နေတိုးစစ်ဆင်ရေးတာဝန်တွေထမ်းဆောင်နိုင်ဖို့ MQ-9A ဒရုန်းလေယာဉ်အုပ်ကို နယ်သာလန်လေတပ် အဆင့်မြှင့်တင်မည်
PUBLISHED - April 1, 2024
နိုင်ငံတကာ၊ ဧပြီ ၁
ဥရောပတစ်ဝန်း နေတိုးအဖွဲ့ရဲ့ စစ်ဆင်ရေတာဝန်ထမ်းဆောင်မှုတွေကို အထောက်အကူဖြစ်စေဖို့အတွက် လာ မယ့်သုံးနှစ်အတွင်း တော်ဝင်နယ်သာလန်လေတပ်ရဲ့ MQ-9A ဒရုန်းလေယာဉ်အုပ်ကို General Atomics Aeronautical Systems က အဆင့်မြှင့်တင်ပေးသွားမှာဖြစ်ပါတယ်။
အဆင့်မြှင့်တင်မှုထဲမှာ ပင်လယ်ပြင်စောင့်ကြည့်ရေးရေဒါများ၊ ရေဒီယိုဆက်သွယ်ရေးထပ်ဆင့်လွှင့်စက်တစ်ခု၊ တာဝေးပျံသန်းရန်အတွက် အရန်ဆီလှောင်ကန်များ၊ အီလက်ထရောနစ်ထောက်ပံ့ရေးစနစ်များနဲ့ လက်နက်စ နစ်များပါဝင်တယ်လို့ ဆိုပါတယ်။
ရေဒီယိုဆက်သွယ်ရေးထပ်ဆင့်လွှင့်စက်တစ်ခု အဆင့်မြှင့်တပ်ဆင်သွားမယ့်ရည်ရွယ်ချက်က MQ-9A ဒရုန်းကို ဒတ်ချ်ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ တပ်ဖွဲ့အားလုံးနဲ့ ဆက်သွယ်သွားနိုင်ဖို့ဖြစ်ပါတယ်။
“နေတိုးစစ်ဆင်ရေးတွေ တိုးမြှင့်ဆောင်ရွက်ရာမှာ တော်ဝင်နယ်သာလန်လေတပ်ဟာ MQ-9A ဒရုန်းတွေကို အသုံးပြုသွားမှာဖြစ်ပါတယ်။” လို့ တော်ဝင်နယ်သာလန်လေတပ် အမှတ် ၃၀၆ လေယာဉ်အုပ်ရဲ့ တပ်မှူး ဒုတိယဗိုလ်မှူးကြီး ဂျန်းရူးဒီဆူးလီက ပြောပါတယ်။
“အခုလို အဆင့်မြှင့်တင်မှုတွေ ဆောင်ရွက်ပြီးသွားရင် ကျွန်တော်တို့နယ်သာလန် တပ်တွေဟာ နေတိုးအဖွဲ့ရဲ့ ISR (ထောက်လှမ်းရေး၊ စောင့်ကြည့်ထောက်လှမ်းရေးနဲ့ ကင်းထောက်တာဝန်) တွေကို ထောက်ပံ့သွားနိုင်မှာ ဖြစ်သလို ဥရောပတစ်ဝန်း ပင်လယ်ပြင်စောင့်ကြည့်လေ့လာရေးတာဝန်တွေကိုလည်း ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
လက်ရှိအချိန်မှာ ဒတ်ချ်လေတပ်နဲ့အတူ MQ-9A ဒရုန်း ၄ စင်း တာဝန်ထမ်းဆောင်နေပြီဖြစ်ပြီး နောက်ထပ် MQ-9A ဒရုန်း ၄ စင်းကတော့ ၂၀၂၆ ခုနှစ်မှာ ရောက်ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။
လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ MQ-9A ဒရုန်း ၄ စင်းကို ယူရိုငွေ သန်း ၁၀၀ ကနေ ၂၅၀ (ဒေါ်လာ ၁၀၇ သန်းကနေ ၂၆၈ သန်း) ဝန်းကျင်တန်ကြေးရှိတဲ့ လေဆာပဲ့ထိန်းလမ်းညွှန် GBU ဗုံးတွေနဲ့ ဝေဟင်-မြေပြင်ပစ် ဟဲလ်ဖိုင်းယားဒုံးကျည်တွေ တပ်ဆင်နိုင်ဖို့အတွက် အဆင့်မြှင့်တင်သွားမှာဖြစ်ကြောင်း ဒတ်ချ်ကာကွယ်ရေးဝန် ကြီးဌာနက ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့ပါတယ်။
Honeywell TPE331-10GD တာဘိုအင်ဂျင်တစ်လုံး တပ်ဆင်ထားတဲ့ MQ-9A ဒရုန်းဟာ ပြင်ပချိတ်ဆွဲ အလေး ချိန် ပေါင် ၃,၀၀၀ (၁,၃၆၁ ကီလိုဂရမ်) အပါအဝင် ပေါင်ချိန် ၃,၈၅၀ (၁,၇၄၆ ကီလိုဂရမ်) သယ်ဆောင်နိုင်ပါ တယ်။ MQ-9A ဒရုန်းဟာ တစ်နာရီကို မိုင် ၂၃၀ (ကီလိုမီတာ ၃၇၀) ပျံသန်းနိုင်ပါတယ်။
အဝေးဆုံးပျံသန်းနိုင်တဲ့ အကွာအဝေးက ၁၁၅၁ မိုင် (၁၈၅၂ ကီလိုမီတာ) ဖြစ်ပြီး အမြင့်ပေ ၅၀,၀၀၀ (မီတာ ၁၅,၂၄၀) ကနေ ပျံသန်းနိုင်ပါတယ်။ MQ-9A ဒရုန်းဟာ တစ်ဆက်တည်း ၂၇ နာရီကြာအောင် ပျံသန်းနိုင်တဲ့ မောင်းသူမဲ့လေယာဉ်ဖြစ်ပါတယ်။
Ref: Netherlands Air Force to Upgrade Reaper Fleet for NATO Missions
#PeopleMedia