• Follow Us on
Latest News

Home နိုင်ငံ့ဝန်ထမ်းများအတွက်ထောက်ပံ့ငွေများပိုမိုပေးအပ်နိုင်ရေးစဉ်းစားဆောင်ရွက်နေပြီးမကြာမီထုတ်ပြန်ပေးမည်ဟုနစကဥက္ကဋ္ဌပြောဆို

နိုင်ငံ့ဝန်ထမ်းများအတွက်ထောက်ပံ့ငွေများပိုမိုပေးအပ်နိုင်ရေးစဉ်းစားဆောင်ရွက်နေပြီးမကြာမီထုတ်ပြန်ပေးမည်ဟုနစကဥက္ကဋ္ဌပြောဆို

Share this post

နေပြည်တော်၊ စက်တင်ဘာ ၃၀

 

နိုင်ငံ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပိုမိုပေးအပ်နိုင်ရေး စဉ်းစားဆောင်ရွက်လျက်ရှိပြီး မကြာမီအချိန် တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက  မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ၏ အလုပ်လုပ်နိုင်စွမ်းမြှင့်တင်နိုင် ရေး အမြဲအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ၏ ကုန်ထုတ်စွမ်းအားစု များ၌ ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကို အလေးထား ဆောင်ရွက်ပေးလျက်ရှိပြီး ထောက်ပံ့မှုများ၊ သက်သာချောင်ချိရေးကိစ္စများ၊ စရိတ်များကို တိုးမြှင့် ပေးခဲ့ကြောင်း၊ တစ်ဖက်တွင်လည်း ကုန်ဈေးနှုန်းများ ကျဆင်းစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထပ်မံ၍ နိုင်ငံ့ဝန်ထမ်း များအတွက် ထောက်ပံ့ငွေများ ပိုမိုပေးအပ်နိုင်ရေးစဉ်းစားဆောင်ရွက်လျက်ရှိပြီး မကြာမီအချိန်တွင် ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြောသည်။

 

ပြည်ပနိုင်ငံများ၌ အလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံသားများ မှ ပြန်လည်ပေးပို့သည့် ငွေကြေးများသည်လည်း နိုင်ငံ၏ငွေကြေးလည်ပတ်မှုနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကိုတစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေ ကြောင်း၊ ထို့ကြောင့် ၎င်းတို့အတွက် ပိုမိုအကျိုးခံစားခွင့် (Incentive)များ ရရှိရေးကိုလည်း စီမံဆောင်ရွက် လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဘဏ္ဍာငွေသုံးစွဲမှုများနှင့်ပတ်သက်၍ မလိုလားအပ်သည့် နေရာများတွင် အပိုငွေ များကုန်ကျမှုမရှိအောင် ချွေတာသုံးစွဲခြင်းဖြင့် ပိုလျှံမှုများကို အခြားဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ဝန်ကြီး ဌာနအလိုက်လုပ်ငန်းများ တိုးတက်အောင်မြင်မှုရှိစေရေး အပြန်ပြန်အလှန်လှန် စိစစ်၍ ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည် သူလူထုအကျိုးကို လက်တွေ့ကျကျ ထိထိရောက်ရောက် ဆောင်ရွက်ပြခြင်းဖြင့် အလုပ်ဖြင့်သက်သေပြကြရန် တိုက်တွန်းလိုကြောင်းဖြင့် မှာကြားခဲ့သည်။

 

#PeopleMedia


Share this post