• Follow Us on
Latest News

Home နေတိုးတပ်ဖွဲ့ဝင်တွေက ယူကရိန်းနိုင်ငံထဲမှာ ရောက်နှင့်နေပြီးသားလို့ ပိုလန်နိုင်ငံခြားရေးဝန်ကြီးပြော

နေတိုးတပ်ဖွဲ့ဝင်တွေက ယူကရိန်းနိုင်ငံထဲမှာ ရောက်နှင့်နေပြီးသားလို့ ပိုလန်နိုင်ငံခြားရေးဝန်ကြီးပြော

Share this post

နိုင်ငံတကာ၊ မတ် ၁၁

 

နေတိုးတပ်ဖွဲ့ဝင်တွေဟာ ယူကရိန်းနိုင်ငံထဲမှာ ရောက်ရှိနေပြီးသားဖြစ်ကြောင်း ပိုလန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။

 

ပိုလန်နိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်လာတဲ့ ၂၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားအဖြစ် ပိုလန်လွှတ်တော်ထဲမှာ အစည်းအဝေးတစ်ရပ်ကျင်းပနေစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး ရက်ဒေါဆလွပ်ဆီကေ့ာစကီးက အခုလိုပြော ကြားလိုက်တာဖြစ်ပါတယ်။

 

“နေတိုးအဖွဲ့ဝင်နိုင်ငံတွေက စစ်သည်တွေ ယူကရိန်းနိုင်ငံထဲ ရောက်ရှိနေပြီးသားဖြစ်ပါတယ်။ အခုလို စွန့်စားပြီး တပ်ဖွဲ့ဝင်တွေ ပို့ထားပေးတဲ့ နိုင်ငံတွေကို ကျွန်တော့်အနေနဲ့ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။” လို့ ဆီ ကော့စကီးက ပြောပါတယ်။

 

မကြာသေးခင်က ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်က ယူကရိန်းနိုင်ငံထဲကို အနောက်နိုင်ငံတပ်ဖွဲ့ဝင်တွေ စေလွှတ်သွားနိုင်ဖွယ်ရှိတယ်လို့ ပြောကြားခဲ့တဲ့အပေါ် မှတ်ချက်ပြုတုံ့ပြန်ရာမှာ ပိုလန်နိုင်ငံခြာရေးဝန်ကြီးကအ ခုလို ပြောကြားတာဖြစ်ပါတယ်။

 

ဒါပေမဲ့ ယူကရိန်းကို တပ်ဖွဲ့ဝင်တွေ ပို့ထားတယ်ဆိုတဲ့ နိုင်ငံတွေရဲ့ နာမည်တွေကတော့ ပိုလန်နိုင်ငံခြားရေးဝန် ကြီးက အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

 

ယူကရိန်းကို အနောက်နိုင်ငံကတပ်ဖွဲ့ဝင်တွေ စေလွှတ်သွားဖွယ်ရာရှိနိုင်တယ်လို့ ပြင်သစ်သမ္မတမက်ခရွန်က ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြောကြားခဲ့ပေမဲ့ နောက်ပိုင်းမှာ အဲဒီပြောကြားချက်ကို အထူးချင့်ချိန်စဉ်းစားနေ တယ်လို့ ပြောဆိုခဲ့ပါတယ်။

 

ပြင်သစ်သမ္မတပြောသလို ယူကရိန်းနိုင်ငံကို အနောက်တိုင်းတပ်ဖွဲ့ဝင်တွေ စေလွှတ်တာဟာ လက်ရှိဖြစ်ပွားနေ တဲ့စစ်ပွဲမှာ ရုရှားတွေရဲ့ဆောင်ရွက်ချက်တွေကို ထိန်းချုပ်နိုင်ဖို့အတွက် နည်းလမ်းတစ်ရပ်အဖြစ် အသုံးဝင်နိုင် တယ်လို့ ပိုလန်နိုင်ငံခြားရေးဝန်ကြီး ဆီကော့စကီးက ပြောပါတယ်။

 

လက်ရှိဖြစ်ပွားနေတဲ့ ဒီစစ်ပွဲမှာ အသာစီးအမြတ်ရဖို့အတွက် သတ်မှတ်ထားတဲ့ အချိုးမညီတဲ့တင်းမာမှုတွေ ဖန်တီးရာမှာ အနောက်အုပ်စုအနေနဲ့ ၎င်းတို့ရဲ့ စွမ်းရည်တွေကို အကျိုးရှိရှိ ထုတ်ဖော်အသုံးချသင့်ကြောင်း ဆီ ကော့စကီးက ပြောပါတယ်။

 

ဒါပေမဲ့ သမ္မတမက်ခရွန်ရဲ့ ပြောကြားချက်ကို မဟာမိတ်နိုင်ငံတွေက ကန့်ကွက်ခဲ့ပြီး ၎င်းတို့နိုင်ငံတွေကတပ်ဖွဲ့ ဝင်တွေကို ယူကရိန်းကို စေလွှတ်မှာမဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

 

ယူကရိန်းနိုင်ငံထဲကို အနောက်နိုင်ငံက တပ်တွေစေလွှတ်လိုက်မယ်ဆိုရင် ရုရှားနဲ့ နေတိုးအုပ်စုကြား မလွှဲမ ရှောင်သာ စစ်ပွဲတစ်ပွဲဖြစ်ပွားလာမှာဖြစ်ကြောင်း သတိပေးရင်း မက်ခရွန်ရဲ့ ပြောဆိုချက်ကို ရုရှားအစိုးရက ဒေါ သတကြီး တုံ့ပြန်ခဲ့ပါတယ်။

 

Ref: “NATO troops already in Ukraine”, Polish FM reveals: EUROMAIDAN PRESS

 

#PeopleMedia


Share this post