နိုင်ငံ့စီးပွားရေးကဏ္ဍ တရုတ်သြဇာလွှမ်းမိုးထားကြောင်း ထိုင်းပြည်သူနဲ့ လာအိုပြည်သူတွေ ပြော
PUBLISHED - May 20, 2024
နိုင်ငံတကာ၊ မေ ၂၀
တရုတ်နိုင်ငံဟာ မိမိတို့နိုင်ငံတွေရဲ့ စီးပွားရေးကဏ္ဍကို အကြီးအကျယ်လွှမ်းမိုးထားတယ်လို့ ထိုင်းပြည်သူတွေနဲ့ လာအိုပြည်သူတွေက ရှုမြင်ထားကြောင်း The Nation မှာ ရေးသားဖော်ပြထားပါတယ်။
အာဆီယံ ၁၀ နိုင်ငံက အဖွဲ့ငါးခုကို ကိုယ်စားပြုတဲ့ လူဦးရေ ၂၀၀၀ ဝန်းကျင်ရဲ့ သဘောထားကို ဆန်းစစ်လေ့ လာစစ်တမ်းကောက်ယူပြီးနောက် စင်္ကာပူနိုင်ငံ ISEA ယူဆွတ် အီစ်ဟတ်အင်စတီကျု (ISEAS-Yusof Ishak Institute) က “State of Southeast Asia 2024” ခေါင်းစဉ်နဲ့ နှစ်ပတ်လည်အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာဖြစ် ပါတယ်။
အာဆီယံနိုင်ငံတွေအပေါ် စီးပွားရေးသြဇာလွှမ်းမိုးမှုနဲ့ပတ်သက်ပြီး ဆန်းစစ်လေ့လာမှုတစ်ခုပြုလုပ်ခဲ့ရာ ထိုင်း ပြည်သူ ၇၀.၆% နဲ့ လာအိုပြည်သူ ၇၇.၅% တို့က အာဆီယံအပေါ် တရုတ်စီးပွားရေးလွှမ်းမိုးမှု အများဆုံးရှိနေ တယ်လို့ ယုံကြည်ကြောင်း ဖြေဆိုခဲ့ပါတယ်။
ဒေသတွင်းစီးပွားရေးသြဇာလွှမ်းမိုးမှုမှာ လာအိုနဲ့ ထိုင်းနိုင်ငံတို့ဟာ အမေရိကန်၊ ဂျပန်နဲ့ ဥရောပသမဂ္ဂတို့လို စီး ပွားရေးတောင့်တင်းတဲ့ တခြားနိုင်ငံကြီးတွေကို ကျော်လွန်ပြီး တရုတ်စီးပွားရေး ၇၀% ကျော်လွှမ်းမိုးခံရတဲ့ အာ ဆီယံနိုင်ငံတွေထဲက နှစ်နိုင်ငံဖြစ်ပါတယ်။
အမေရိကန်နိုင်ငံဟာ တရုတ်နဲ့နှိုင်းယှဉ်ရင် စီးပွားရေးသြဇာလွှမ်းမိုးမှု ၈.၁% နဲ့ ၁၁.၄% သာရှိတယ်လို့ဆိုပါ တယ်။ ချွင်းချက်အနေနဲ့ အာဆီယံနိုင်ငံတွေထဲမှာ ဖိလစ်ပိုင်နိုင်ငံကတော့ တရုတ်စီးပွားရေးသြဇာလွှမ်းမိုးမှု ၃၀.၇% ရှိပြီး အမေရိကန်စီးပွားရေးသြဇာလွှမ်းမိုးမှုက ၂၇.၉% ရှိပါတယ်။
တရုတ်စီးပွားရေးသြဇာလွှမ်းမိုးမှုအကြီးမားဆုံးဖြစ်နေ ကြောင်းယုံကြည်တဲ့ ထိုင်းလူမျိုးတွေကိုပဲ တရုတ်သြဇာ လွှမ်းမိုးမှုကို ထောက်ခံသလား/ စိုးရိမ်သလားလို့ မေးကြည့်တဲ့အခါ ၁၉.၇% က ထောက်ခံ ကြောင်းဖြေဆိုပြီး ၈၀.၃% က စိုးရိမ်ကြောင်း ဖြေဆိုပါတယ်။
အလားတူမေးခွန်းမျိုး ဆန်းစစ်လေ့လာမှုမှာပါဝင်တဲ့ လာအိုပြည်သူတွေကိုမေးကြည့်ရာမှာ ၂၂.၆% ကထောက် ခံပြီး ၇၂.၂% က စိုးရိမ်ကြောင်း ပြန်လည်ဖြေကြားပါတယ်။
စစ်တမ်းမှာပါဝင်တဲ့ လာအိုပြည်သူတွေကို တရုတ်နဲ့ အမေရိကန် မဖြစ်မနေရွေးချယ်ရတော့မယ်ဆိုရင် ဘယ်နိုင် ငံကို ရွေးချယ်မလဲလို့ မေးမြန်းတဲ့ခါ ၅၀.၅% က တရုတ်ကိုရွေးချယ်မယ်လို့ ဖြေဆိုပြီး ၄၉.၅% က အမေရိကန် ကို ရွေးချယ်မယ်လို့ ဖြေဆိုခဲ့ပါတယ်။
အခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်းပြုလုပ်ခဲ့တဲ့ ဆန်းစစ်လေ့လာမှုမှာ အာဆီယံနိုင်ငံတွေကို ပြည်သူ တွေကိုမေးမြန်းခဲ့ရာမှာ ၆၁.၁% က အမေရိကန်ကိုရွေးချယ်မယ်လို့ ဖြေဆိုခဲ့သလို ၃၈.၉% က တရုတ်ကိုရွေး ချယ်မယ်လို့ ဖြေဆိုခဲ့ပါတယ်။
အာဆီယံနိုင်ငံအများစု တရုတ်ဘက်ကို ခြေဦးလှည့်လာမှု မြင့်တက်လာတဲ့အကြောင်းများစွာထဲက တစ်ခုက တရုတ်အစိုးရရဲ့ ကြီးမားတဲ့မူဝါဒတွေ၊ ရင်းနှီးမြှုပ်နှံမှုစီမံချက်တွေနဲ့ ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ချုပ်ဆိုမှုတွေဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။
၂၀၁၈ ခုနှစ်ကတည်းက အင်ဒိုပစိဖိတ်ဒေသရဲ့ အဓိကနယ်မြေလေးခုက သြဇာလွှမ်းမိုးမှုမှာ အမေရိကန်က တရုတ်ကို တောက်လျှောက်ရှုံးနိမ့်နေကြောင်း သြစတေးလျပညာရှင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Lowy Institute က ၂၀၂၃ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ “Indo-Pacific Power” အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဆုံးရှုံးမှုတွေထဲမှာ စီးပွားရေးဆက်ဆံမှုတွေ၊ စစ်ရေးကွန်ရက်တွေ၊ သံတမန်ဆက်ဆံရေးတွေနဲ့ ယဉ်ကျေးမှု သြဇာလွှမ်းမိုးမှုတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
Ref: Thai and Lao people see China having greatest economic influence: survey
#PeopleMedia