• Follow Us on
Latest News

Home နိုင်ငံအသီးသီးကနည်းလမ်းမျိုးစုံဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကိုထိန်းချုပ်တားဆီးမှုများလုပ်ဆောင်နေသော် လည်း အခက်အခဲပေါင်းများစွာ၊ စိန်ခေါ်မှုများစွာနှင့် ဆက်လက်ကြုံတွေ့နေရဆဲဖြစ်ကြောင်း ရဲမှူးချုပ်ဝင်းနိုင်က ပြောကြား

နိုင်ငံအသီးသီးကနည်းလမ်းမျိုးစုံဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကိုထိန်းချုပ်တားဆီးမှုများလုပ်ဆောင်နေသော် လည်း အခက်အခဲပေါင်းများစွာ၊ စိန်ခေါ်မှုများစွာနှင့် ဆက်လက်ကြုံတွေ့နေရဆဲဖြစ်ကြောင်း ရဲမှူးချုပ်ဝင်းနိုင်က ပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၅

 

နိုင်ငံအသီးသီးက နည်းလမ်းမျိုးစုံဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကို ထိန်းချုပ်တားဆီးမှုများ လုပ်ဆောင်နေသော် လည်း အခက်အခဲပေါင်းများစွာ၊ စိန်ခေါ်မှုများစွာနှင့် ဆက်လက်ကြုံတွေ့နေရဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံ မူး ယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက် အတွင်းရေးမှူး၊ ရဲမှူးချုပ် ဝင်းနိုင်က ပြောသည်။

 

(၇) ကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ် အဆင့် အစည်းအဝေးကို ယမန်နေ့တွင် မြန်မာနိုင်ငံမှ အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပရာ မြန်မာနိုင်ငံ မူးယစ်ဆေး ဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေး မှူး၊ ရဲမှူးချုပ် ဝင်းနိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်သည်။

 

အစည်းအဝေးတွင် ရဲမှူးချုပ် ဝင်းနိုင်က ယနေ့ခေတ်တွင် နည်းပညာဆန်းသစ်မှုပြောင်းလဲလာသော အခြေ အနေများအရ မူးယစ်ဆေးဝါးပြဿနာသည် လွန်စွာရှုပ်ထွေးလာပြီး ကမ္ဘာ့နိုင်ငံတိုင်းကြုံတွေ့နေရသည့် အခက်အခဲပြဿနာများစွာထဲတွင် အကြီးမားဆုံး စိန်ခေါ်မှုပြဿနာတစ်ရပ်ဖြစ်ကြောင်း၊ နိုင်ငံအသီးသီးက နည်းလမ်းမျိုးစုံဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကို ထိန်းချုပ်တားဆီးမှုများ လုပ်ဆောင်နေသော်လည်း အခက် အခဲပေါင်းများစွာ၊ စိန်ခေါ်မှုများစွာနှင့် ဆက်လက်ကြုံတွေ့နေရဆဲ ဖြစ်ကြောင်း၊ မူးယစ်ဂိုဏ်းအဖွဲ့များ၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုနည်းစနစ်နှင့် လမ်းကြောင်းများ အမြဲပြောင်းလဲ၍ ဆောင်ရွက်လာ သည့်အတွက် နိုင်ငံအားလုံး ရေရှည်ပူးပေါင်းဖြေရှင်းဆောင်ရွက်သွားရမည့် အရေးကြီးလုပ်ငန်းတာဝန်တစ် ရပ်ဖြစ်ကြောင်း ပြောသည်။

 

ယခုအခါ နိုင်ငံဖြတ်ကျော် မှုခင်းကျူးလွန်သူ ဂိုဏ်းအဖွဲ့များသည် မူးယစ်ဆေးဝါးကုန်သွယ်မှုကို အဓိကစီးပွား ရေးလုပ်ငန်းအဖြစ် ဆက်လက်တိုးမြင့် လုပ်ကိုင်ဆောင်ရွက်လာသဖြင့် မူးယစ်ဆေးဝါး ပြဿနာသည် လျော့ကျ သွားခြင်းမရှိသည့်အပြင် ပိုမိုကျယ်ပြန့်လာခြင်းနှင့်အတူ ဒေသအပြင်ဘက်မှ မူးယစ်ဂိုဏ်းအဖွဲ့များက ကွန်ရက် များ တည်ဆောက်ပြီး ဈေးကွက်ချဲ့ထွင်လာကြပါကြောင်း၊ ယနေ့ကမ္ဘာ့နိုင်ငံများကို ခြိမ်းခြောက်လျက်ရှိသည့် အဓိကပြဿနာမှာ လူလုပ်မူးယစ်ဆေးဝါး (Synthetic Drug) ပြဿနာဖြစ်ပြီး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်း ဝယ်မှုများ ပိုမိုကြီးမားကျယ်ပြန့်လာခဲ့ကြောင်း၊ အလားတူ ဈေးကွက်အတွင်းတွင် အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းချိုသာသည့် လူလုပ်မူးယစ်ဆေးဝါးများ လွယ်ကူစွာဝယ်ယူရရှိမှုများကြောင့် သုံးစွဲသူဦးရေ များပြားလာ သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း ရဲမှူးချုပ် ဝင်းနိုင်က ပြောသည်။

 

ရဲမှူးချုပ် ဝင်းနိုင်က မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုနေသည့် ဓာတုပစ္စည်းများဖမ်းဆီးရမိမှုမှာ မူး ယစ်ဆေးဝါး ဖမ်းဆီးရမိမှုများနှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းပါးနေသည့်အတွက် နှစ်နိုင်ငံ နယ်နိမိတ်ထိစပ် နေသည့် နယ်စပ်ဒေသများမှ ပရီကာဆာဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်မှုမရှိစေရေးကို ယခုထက်ပိုမို တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား မူးယစ်တရားခံပြေးများ၊ ကွင်းဆက် တရားခံများ၊ ပရီကာဆာဓာတုပစ္စည်းများ တရားမဝင် သယ်ဆောင်ရောင်းဝယ်မှုဆိုင်ရာ သတင်းအချက်အလက် များ၊ မူးယစ်ကုန်ကူးသူများ၏ လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး သတင်းအချက်အလက်များရရှိပါက အချိန်နှင့် တစ်ပြေးညီ သတင်းဖလှယ်ပေးပို့စေလိုကြောင်းဖြင့် ပြောကြားသည်။

 

#PeopleMedia


Share this post