငံရေးအကျိုးဆက်တွေက လက်ရှိအချိန်မှာ သူ့ရဲ့ထုတ်ကုန်အရောင်းတွေ၊ အမှတ်တံဆိပ်သစ္စာရှိမှုတွေ နဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုတွေကို ထိခိုက်နေပါတယ်။” လို့ Saxo Bank က ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နံှမှု မ ဟာဗျူဟာအဖွဲ့ ခေါင်းဆောင် ဂျက်ကော့ဖားလ်ကန်ခရုန်းက ပြောပါတယ်။

 

အီလွန်မတ် နိုင်ငံရေးလောကထဲဝင်ရောက်မှုက Tesla ကုမ္ပဏီအတွက် ရလဒ်ဆိုးတွေ ယူဆောင်လာနိုင်တယ်ဆိုတာ သဘောတူညီကြောင်း Stifel ကော်ပိုရေးရှင်းက ဆန်းစစ်လေ့လာရေးပညာရှင် စတီဖင်ဂျင်ဂါရိုက ပြောပါတယ်။

 

အစိုးရအဖွဲ့ အရည်အသွေးမြှင့်တင်ရေးအဖွဲ့ (DOGE) ဟာ မကြာသေးခင်က အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ထိပ်ဆုံးက ဦးဆောင်လုပ်နေတာကြောင့် Tesla ကုမ္ပဏီ CEO အီလွန်မတ်ရဲ့ ရွေးချယ်မှုတွေဟာ နိုင်ငံရေးဆက်သွယ်မှု လမ်းကြောင်းတစ်လျှောက်မှာ ပိုမိုဆိုးရွားတဲ့ အလှည့်အပြောင်းတစ်ခုဆီကို ဆိုက်ရောက်သွားခဲ့ပြီဖြစ်ကြောင်း စတီဖင် ဂျင်ဂါရိုက ပြောပါတယ်။

 

Tesla ကုမ္ပဏီ ရှယ်ယာဈေးနှုန်းတွေ ကျဆင်းသွားပြီး ချမ်းသာကြွယ်ဝမှု ဒေါ်လာဘီလျံ ၄၀၀ အောက်ကို ရောက်သွားပေ မဲ့ Forbes ရဲ့ဆန်းစစ်လေ့လာမှုအရ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ဒေါ်လာ ၃၉၁ ဘီလျံ ချမ်းသာကြွယ်ဝနေ သေးတဲ့ အီလွန်မတ်ဟာ ဒေါ်လာ ၂၅၄ ဘီလျံ ဝန်းကျင်ချမ်းသာတဲ့ မက်ဇူကာဘက်ထက် ဒေါ်လာ ၁၃၇ ဘီလျံ ကျော် ချမ်းသာနေသေးတယ်လို့ ဆိုပါတယ်။

 

Ref: Elon Musk’s net worth falls below $400 billion for the first time this year after Tesla’s 27% stock avalanche: Fortune.com

 

#PeopleMedia


Share this post