• Follow Us on

Home နိုင်ငံအနောက်ပိုင်းမှာ “လေယာဉ်မပျံသန်းရနယ်မြေ” တစ်ခု သတ်မှတ်ပေးဖို့ မဟာမိတ်နိုင်ငံတွေကို ယူကရိန်း တောင်းဆို

နိုင်ငံအနောက်ပိုင်းမှာ “လေယာဉ်မပျံသန်းရနယ်မြေ” တစ်ခု သတ်မှတ်ပေးဖို့ မဟာမိတ်နိုင်ငံတွေကို ယူကရိန်း တောင်းဆို

Share this post

နိုင်ငံတကာ၊ ဇွန် ၂၉

 

ရုရှားရဲ့ အဆက်မပြတ်တိုက်ခိုက်မှုကို ကာကွယ်ဖို့ လုံလောက်တဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ် တွေမရှိတဲ့ အတွက် အိမ်နီးချင်း ပိုလန်နဲ့ ရိုမေးနီးယားနိုင်ငံတို့မှာ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေ တပ်ဖြန့်ချ ထားပြီး ယူကရိန်းနိုင်ငံရဲ့အနောက်ဘက်ကို “လေယာဉ်မပျံသန်းရနယ်မြေ” တစ်ခုအဖြစ် သတ်မှတ်သွားဖို့ ယူ ကရိန်းနိုင်ငံက ဥရောပမဟာမိတ်နိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။

 

မကြာသေးခင်ကာလက ရုရှားရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ကြီးမားတဲ့ထိခိုက်ပျက်စီးမှုတွေကနေ စက်မှု လုပ်ငန်းတွေ၊ စွမ်းအင်အခြေခံအဆောက်အအုံတွေနဲ့ အရပ်သားတွေကို ကာကွယ်နိုင်ဖို့အတွက် ယူကရိန်းနိုင်ငံ အနောက်ပိုင်းမှာ ဘေးကင်းလုံခြုံတဲ့နယ်မြေတစ်ခုကို ယူကရိန်းအစိုးရက တည်ထောင်ချင်နေတာဖြစ်ပါတယ်။

 

“ပိုလန်နယ်စပ်တစ်လျှောက်မှာ နေတိုးအဖွဲ့က ပက်ထရီယော့ဒုံးကျည်တွေကို ဘာလို့ တပ်ဖြန့်ချမထားတာလဲဆို တာ ကျွန်တော်တော့ နားမလည်ဘူး။” လို့ ယူကရိန်းလွှတ်တော်အမတ် အိုလက်ဆီဂွန်ချာရန်ကိုက ပြောပါ တယ်။

 

“ဘာပဲဖြစ်ဖြစ် ရုရှားဒုံးကျည်တွေက ပိုလန်နဲ့ ရိုမေးနီးယား လေကြောင်းပိုင်နက်တွေထဲကို ဝင်ရောက်ခဲ့ပြီးဖြစ် ပါတယ်။ အဲဒီလို တပ်ဖြန့်ချထားတာဟာ ပိုလန်နဲ့ ရိုမေးနီးယားကို ကာကွယ်တာဖြစ်သလို ယူကရိန်းနိုင်ငံ အ နောက်ပိုင်းနဲ့ တောင်ပိုင်းမှာ ဘေးကင်းလုံခြုံတဲ့နယ်မြေတစ်ခု ထူထောင်တာလည်းဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဒီတောင်းဆိုမှုဟာ AFP သတင်းဌာနနဲ့ စကားပြောခဲ့တဲ့ ယူကရိန်းအရပ်သားတွေနဲ့ စစ်ဘက်ဆိုင်ရာအရာရှိတွေ သဘောထားကို ထင်ဟပ်ပေါ်လွင်စေတဲ့ တောင်းဆိုချက်ဖြစ်တယ်လို့ ဆိုပါတယ်။

 

ရုရှားတွေပစ်လွှတ်လိုက်ပြီး ယူကရိန်းကောင်းကင်ယံကို ရောက်လာတဲ့ဒုံးကျည်တွေကို မိတ်ဖက်နိုင်ငံတွေရဲ့ နယ်နိမိတ်ပိုင်နက်ထဲကနေ ကြားဖြတ်ပစ်ချတာနဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရ၊ လုံံခြုံရေးအရ၊ ကျင့်ဝတ် သိက္ခာအရ ဘယ်လိုအငြင်းပွားစရာအကြောင်းမှ မရှိဘူးလို့ ပြောချင်ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီး ဒီမီ ထရို ကူလီဘာက မေလအတွင်းက ပြောကြားခဲ့ပါတယ်။

 

လေကြောင်းရန်ကာကွယ်ရေးလက်နက်စနစ်တွေ ထပ်မံပို့ဆောင်ပေးဖို့ အနောက်အုပ်စု မဟာမိတ်နိုင်ငံတွေကို သမ္မတဗလာဒီမာဇီလန်စကီးက လပေါင်းများစွာ တောင်းဆိုခဲ့ပေမဲ့ နောက်ထပ်လက်နက်ထောက်ပံ့မှုတွေဟာ တဖြည်းဖြည်းနဲ့ မစို့မပို့သာ ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

 

ယူကရိန်းအတွက် လတ်တလောရရှိတဲ့ အောင်မြင်မှုတွေကတော့ ရိုမေးနီးယားနိုင်ငံက ပက်ထရီယော့ဒုံးလက် လက်စနစ်တစ်စုံထောက်ပံ့မယ်ဆိုတဲ့ ကတိကဝတ်နဲ့ ယူကရိန်းလက်နက်တိုက်ကို ပြန်လည်ဖြည့်တင်းဖို့အတွက် လာမယ့် ၁၆ လ အတွင်း လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေကို ဦးစားပေး ရောင်းချပေးသွားမယ်ဆိုတဲ့ အမေရိကန်ရဲ့ ကတိကဝတ်ပဲဖြစ်ပါတယ်။

 

ဒါပေမဲ့ မကြာသေးခင်ကာလအတွင်းက နိုင်ငံတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစွမ်းရည် တစ်ဝက်လောက် တိုက်ခို်က်ဖျက်ဆီးခံလိုက်ရတဲ့အတွက် ယူကရိန်းအတွက် အချိန်က အလွန်တန်ဖိုးရှိပါတယ်။

 

ရုရှားတပ်တွေဟာ ယူကရိန်း စွမ်းအင်ကွန်ရက်တွေကို အပတ်စဉ် ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပုံမှန်တိုက်ခိုက်နေ တဲ့အတွက် နေ့စဉ် လျှပ်စစ်စွမ်းအားပြတ်တောက်ပြီး တစ်နိုင်ငံလုံးနီးပါး လျှပ်စစ်မီးမရတဲ့ဒုက္ခကို တွေ့ကြုံခံစား နေရပါတယ်။

 

Ref: Kyiv Pushes Allies to Create No-Fly Zone in Western Ukraine

 

#PeopleMedia


Share this post