• Follow Us on
Latest News

Home နိုင်ငံ့ဝန်ထမ်းများလိုက်နာရမည့်ကျင့်ဝတ်နှင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန်တို့ကို စောင့်ထိန်းလိုက်နာရန်နှင့် ပါတီနိုင်ငံရေးကင်းရှင်းရန်လိုအပ်ဟု တိုင်းရင်းသားရေးရာဝန်ကြီး ပြောဆို

နိုင်ငံ့ဝန်ထမ်းများလိုက်နာရမည့်ကျင့်ဝတ်နှင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန်တို့ကို စောင့်ထိန်းလိုက်နာရန်နှင့် ပါတီနိုင်ငံရေးကင်းရှင်းရန်လိုအပ်ဟု တိုင်းရင်းသားရေးရာဝန်ကြီး ပြောဆို

Share this post

နေပြည်တော်၊ ဩဂုတ် ၁၈

 

နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် ကျင့်ဝတ်နှင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန်တို့ကို စောင့်ထိန်းလိုက်နာရန်နှင့် ပါတီနိုင်ငံရေးကင်းရှင်းရန်လိုအပ်ကြောင်း၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံစဉ် ပြောဆိုသည်။

 

ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့် အညီ တိုင်းပြည်သာယာဝပြောရေး၊ အေးချမ်းတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို အထောက်အကူပြုစေရန် တိုင်း ရင်းသားနှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ပီပီကျရာကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ပြောဆိုသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ လုပ်ငန်းရည်မှန်းချက်မှာ သတ်မှတ်ပြဋ္ဌာန်းထားရှိသော ဥပဒေနှင့်အညီ တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားရေးရာ များကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ခြင်းနှင့်စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာ စေပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝမြင့်မားတိုးတက်စေရန်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် ကျင့်ဝတ်နှင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန်တို့ကို စောင့် ထိန်းလိုက်နာရန်နှင့် ပါတီနိုင်ငံရေးကင်းရှင်းရန်လိုအပ်ကြောင်း၊ ပြောဆိုခဲ့သည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်နှင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အရာ ထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

 

#PeopleMedia


Share this post