• Follow Us on

Home နိုင်ငံရေးလေ့လာသူ ဧည့်သည်ဒီမိုကရေစီအဖွဲ့ဝင်အဖြစ် ပီတာ ဟားဗတ်တက္ကသိုလ်သွားရောက်မည်

နိုင်ငံရေးလေ့လာသူ ဧည့်သည်ဒီမိုကရေစီအဖွဲ့ဝင်အဖြစ် ပီတာ ဟားဗတ်တက္ကသိုလ်သွားရောက်မည်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၂

 

ထိုင်းနိုင်ငံမှာ ဖျက်သိမ်းခံလိုက်ရတဲ့ Move Forward ပါတီခေါင်းဆောင်ဟောင်းနဲ့ ဝန်ကြီးချုပ်လောင်းဖြစ်သူ ပီတာလင်းဂျားရင်းနတ်က ၎င်းအနေနဲ့ အမေရိကန်ပြည်ထောင်စု ဟားဗတ်တက္ကသိုလ်ကို နိုင်ငံရေးလေ့လာသူ အဖြစ်နဲ့ သွားရောက်တော့မှာဖြစ်ကြောင်း သြဂုတ်လ ၂၀ ရက်နေ့က Medium ဝက်ဆိုက်မှာတင်ထားပါတယ်။

 

ဘုရင်စနစ်ကို ထိခိုက်အောင်ဆောင်ရွက်ခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက Move Forward ပါတီကို ဖျက်သိမ်းလိုက်သလို ပီတာအပါအဝင် အမှုဆောင် ၁၁ ဦးကိုလည်း နိုင်ငံရေးလုပ်ကိုင်ခွင့် ၁၁ နှစ် ပိတ်ပင်ခဲ့ပါတယ်။

 

၎င်းရဲ့နောက်ထပ်စာမျက်နှာက ဟားဗတ်တက္ကသိုလ်မှာ ဧည့်ဒီမိုကရေစီအသင်းဝင် (Visiting Democracy Fellow) အဖြစ် စတင်မှာဖြစ်ကြောင်း ပီတာက ပြောပါတယ်။

 

အာဆီယံဒေသတွင်း ခေါင်းဆောင်မှုအခန်းကဏ္ဍနဲ့ ဒီမိုကရေစီမူဝါဒတွေကို မြှင့်တင်ဖို့ ၎င်းရဲ့ကတိကဝတ်တွေ ကို ထပ်မံအားဖြည့်နိုင်ဖို့အတွက် ရရှိခဲ့တဲ့ ဒီအခွင့်အလမ်းနဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားမိကြောင်း ၎င်းက ပြောပါ တယ်။

 

“ဟားဗတ်တက္ကသိုလ်မှာ ပညာသင်ယူခဲ့စဉ်က တက္ကသိုလ်ရဲ့ ဧည့်သည်အဖွဲ့ဝင်တွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ တဲ့ ခေါင်းဆောင်ဟောင်းလေးငါးဦးက ကျွန်တော့်အပေါ် အကြီးအကျယ် သြဇာလွှမ်းမိုးခဲ့တဲ့အတွက် အခုတစ် ကြိမ် ဟားဗတ်တက္ကသိုလ်ကို ပြန်လာရတာ ကျွန်တော့်အတွက် အင်မတန်မှကို အဓိပ္ပါယ်ရှိလှတဲ့ ပြန်လည် ရောက်ရှိမှုဖြစ်ပါတယ်။ သူတို့ဟာ သူတို့နိုင်ငံတွေကို ပြုပြင်ပြောင်းလဲရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ကြသ လို ဘော်စတွန်မှာနေထိုင်ပြီး လူမျိုးမခွဲခြားဘဲ ခေါင်းဆောင်သစ်တွေ ပြုစုပျိုးထောင်ခဲ့ကြပါတယ်။” လို့ ၎င်းက ရေးသားခဲ့ပါတယ်။

 

ဟားဗတ်တက္ကသိုလ်မှာရှိနေစဉ်အတွင်း ရည်ရွယ်ချက်နှစ်ခုနဲ့ အလုပ်လုပ်သွားမှာဖြစ်ကြောင်း ပီတာက ပြောပါ တယ်။

