နိုင်ငံရဲ့မြေကို ငှားရမ်းပြီး အာဏာရအောင် မလုပ်ချင်ကြောင်း ဝန်ကြီးချုပ် ရှိတ်ဟာဆီနာပြော

PUBLISHED - May 29, 2024
နိုင်ငံတကာ၊ မေ ၂၉
နိုင်ငံရဲ့မြေကို အငှားချပြီး အာဏာရအောင်လုပ်မှာမဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောကြားလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကြားထဲက အပြင်ဘက်တစ်နေရာမှာ အရှေ့တီမောလို ခရစ်ယာန်နိုင်ငံတစ်ခု ဖန် တီးတည်ဆောက်ဖို့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုတစ်ခု ရှိနေကြောင်း ရှိတ်ဟာဆီနာက ပြောပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ စစ်အခြေစိုက်စခန်းတစ်ခုဆောက်လုပ်ဖို့ လူဖြူနိုင်ငံတစ်နိုင်ငံကလည်း အဆိုပြုခဲ့ ကြောင်း ဟာဆီနာက ပြောပေမဲ့ ဘယ်နိုင်ငံဖြစ်ကြောင်း အတိအကျ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။
ပြီးခဲ့တဲ့ကြာသပတေးနေ့ (မေလ ၂၃ ရက်နေ့) က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နေအိမ် (Ganabhaban) မှာ ဟာ ဆီနာရဲ့ အဝါမီအဖွဲ့ချုပ်ပါတီက ဦးဆောင်ကျင်းပခဲ့တဲ့ ၁၄ ပါတီညွန့်ပေါင်းအစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ၎င်းက အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။ BNP ပါတီဟာ ရွေးကောက်ပွဲတွေမဖြစ်မြောက်အောင် အားသွန်ခွန်စိုက် လျှို့ဝှက်စွာကြံစည်နေကြောင်း ဟာ ဆီနာက စွပ်စွဲပြောဆိုလိုက်ပါတယ်။
“လူဖြူနိုင်ငံတစ်နိုင်ငံက အဆိုပြုလာတဲ့အတိုင်း လေတပ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်ဖို့ ခွင့်ပြုလိုက် မယ်ဆိုရင် ဘာပြဿနာမှမရှိသလို ကျွန်မအာဏာရဖို့အတွက်လည်း ဘာအခက်အခဲမှ မရှိပါဘူး။ ဒါပေမဲ့ ကျွန် မဟာ ဘန်ဂဘန်ဒူရှိတ်မူဂျီဘာရာမန်ရဲ့ သမီးဖြစ်တယ်။ ကျွန်မတို့ဟာ အောင်ပွဲရဖို့ တိုက်ခိုက် အနိုင်ယူခဲ့ရတာ ဖြစ်တယ်ဆိုတာ ကျွန်မ ရှင်းရှင်းလင်းလင်း တုံ့ပြန်ပြောဆိုခဲ့တယ်။” လို့ ဟာဆီနာက ပြောပါတယ်။
“ကျွန်မတို့နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုခုကို အငှားချပြီးတော့ ဒါမှမဟုတ် နိုင်ငံတစ်ခုခုကို လွှဲပြောင်းပေးပြီးတော့ အာဏာရလာမယ့်ဖြစ်ရပ်မျိုး ကျွန်မမလိုချင်ပါဘူး။ ကျွန်မ အာဏာမလိုဘူး။ ပြည်သူက အာဏာရှိစေချင်ရင် ကျွန်မ အာဏာရှိလိမ့်မယ်။ ဒီလိုမှမဟုတ်ရင် ကျွန်မအာဏာယူမှာမဟုတ်ဘူး။ ဒါ လူတိုင်းသိသင့်တယ်လို့ ကျွန် မ ပြောခဲ့ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ပြည်ပနိုင်ငံတွေက အကြံအစည်တွေအကြောင်း ဟာဆီနာကပြောကြားရာမှာ “ကျွန်မ ပြည်တွင်းမှာရော ပြည်ပ မှာပါ တိုက်ခိုက်နေရတယ်။ ကျွန်မ စိန်ခေါ်မှုတွေကို လက်ခံပါတယ်။ လျှို့ဝှက်ကြံစည်မှုတွေက ဆက်လက်ရှိနေ ဆဲဖြစ်တယ်။ သူတို့တွေ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကြားထဲမှာ အရှေ့တီမောလို ခရစ်ယာန်နိုင်ငံတစ်နိုင်ငံ တည်ထောင်ပြီး ဘင်္ဂလားပင်လယ်အော်မှာ စစ်စခန်းတစ်ခုတည်ဆောက်ဖို့ ကြိုးစားပါလိမ့်မယ်။” လု့ိ ၎င်းက ပြောပါတယ်။
“ဘင်္ဂလားပင်လယ်အော်နဲ့ အိန္ဒိယသမုဒ္ဒရာဟာ ရှေးခေတ်ကာလတွေကတည်းက ကုန်သွယ်မှုနေရာတွေဖြစ်ပါ တယ်။ နိုင်ငံအများအပြားက အဲဒီဒေသကို စောင့်ကြည့်နေကြတယ်။ ကျွန်မ ခွင့်ပြုမှာမဟုတ်ပါဘူး။ ဒါဟာ ကျွန် မအတွက်တော့ ရာဇဝတ်မှုတစ်ခုလည်း ဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
“ဒီနေရာမှာ လေတပ်အခြေစိုက်စခန်းတစ်ခုလာဆောက်ထားရင် ဘယ်နိုင်ငံကို တိုက်ခိုက်မှာလဲ။ ဒီနေရာမှာ တိ တိကျကျ သတ်မှတ်ထားတဲ့နိုင်ငံမရှိဘူး။ သူတို့ တခြားဘယ်နေရာကို သွားရောက်တိုက်ခိုက်မလဲဆိုတာ ကျွန်မ သိပါတယ်။” လို့ ၎င်းက ပြောပါတယ်။
“ကျွန်မတို့ ပြဿနာတွေနဲ့ အမြဲရင်ဆိုင်နေရတယ်။ ပြဿနာတွေက ပိုပို များလာမယ့်သဘောရှိတယ်။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မအဲဒါတွေကို အာရုံမထားပါဘူး။ ကျွန်မတို့နိုင်ငံရဲ့ ပြည်သူတွေက ကျွန်မတို့ ရဲ့ ပြည့်အင်အားပါ။ ပြည်သူတွေ ကျေနပ်ရင် ကျွန်မတို့လည်း ကျေနပ်ပါတယ်။” လို့ ဟာဆီနာက ပြောပါတယ်။
Ref: ‘I do not want to come to power by leasing the country,’ says PM Hasina
#PeopleMedia