နိုင်ငံ၏ လူဦးရေအပေါ်မူတည်၍ တစ်နေ့လျင်လိုအပ်နိုင်မည့် အသား၊ ငါး၊ ဥအမျိုးမျိုးတို့ကို စနစ်တကျ သုံးသပ် တွက်ချက်၍ မွေးမြူဇုန်များတိုးချဲ့နိုင်ရေးနှင့် တိုးချဲ့မွေးမြူနိုင်ရေးကိုဆောင်ရွက်ကြစေလိုကြောင်း နစကဥက္ကဋ္ဌ ပြောဆို
PUBLISHED - October 23, 2023
နေပြည်တော်၊ အောက်တိုဘာ ၂၃
နိုင်ငံ၏ လူဦးရေအပေါ်မူတည်၍ တစ်နေ့လျင် လိုအပ်နိုင်မည့် အသား၊ ငါး၊ ဥအမျိုးမျိုး တို့ကို စနစ်တကျ သုံးသပ်တွက်ချက်၍ မွေးမြူဇုန်များ တိုးချဲ့နိုင်ရေးနှင့် တိုးချဲ့မွေးမြူနိုင်ရေးကို ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တောင်ကြီးမြို့၊ အေးသာယာစက်မှုဇုန်အတွင်းရှိ ရှမ်းရိုးမမွေးမြူရေးဇုန် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစဉ် ပြောဆိုခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများကြောင့် အခက်အခဲများ ဖြစ်ပေါ်ခဲ့ချိန်တွင် အေးသာယာစက်မှုဇုန်အတွင်းရှိ ရှမ်းရိုးမ မွေးမြူရေးဇုန်မှ ကြက်ဥများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရေအတွက်များစွာ ဖြန့်ဖြူးပေးနိုင်ခဲ့သည့် အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ် စေခဲ့ပါကြောင်း၊ ဆက်လက်၍လည်း မွေးမြူရေးဇုန်တိုး ချဲ့နိုင်ရေးနှင့် တိုးချဲ့မွေး မြူနိုင်ရေးအတွက်လည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြက်ဥလိုအပ်ချက်သည် နေ့စဉ်ရှိနေပြီး ဈေးကွက်လိုအပ်ချက်ကို ပြည့်မီအောင်ထုတ်လုပ်နိုင်မည်ဆိုပါက ကြက်ဥဈေးနှုန်း ကြီးမြင့်မှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ လူဦးရေအပေါ်မူတည် ၍ တစ်နေ့လျင် လိုအပ်နိုင်မည့် အသား၊ ငါး၊ ဥအမျိုးမျိုး တို့ကို စနစ်တကျ သုံးသပ် တွက်ချက်၍ မွေးမြူဇုန်များ တိုးချဲ့နိုင်ရေးနှင့် တိုးချဲ့မွေးမြူနိုင်ရေးကို ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြော ဆိုသည်။
အေးသာယာ စက်မှုဇုန်သည် တစ်နိုင်ငံလုံးသို့ ကြက်ဥများအဓိက ဖြန့်ဖြူးသည့် နေရာတစ်ခုဖြစ်ကြောင်း၊ ကြက်ခြံများ တိုးချဲ့နိုင်ရေးအတွက်လည်း သမားရိုးကျနည်း လမ်းများအပြင် ခေတ်မီနည်းစနစ်များဖြင့် တိုး ချဲ့ဆောင်ရွက်သင့်ကြောင်း၊ အလုံပိတ်အအေးခန်းစနစ်(Evaporated Cooling System) ဖြင့် အဆင့်မြင့် ကြက်မွေးမြူခြင်းသည် အရင်းအနှီးအားဖြင့် များသည်ဖြစ်သော်လည်း ဇီဝလုံခြုံမှုအပြည့်အဝရှိမည်ဖြစ်ပြီး အထွက်နှုန်းကောင်းမွန်ခြင်း၊ အရည်အသွေးမြင့် ကြက်ဥများ ရရှိနိုင်ခြင်းအပြင် အခြားအကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုခဲ့သည်။
#PeopleMedia