• Follow Us on

Home နိုင်ငံ့ဘတ်ဂျက်ကို လိုအပ်တဲ့ပြည်သူတွေအတွက် ဦးစားပေးသုံးစွဲနိုင်ဖို့ ထိုင်းတပ်မတော် စစ်လက်နက် ပစ္စည်း ဝယ်ယူရေး ဆိုင်းငံ့ထားဖို့ ဆရက်ထာပြော

နိုင်ငံ့ဘတ်ဂျက်ကို လိုအပ်တဲ့ပြည်သူတွေအတွက် ဦးစားပေးသုံးစွဲနိုင်ဖို့ ထိုင်းတပ်မတော် စစ်လက်နက် ပစ္စည်း ဝယ်ယူရေး ဆိုင်းငံ့ထားဖို့ ဆရက်ထာပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၃

 

ထိုင်းအစိုးရအနေနဲ့ နိုင်ငံ့ဘတ်ဂျက်ကို အမှန်တကယ်လိုအပ်နေသူတွေအတွက် အသုံးပြုနိုင်ဖို့ ၂၀၂၄ ခုဘဏ္ဍာ ရေးနှစ်အတွက် စစ်လက်နက်ပစ္စည်းဝယ်ယူမှုတွေကို ရွှေ့ဆိုင်းထားဖို့ ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က ထိုင်းတပ်မတော်ကို ပြောဆိုခဲ့ကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

 

၂၀၂၄ ခုဘဏ္ဍာရေးနှစ်အတွက် စစ်လက်နက်ပစ္စည်းဝယ်ယူမယ့်အစီအစဉ်တွေကို လက်ရှိအချိန်မှာ ဆိုင်းငံ့ထား နိုင်ရေး တပ်မတော်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ ဝန်ကြီးချုပ်ဆရက်ထာက ကာကွယ်ရေးဝန်ကြီး ဆုတင်က လန်ဆန်းနဲ့ ဝန်ကြီးချုပ်အတွင်းရေးမှူး ပရုမ်မင်လတ်ဆူရီဒတ်တို့ကို ညွှန်ကြားခဲ့ကြောင်း အဆိုပါသတင်းရင်းမြစ် တွေက ဘန်ကောက်ပို့စ်ကို တနင်္လာနေ့ (အောက်တိုဘာလ ၂ ရက်နေ့) က ပြောပါတယ်။

 

“ဝန်ကြီးချုပ်က ဘတ်ဂျက်တွေကို အကူအညီလိုအပ်နေသူတွေကို လတ်တလောအကူအညီပေးမယ့်ကိစ္စတွေ မှာ သုံးစေချင်တယ်။ ခွင့်ပြုပြီးသားဘတ်ဂျက်တွေကတော့ မပြောင်းလဲပါဘူး။” လို့ သတင်းရင်းမြစ်တွေက ပြော ပါတယ်။

 

ရေလွှမ်းမိုးမှု၊ တောမီးလောင်မှုနဲ့ လေထုညစ်ညမ်းမှုပြဿနာတို့လို သဘာဝဘေးအန္တရာယ်ကိုင်တွယ်ဖြေရှင်း ရေးကိစ္စတွေကို ဦးစားပေးဆောင်ရွက်ဖို့ အစိုးရအဖွဲ့က ထိုင်းတပ်မတော်ကို ပြောဆိုခဲ့တာမှန်ကန်ကြောင်း အ သစ်ခန့်အပ်လိုက်တဲ့ တော်ဝင်ထိုင်းလေတပ်အကြီးအကဲ လေတပ်ဗိုလ်ချုပ်ကြီး ဖန်းဖက်ဒီးဖတ်ထနာကူလ်က ပြောပါတယ်။

 

အမေရိကန်ပြည်ထောင်စုက F-35A ဂျက်တိုက်လေယာဉ်တွေရောင်းချပေးဖို့ ငြင်းဆန်လိုက်ပြီးနောက် ဆူရတ် ဌာနီမှာရှိတဲ့ အမှတ် ၇ လေယာဉ်အုပ်အတွက် ဆွီဒင်နိုင်ငံထုတ် ဂရစ်ပင် (Gripen) ဂျက်တိုက်လေယာဉ် ၃ စင်း ဝယ်ယူဖို့ တော်ဝင်ထိုင်းလေတပ်က စီစဉ်နေတယ်ဆိုတဲ့သတင်းကိုလည်း လေတပ်ဗိုလ်ချုပ်ကြီး ဖန်းဖက်ဒီးက ငြင်းဆိုလိုက်ပါတယ်။

