• Follow Us on

Home နိုင်ငံရေးသမားတွေကို ပံ့ပိုးဖို့ “ဖီယူထိုင်းပါတီအကယ်ဒမီ” ဖွဲ့စည်း

နိုင်ငံရေးသမားတွေကို ပံ့ပိုးဖို့ “ဖီယူထိုင်းပါတီအကယ်ဒမီ” ဖွဲ့စည်း

Share this post

နိုင်ငံတကာ၊ မေ ၆

 

နောက်ထပ်ကျင်းပမယ့်ရွေးကောက်ပွဲအတွက် လိုအပ်တာတွေကြိုတင်ပြင်ဆင်နိုင်ရေး ပါတီဝန်ထမ်းတွေနဲ့ နိုင်ငံရေးသမားတွေကို ပံ့ပိုးမှုနဲ့ သင်တန်းတွေထောက်ပံ့ပေးဖို့အတွက် “ဖီယူထိုင်းပါတီအကယ်ဒမီ” ကို ဖွဲ့စည်း လိုက်ကြောင်း ပါတီအထွေထွေအတွင်းရေးမှူး ဆိုရာဝုန်သီယန်သောင်က ပြောပါတယ်။

 

ဖီယူထိုင်းပါတီခေါင်းဆောင် ပေထောင်တန်ရှင်နာဝပ်ထရာရဲ့ စိတ်ကူးအတွေးကနေ ပေါ်ထွက်လာတဲ့ ဒီအကယ် ဒမီဟာ အောက်လွှတ်တော်တွင်း ပါတီဝင်အမတ်တွေရဲ့ဆောင်ရွက်ချက်တွေ မြှင့်တင်နိုင်ဖို့၊ ဝါရင့်နိုင်ငံရေးသ မားတွေနဲ့ လူငယ်လွှတ်တော်အမတ်တွေကြားက ကွာဟချက်တွေကြား တံတားထိုးဖို့နဲ့ လူထုဆက်ဆံရေးမြှင့် တင်ဖို့အတွက် ကြိုးပမ်းမှုတစ်ရပ်ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

အခုတည်ထောင်လိုက်တဲ့အကယ်ဒမီမှာ ပညာရေး၊ တန်းတူညီမျှရေး၊ ပတ်ဝန်းကျင်၊ ဆက်သွယ်ရေးနဲ့ ကိုယ် ရည်ကိုယ်သွေးလေ့ကျင့်ရေး အပါအဝင် နယ်ပယ်ပေါင်းစုံက အထူးကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ပညာရှင် တွေပါဝင်ကြောင်း ၎င်းက ပြောပါတယ်။

 

အဆိုပါပုဂ္ဂိုလ်တွေက ပါတီဝင်လွှတ်တော်အမတ်တွေကို လူထုနဲ့ ဆက်ဆံရာမှာ ကျွမ်းကျင်မှုတွေတိုးတက်လာ အောင် ကူညီသင်ကြားပေးသွားမှာဖြစ်ပါတယ်။

 

ဒါ့အပြင် ဒီအကယ်ဒမီဟာ လွှတ်တော်အမတ်တွေစိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပါတီကပံ့ပိုးပေးပြီး ပါတီဝင် လွှတ်တော်အမတ်အချင်းချင်း ဗဟုသုတအတွေးအမြင်ဖလှယ်ရာ နေရာတစ်ခုအဖြစ်လည်း တာဝန် ထမ်းဆောင်သွားမှာဖြစ်ကြောင်း မစ္စတာဆိုရာဝုန်က ပြောပါတယ်။

 

ပါတီရဲ့ စုစည်းညီညွတ်မှုကို ပြုစုပျိုးထောင်ရာမှာ အကယ်ဒမီရဲ့အခန်းကဏ္ဍအကြောင်းကို မေးမြန်းရာမှာ အဖွဲ့ ဝင်တွေဟာ ပါတီကိုဝင်ရောက်လာချိန်နဲ့ ပါတီရဲ့ယုံကြည်ချက်တွေနဲ့ မူဝါဒတွေကို သင်ကြားရာမှာ လုပ်ငန်းစဉ် စတင်ကြောင်း အတွင်းရေးမှူး ဆိုရာဝုန်က ပြောပါတယ်။

 

“အကယ်ဒမီရဲ့ အခန်းကဏ္ဍက သူတို့ရဲ့ အားသာချက်တွေကို ခွဲခြမ်းစိတ်ဖြာသွားဖို့ဖြစ်ပြီး လိုအပ်တဲ့နေရာမှာ ထောက်ပံ့မှုတွေပေးသွားဖို့ ဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

လွှတ်တော်အစည်းအဝေးတွေ ပြန်လည်ကျင်းပတဲ့အချိန်မှာ ဒီသင်တန်းကြောင့် လွှတ်တော်အမတ်တွေရဲ့လုပ် ငန်းတွေ တိုးတက်လာမှုရှိမရှိ သိရအောင် လွှတ်တော်အမတ်တွေရဲ့ဆောင်ရွက်မှုတွေကို ပါတီက ဆန်းစစ်အကဲ ဖြတ်သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

“ဖီယူထိုင်းပါတီအကယ်ဒမီကို ဇူလိုင်လအတွင်းမှာ တရားဝင်ဖွင့်လှစ်သွားဖို့ မျှော်လင့်ထားပါတယ်။” လို့ ၎င်းက ပြောပါတယ်။ အကယ်ဒမီ မိတ်ဆက်ပွဲကို သောကြာနေ့ (မေလ ၃ ရက်နေ့) က ပြုလုပ်ခဲ့ရာ ပါတီခေါင်းဆောင် ပေထောင်တန် တက်ရောက်ခဲ့ပါတယ်။

 

ဒီအကယ်ဒမီဟာ ဖီယူထိုင်းပါတီဝင်တွေရဲ့ အရည်အချင်းကို တိုးတက်လာအောင်ဆောင်ရွက်ပေးမယ့်၊ ပညာ ဗဟုသုတအဖွဲ့အစည်းတစ်ရပ်အဖြစ်တည်ဆောက်ပေးမယ့်၊ တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးမယ့် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း ပေထောင်တန်က ပြောပါတယ်။

 

“အစိုးရမူဝါဒတွေကို အကောင်အထည်ဖော်ဆောင်ရွက်နေစဉ်အတွင်းမှာပဲ ဖီယူထိုင်းပါတီကလည်း တိုင်းပြည် ရဲ့အနာဂတ်အတွက် ပါတီကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။ တိုင်းပြည်အတွက် အလုပ် လုပ်နေတယ်ဆိုတာ ခက်ခဲပြီး ဘယ်သူကမှ အသိအမှတ်မပြုတဲ့ မဆုံးနိုင်တဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

“ကျွန်မတို့အလုပ်တွေကို စိတ်ရောကိုယ်ပါ မြှုပ်နှံပြီး မဆုံးနိုင်အောင် လုပ်ကြရမှာဖြစ်ပေမဲ့ အဲဒီအလုပ်တွေကို ကျွန်မတို့ လိုလိုလားလား လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ ကျွန်မတို့ပါတီဟာ ပြောင်းလဲမှုရဲ့ကိုယ်စားအဖွဲ့အ စည်းတစ်ရပ်ဖြစ်သလို ဖွံဖြိုးတိုးတက်ရေးနဲ့ ချမ်းသာကြွယ်ဝရေးအတွက် အောင်မြင်အောင် ကြိုးစားနေတဲ့အ တွက် အခုလို လုပ်နေရတာပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Pheu Thai Academy’ to coach MPs

 

#PeopleMedia


Share this post