• Follow Us on
Latest News

Home နေတိုးအဖွဲ့ရဲ့ တိုက်ပွဲဝင်အသင့်တပ်အင်အားကို ၃၀၀,၀၀၀ အထိ တိုးချဲ့ထား

နေတိုးအဖွဲ့ရဲ့ တိုက်ပွဲဝင်အသင့်တပ်အင်အားကို ၃၀၀,၀၀၀ အထိ တိုးချဲ့ထား

Share this post

နိုင်ငံတကာ၊ ဇွန် ၁၄

 

ရုရှားခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ တိုက်ပွဲဝင်အသင့်အနေအထားဖြစ်အောင် တပ်လှန့်ထားတဲ့ နေတိုးတပ်ဖွဲ့ဝင် အရေအတွက်ကို အင်အား ၃၀၀,၀၀၀ အထိ တိုးချဲ့လိုက်ကြောင်း နေတိုးတပ်ဖွဲ့ ထိပ်တန်း အရာရှိတစ်ဦးက ကြာသပတေးနေ့ (ဇွန်လ ၁၃ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

၂၀၂၂ ခုနှစ်မှာ ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် နေတိုးတပ်မှူးတွေ ရက်ပေါင်း ၃၀ အတွင်း တပ်ဖြန့်ချထားနိုင်တဲ့ တပ်ဖွဲ့ဝင်အင်အားကို တိုးချဲ့သွားဖို့ နေတိုးအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေက သ ဘောတူညီလိုက်တာဖြစ်ပါတယ်။

 

“အဖွဲ့ဝင်နိုင်ငံတွေကတင်ပြလာတဲ့ တပ်အသင့်အနေအထားရှိရမယ့်အင်အားတိုးချဲ့မှုက အင်အား ၃၀၀,၀၀၀ အထိဖြစ်ပါတယ်။” လို့ အမည်မဖော်လိုတဲ့ နေတိုးအရာရှိတစ်ဦးက ပြောပါတယ်။

 

“အဖွဲ့ဝင်နိုင်ငံတွေက စေလွှတ်ပေးမယ်လို့ ပြောထားပြီးသား အင်အားတွေရှိပါတယ်။ အဲဒီတပ်ဖွဲ့ဝင်တွေကို တိုက်ပွဲဝင်အသင့်ဖြစ်နေတဲ့တပ်တွေအဖြစ် လက်ရှိအချိန်မှာ အသုံးပြုနိုင်ပါတယ်။” လို့ ၎င်းကပြောပါတယ်။

 

အလျင်အမြန်တုံ့ပြန်ဖို့အတွက် တိုက်ပွဲဝင်အသင့်ဖြစ်နေတဲ့တပ်ဖွဲ့ဝင်အင်အားတိုးချဲ့မှုဟာ ပြီးခဲ့တဲ့နှစ်က အစည်း အဝေးတစ်ခုမှာ သဘောတူလက်မှတ်ရေးထိုးခဲ့ကြတဲ့ ရုရှားနိုင်ငံက တိုက်ခိုက်လာနိုင်တဲ့ ဘယ်လိုတိုက်ခိုက်မှု မျိုးကိုမဆို ကာကွယ်တားဆီးသွားဖို့ နေတိုးအဖွဲ့ရဲ့ ကျယ်ပြန့်လှတဲ့ဘက်စုံစီမံချက်တွေထဲက အစိတ်အပိုင်းတစ် ရပ်ဖြစ်ပါတယ်။

 

အမေရိကန်ဦးဆောင်တဲ့ နေတိုးအဖွဲ့ဝင်တစ်နိုင်ငံချင်းစီက ရုရှားနို်င်ငံရဲ့ ကျူးကျော်ရန်စလာနိုင်တဲ့ အခြေအနေ ကို မျှော်လင့်ထားတဲ့အတွက် ဒုတိယကမ္ဘာစစ်ပြီးကတည်းက အခုလို ကာကွယ်ရေးအစီအစဉ်ကို ပထမဦးဆုံးအ ကြိမ် စတင်ချမှတ်ခဲ့တာဖြစ်ပါတယ်။

 

လိုအပ်လာရင် အဲဒီစီမံချက်အတိုင်း တိုက်ခိုက်နိုင်ရေးအွက် နေတိုးတပ်ဖွဲ့ခေါင်းဆောင်တွေက မိမိတပ်တွေကို စွမ်းရည်ပြည့်ဝအောင် လက်ရှိအချိန်မှာ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

 

ဒါပေမဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေဟာ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေနဲ့ တာဝေးပစ်ဒုံးကျည်တွေလို အဓိကလက်နက်တွေ ပြတ်လပ်နေတယ်လို့ ဆိုပါတယ်။

 

“လက်ရှိအချိန်မှာ လက်နက်ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီလက်နက်မလုံလောက်တဲ့ကိစ္စတွေကို ကျွန် တော်ကို ကိုင်တွယ်ဖြေရှင်းရဦးမှာဖြစ်ပါတယ်။” လို့ အမည်မဖော်လိုတဲ့ အဆိုပါအရာရှိက ပြောပါတယ်။

 

Ref: NATO Says Over 300,000 Troops Now on High Readiness

 

#PeopleMedia


Share this post