• Follow Us on
Latest News

Home နေတိုးအဖွဲ့စစ်ရေးလေ့ကျင့်မှုအတွက် ဗြိတိန်က တပ်ဖွဲ့ဝင်အင်အား ၂၀၀၀၀ ဝန်းကျင်စေလွှတ်မည်

နေတိုးအဖွဲ့စစ်ရေးလေ့ကျင့်မှုအတွက် ဗြိတိန်က တပ်ဖွဲ့ဝင်အင်အား ၂၀၀၀၀ ဝန်းကျင်စေလွှတ်မည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၅

 

အရှေ့အလယ်ပိုင်းနဲ့ ယူကရိန်းမှာဖြစ်ပွာနေတဲ့ စစ်ပွဲတွေနဲ့အတူ အန္တရာယ်တွေမြင့်တက်လာတာကြောင့် မဟာ မိတ်တပ်ဖွဲ့ဝင်တွေရဲ့ တိုက်ပွဲဝင်အသင့်ဖြစ်မှုကို ရည်ရွယ်ပြီး စစ်အေးတိုက်ပွဲကာလပြီးဆုံးကတည်းက နေတိုးအ ဖွဲ့ရဲ့ အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုထဲမှာပါဝင်ဖို့ ဗြိတိန်နိုင်ငံက တပ်ဖွဲ့ဝင်အင်အား ၂၀၀၀၀ စေလွှတ်သွားမှာ ဖြစ်ပါတယ်။

 

မကြာခင်ကျင်းပတော့မယ့် နိုင်ငံပေါင်းစုံက စစ်သင်္ဘော ၅၀၊ လေယာဉ်ပေါင်းစုံအများအပြား ပါဝင်မယ့် Operation Steadfast Defender စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဖို့အတွက် ဗြိတိန် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင် ၂၀၀၀၀ ဝန်းကျင်ကို စေလွှတ်သွားမှာဖြစ်ပါတယ်။

 

နေတိုးတပ်ဖွဲ့ဝင်တွေအနေနဲ့ အချိန်တိုအတွင်း အင်အားအလုံးအရင်းနဲ့ တုံ့ပြန်တိုက်ခိုက်နိုင်အောင် နေတိုးအဖွဲ့ရဲ့ ၇၅ နှစ်မြောက်နှစ်ပတ်လည်နေ့မှာ ဂျာမနီ၊ ပိုလန်နဲ့ ဘော်လတစ်နိုင်ငံတွေမှာ အဲဒီစစ်ရေးလေ့ကျင့်မှုတွေကို ကျင်းပသွားမှာဖြစ်ပါတယ်။

 

စစ်ရေးလေ့ကျင့်မှုဟာ ရုရှားဦးဆောင်တဲ့ရန်သူ့မဟာမိတ်တပ်ပေါင်းစုကို တုံ့ပြန်တိုက်ခိုက်ဖို့ရည်ရွယ်တာဖြစ်ပေမဲ့ နေတိုးမဟာမိတ်တပ်တွေကို ခြိမ်းခြောက်နေတဲ့ စစ်သွေးကြတပ်တွေနဲ့ အကြမ်းဖက်အုပ်စုတွေကို တုံ့ပြန်တိုက် ခိုက်ဖို့လည်း တစ်စိတ်တစ်ပိုင်းအားဖြင့် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

 

ဗြိတိန်ရဲ့ရန်သူတွေဟာ ၎င်းတို့ရဲ့ အတားအဆီးတွေကို ပြန်လည်တည်ဆောက်နေသလို ရန်သူတော်ဟောင်း တွေကလည်း အင်အားသစ်တွေ ပြန်လည်မွေးမြူနေတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂရန့်ရှပ်ကပြောပါ တယ်။

 

ယီမင်က ဟူသီသူပုန်တွေကို အမေရိကန်နဲ့ ဗြိတိန်က ဦးဆောင်ပြီး လေကြောင်းက တိုက်ခိုက်ခဲ့ရာမှာ အမေရိ ကန်ဦးဆောင်တဲ့ညွန့်ပေါင်းအဖွဲ့လည်း ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။

 

အဲဒီစစ်ဆင်ရေးမှာ နေတိုးအဖွဲ့က တိုက်ရိုက်ပါဝင်ခြင်းမရှိပေမဲ့ အဖွဲ့ဝင်နိုင်ငံအများအပြားပါဝင်ခဲ့တဲ့အတွက် အခု ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုဟာ မဟာမိတ်တပ်အချင်းချင်း အပြန်အလှန်ဆက်သွယ်မှုအတွက် အထောက်အ ကူပြုနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

 

နေတိုးအဖွဲ့ဝင်နိုင်ငံ ၃၁ နိုင်ငံအပြင် နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ တူရကီနိုင်ငံရဲ့ထောက်ခံမှုကို စောင်ဆိုင်းနေတဲ့ ဆွီဒင် နိုင်ငံနဲ့ ဟန်ဂေရီနိုင်ငံတို့လည်း စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်သွားမှာဖြစ်ပါတယ်။

 

ဗြိတိန်နိုင်ငံအနေနဲ့ ယူကရိန်းနိုင်ငံစစ်ရေးအကူအညီအတွက် ပေါင် ၂.၅ ဘီလျံ ထောက်ပံ့သွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ခရီးစဉ်အတွင်းမှာ ပြောကြားခဲ့ပါတယ်။

 

Ref: UK to deploy 20,000 troops alongside Nato allies in major show of strength

 

#PeopleMedia


Share this post