• Follow Us on

Home နိုင်ငံအတွင်းဖြစ်ပေါ်နေလျက်ရှိသည့် အကြမ်းဖက်မှုများသည် စာမတတ်သူ ၄ ဒသမ ၁ သန်း၏ နောက်ဆက် တွဲအကျိုးဆက်များကြောင့်ဖြစ်သည်ကိုတွေ့ရမည်ဟု နစကဥက္ကဋ္ဌပြောကြား

နိုင်ငံအတွင်းဖြစ်ပေါ်နေလျက်ရှိသည့် အကြမ်းဖက်မှုများသည် စာမတတ်သူ ၄ ဒသမ ၁ သန်း၏ နောက်ဆက် တွဲအကျိုးဆက်များကြောင့်ဖြစ်သည်ကိုတွေ့ရမည်ဟု နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၀

 

ယနေ နိုင်ငံအတွင်း အချို့မြို့နယ်များနှင့် နယ်စပ်ဒေသအချို့တွင် ဖြစ်ပေါ်နေလျက်ရှိသည့် အကြမ်းဖက်မှုများ သည် ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ ၁၅ နှစ်အထက် စာမတတ်သူ ၄ဒသမ ၁ သန်း၏ နောက် ဆက်တွဲ အကျိုးဆက်များကြောင့်ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

 

ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်ရင်းသားပြည်သူများစာတတ်မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌရုံးအစည်းဝေးတွင် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌက ၂၀၁၄ ခုနှစ် လူဦးရေ သန်းခေါင်စာရင်းအရ ၈၉ဒသမ၅ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ၈၉ဒသမ၁ ရာခိုင်နှုန်း အသီးသီးစာတတ်မြောက်မှု ရှိခဲ့သည်ကို ထုတ်ပြန်ထားကြောင်း၊ ၂၀၁၄ ခုနှစ်တွင် လူဦးရေ သန်းခေါင်စာရင်းအရ မူလတန်း ပညာရေးကို ဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရသည့် ကလေးပေါင်း ၂ ဒသမ ၇ သန်း ခန့်ရှိပြီး၊  အသက် ၁၅ နှစ်နှင့် အထက် စာမတတ်သူပေါင်း ၃ဒသမ၅၅ သန်းခန့် ရှိနေကြောင်းကို ထုတ်ပြန်ထားကြောင်း၊ အလားတူ ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေသန်းခေါင်စာရင်းအရ နိုင်ငံအတွင်းတွင် အသက် ၁၅ နှစ်နှင့်အထက် စာမတတ်သူပေါင်း သည် ၄ ဒသမ ၁ သန်းခန့်ရှိကြောင်း ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရှိရကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသ ကြီးအသီးသီးတွင် အမျိုးသမီး စာမတတ်မြောက်သူ ရာခိုင်နှုန်းသည် အမျိုးသားများထက် မြင့်မားကြောင်းကို တွေ့ရှိရကြောင်း ပြောသည်။

 

အေးချမ်းသော လူ့အဖွဲ့အစည်းကမ္ဘာကြီးသို့ ကူးပြောင်းဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့” ဆောင်ပုဒ်အတိုင်း  စာတတ်မြောက်ခြင်းသည်  တစ်ဦးချင်းစီ၏ အကျိုးကျေးဇူးများ ရရှိရုံသာမက မိမိတို့၏ ဒေသအတွင်း၊ နိုင်ငံတွင်း  လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုစသည့် အကျိုးကျေးဇူးများလည်း ရရှိစေရန် စွမ်းဆောင်ပေးကြောင်း ကို ထင်ရှားစေတာဖြစ်ကြောင်း၊ နိုင်ငံတော်နှင့်ပြည်သူများ ဦးတည်လျှောက်လမ်းနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နေချိန်တွင် ယင်းစနစ်ကို အကောင်အထည် ဖော်မည့် ပုဂ္ဂိုလ်များနှင့် လိုက်နာကြရမည့်ပုဂ္ဂိုလ်များသည် စာတတ်မြောက်ရန်နှင့် အတန်းပညာ တတ်မြောက် နေရန်လိုအပ်သကဲ့သို့ ဒေသခံတိုင်းရင်းသားများကလည်း မြန်မာနိုင်ငံ၏ ရုံးသုံးဘာသာစကားဖြစ်သည့် မြန်မာစာကိုလည်း တတ်မြောက်နေရန် လိုအပ်သည့်အတွက် စာတတ်မြောက်ရေးကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌက စာတတ်မြောက်မှ အများသူငှာတို့၏ မြောက်ပင့် စည်းရုံး ဆွဲ‌ဆောင်မှုတို့အပေါ် ဝေဖန်ပိုင်းခြင်းနိုင်မည်ဖြစ်ကြောင်း၊ စာတတ်မြောက်မှုမှ စာပေဖတ်ရှုလေ့လာလိုစိတ် ရှိလာမည်ဖြစ်ပြီး စာပေလေ့လာဖတ်ရှုမှလည်း မိမိကိုယ်နှင့် မိမိပတ်ဝန်းကျင်ကို ထိန်းကြောင်းနိုင် မည်ဖြစ် ကြောင်း၊ ယနေ နိုင်ငံအတွင်း အချို့ မြို့နယ်များနှင့် နယ်စပ်ဒေသအချို့တွင် ဖြစ်ပေါ်နေလျက်ရှိသည့် အကြမ်း ဖက်မှုများသည် ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ ၁၅ နှစ်အထက် စာမတတ်သူ ၄ဒသမ ၁ သန်း၏ နောက်ဆက်တွဲ အကျိုးဆက်များကြောင့်ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း ပြောသည်။

 

တစ်နိုင်ငံလုံး စာတတ်မြောက်မှု တိုးတက်လာရေးသည် ပညာရေးဝန်ကြီးဌာန တစ်ခုတည်းသာမက ဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့များက ဝိုင်းဝန်း ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပြည်သူများ စာတတ် မြောက်ခြင်း၏ အရေးပါမှုကိုသိရှိရန်၊ နားလည်နိုင်ရန် အသိပညာပေးရေး သည်လည်း အရေးကြီး သည်ကို သတိပြုရမည် ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

 

#PeopleMedia


Share this post