 

ပထမတစ်ခုက ပြန်လည်မျှဝေဖို့ဖြစ်ပြီး ခေါင်းဆောင်မှု၊ နိုင်ငံရေးရုန်းကန်လှုပ်ရှားမှု၊ ဒီမိုကရေစီစနစ်များ၊ အစိုးရ မူဝါဒတို့နဲ့ ပတ်သက်တဲ့ ၎င်းရဲ့အတွေ့အကြုံတွေကို ပြန်လည်မျှဝေသွားမှာဖြစ်သလို ဟားဗတ်တက္ကသိုလ်မှာ တက်နေတဲ့ ထိုင်းကျောင်းသားတွေတင်မကဘဲ အာဆီယံဒေသက လူငယ်တွေနဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။

 

နောက်တစ်ခုက သင်ယူလေ့လာဖို့ဖြစ်ပြီး ထိုင်းနိုင်ငံထဲက ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် ၎င်း ရဲ့အရည်အသွေးတွေကို မြှင့်တင်ဖို့ ပညာဗဟုသုတတွေကို စုဆောင်းရှာဖွေသွားမှာဖြစ်ပါတယ်။

 

၎င်းရဲ့နိုင်ငံရေးလုပ်ကိုင်ခွင့်ကို ရပ်တန့်ထားစဉ်အတွင်း ၎င်းနိုင်ငံရေးလုပ်ခဲ့တဲ့ကာလက အတွေ့အကြုံတွေနဲ့ ရင် ဆိုင်ခဲ့ရတဲ့စိန်ခေါ်မှုတွေကို အလေးအနက် ပြန်လည်စဉ်းစားသုံးသပ်နိုင်ရေးအတွက် ဒီအခွင့်အလမ်းကို အသုံးချ သွားဖို့ အပြည့်အဝ သံန္နိဋ္ဌာန်ချထားကြောင်း ပီတာက ပြောပါတယ်။

 

ဟားဗတ်တက္ကသိုလ်မှာ ၎င်းလုပ်ရမယ့်အလုပ်တွေမှာ အချိန်တန်တဲ့အခါ အရည်အချင်းပိုမိုပြည့်ဝတဲ့ နိုင်ငံရေး ခေါင်းဆောင်တစ်ယောက်အဖြစ် အိမ်ပြန်နိုင်ဖို့အတွက် နိုင်ငံရေးအတွေးအမြင်ဗဟုသုတတွေ အပြန်အလှန်ဖ လှယ်ရေးနဲ့ နိုင်ငံတကာခေါင်းဆောင်တွေနဲ့ တွေ့ဆုံရေးတို့ ပါဝင်ကြောင်း ၎င်းက ပြောပါတယ်။

 

“ကျွန်တော့်ဇာတိမြို့နဲ့ အကြာကြီးခွဲမနေဘဲ ဘန်ကောက်နဲ့ ဘော်စတွန်ကို လတိုင်းနီးပါး ခရီးသွားနေမှာဖြစ်ပါ တယ်။ ထိုင်းနိုင်ငံနဲ့ အာဆီယံဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်တော်လက်ရှိဆောင်ရွက်နေတဲ့ ကြိုးပမ်းမှု တွေအ တွက် ဟားဗတ်တက္ကသိုလ်က ရရှိလာတဲ့ ပညာဉာဏ်နဲ့ မဟာဗျူဟာတွေကို အသုံးပြုဖို့ ဒီနည်းလမ်းက ကျွန် တော့်ကို အထောက်အကူပြုသွားမှာဖြစ်ပါတယ်။ ဒီအခွင့်လမ်းနဲ့ ကျွန်တော်ရရှိခဲ့တဲ့ ထောက်ပံ့မှုတွေအ တွက် ကျွန်တော် အလွန်ပဲကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်ခေါင်းဆောင်တွေအတွက် ပိုမို တောက်ပတဲ့ အနာဂတ်တစ်ခုဖန်တီးဖို့ အတူလက်တွဲဆောင်ရွက်ကြပါစို့။” လို့ ပီတာက ပြောပါတယ်။

 

Ref: Pita heads to Harvard as a Visiting Democracy Fellow

 

#PeopleMedia


Share this post