 

ထိုင်းလေတပ်အနေနဲ့ ဂရစ်ပင်ဂျက်တိုက်လေယာဉ် ၁၂ စင်း ဝယ်ယူခဲ့ပြီးဖြစ်ပြီး အဲဒီအထဲက တစ်စင်းပျက်ကျ သွားခဲ့ကြောင်း၊ ဂရစ်ပင်တိုက်လေယာဉ်တစ်စင်းကို ဘတ်ငွေ ၂ ဘီလျံပေးရကြောင်း လေတပ်သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

 

နိုင်ငံရဲ့စီးပွားရေးအခြေအနေအရ ထိုင်းလေတပ်အနေနဲ့ ၂၀၂၄ ခု ဘဏ္ဍာရေးနှစ်မှာ ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူဦးမှာ မဟုတ်သေးကြောင်း လေတပ်ဗိုလ်ချုပ်ကြီး ဖန်းဖက်ဒီးက ပြောပါတယ်။

 

ဒါပေမဲ့ ၂၀၂၅ ခု ဘဏ္ဍာရေးနှစ်မှာတော့ တော်ဝင်ထိုင်းလေတပ်အနေနဲ့ ဂျက်တိုက်လေယာဉ်သစ်တွေ ဝယ်ယူ ဖို့ စဉ်းစားသွားမှာဖြစ်ပြီး အဲဒီကိစ္စအတွက် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းသွားမယ်လို့ ၎င်းက ပြောပါတယ်။

 

“၂၀၂၅ ခု ဘဏ္ဍာရေးနှစ်မှာ ဝယ်ယူမယ့် ဂျက်တိုက်လေယာဉ်တွေက ဂရစ်ပင်တိုက်လေယာဉ်တွေဖြစ်မလား၊ F-16 တိုက်လေယာဉ်တွေဖြစ်မလားဆိုတာကတော့ မသိသေးပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

တော်ဝင်ထိုင်းလေတပ်အနေနဲ့ နခုန်ရတ်ချာဆီမာလေတပ်စခန်းမှာအခြေစိုက်ထားတဲ့ အမှတ် ၁ လေယာဉ်အုပ် က သက်တမ်းရင့် F-16 ဂျက်တိုက်လေယာဉ်တွေကို အစားထိုးဖို့အတွက် ဂျက်တိုက်လေယာဉ်တွေ တဖြည်း ဖြည်းဝယ်ယူသွားဖို့လိုအပ်ကြောင်း၊ သက်တမ်းရင့် F-16 ဂျက်တိုက်လေယာဉ်တွေကို ၂၀၂၈ ခုနှစ်နဲ့ ၂၀၃၁ ခုနှစ်ကြားကာလမှာ အနားပေးသွားတော့မှာဖြစ်ကြောင်း လေတပ်ဗိုလ်ချုပ်ကြီး ဖန်းဖက်ဒီးက ပြောပါတယ်။

 

“တော်ဝင်ထိုင်းလေတပ်က ၂၀၂၅ ခုဘဏ္ဍာရေးနှစ်မှာ စစ်လက်နက်ပစ္စည်းဝယ်ယူရေးအစီအစဉ်ကို တင်ပြသွား မှာဖြစ်ပါတယ်။ ထိုင်းလေတပ်အနေနဲ့ အခွန်ထမ်းပြည်သူတွေရဲ့ငွေကြေးတွေကို နိုင်ငံအတွက် အကောင်းဆုံးအ ကျိုးစီးပွားအလို့ငှာ သုံးစွဲသွားမှာဖြစ်သလို အမျိုးသားကာကွယ်ရေးအတွက် တိကျသေချာအောင် သုံးစွဲသွားမှာ ဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Srettha urges arms deals delay

 

#PeopleMedia


Share this post