• Follow Us on
Latest News

Home နီပေါလွှတ်တော်ဥက္ကဌဟောင်း မာဟာရာ မုဒိန်းမှုနဲ့ ဖမ်းဆီးခံရ

နီပေါလွှတ်တော်ဥက္ကဌဟောင်း မာဟာရာ မုဒိန်းမှုနဲ့ ဖမ်းဆီးခံရ

Share this post

နီပေါနိုင်ငံမှာ လွှတ်တော်ဥက္ကဌဟောင်းတစ်ဦးကို အဓမ္မပြုကျင့်မှုနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ရာထူးက နုတ်ထွက်ခဲ့တဲ့ ခရစ်ရှ်နာ ဘဟာဒူမာဟာရာကို တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် အခုလို ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ မာဟာရာကတော့ စွပ်စွဲချက်ဟာ မမှန်ကန်ဘူးလို့ ငြင်းဆိုထားပါတယ်။

အခုစွပ်စွဲချက်ကို မျှမျှတတစစ်ဆေးမှုခံယူချင်တဲ့အတွက်ကြောင့် ရာထူးက နုတ်ထွက်ခဲ့တာဖြစ်တယ် လို့ မာဟာရာက ပြီးခဲ့တဲ့အင်္ဂါနေ့က ပို့စ်တင်ခဲ့ပါတယ်။

နီပေါနိုင်ငံမှာ ထိပ်တန်းနိုင်ငံရေးသမားတစ်ဦး အခုလို လိင်ပိုင်းဆိုင်ရာစွပ်စွဲချက်ကြောင့် ဖမ်းဆီးခံရမှုဟာ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတစ်ခုလည်းဖြစ်ပါတယ်။

Ref;Reuters


Share this post