နေတိုးအဖွဲ့ဝင်နိုင်ငံတွေ ယူကရိန်းကို F-16 တွေ စတင်ပို့ဆောင်
PUBLISHED - July 11, 2024
နိုင်ငံတကာ၊ ဇူလိုင် ၁၁
ရုရှားကျူးကျော်စစ်ကို ခုခံတိုက်ခိုက်ဖို့အတွက် ကာလရှည်မျှော်လင့်စောင့်စားနေတဲ့ F-16 ဂျက်တိုက်လေယာဉ် တွေကို ယူကရိန်းနိုင်ငံကို စတင်ပေးပို့လိုက်ပြီဖြစ်ကြောင်း နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေက ဗုဒ္ဓဟူးနေ့ (ဇူ လိုင်လ ၁၀ ရက်နေ့) က ကြေညာလိုက်ပါတယ်။
ဒိန်းမတ်နဲ့ နယ်သာလန်နိုင်ငံတို့က ယူကရိန်းနိုင်ငံကို F-16 ဂျက်တိုက်လေယာဉ်တွေ စတင်လွှဲပြောင်းပေးပို့ လိုက်ပြီဖြစ်သလို ဘယ်လ်ဂျီယမ်နဲ့ နော်ဝေနိုင်ငံတို့က F-16 တွေ ပေးပို့သွားဖို့ ကတိပြုထားကြောင်း အိမ်ဖြူ တော်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
“ကျွန်တော်တို့ပြောထားတဲ့အတိုင်း ဒိန်းမတ်နဲ့ နယ်သာလန်က F-16 ဂျက်တိုက်လေယာဉ်တွေကို စတင်ပို့ ဆောင်ပေးနေပါပြီ။” လို့ ဝါရှင်တန်မှာကျင်းပတဲ့ နေတိုးအဖွဲ့ ၇၅ နှစ်မြောက် အစည်းအဝေးမှာ အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်က ပြောပါတယ်။
“ရုရှားကျူးကျော်မှုကို ယူကရိန်းနို်င်ငံက ထိရောက်စွာ ဆက်လက်ကာကွယ်နိုင်အောင် ဒီဂျက်တိုက်လေယာဉ် တွေဟာ အခုနွေရာသီမှာ ယူကရိန်းလေပိုင်နက်ထဲမှာ ပျံသန်းနေတော့မှာဖြစ်ပါတယ်။” လို့ ၎င်းကပြောပါတယ်။
ယူကရိန်းနိုင်ငံက အနောက်နိုင်ငံတွေက လေယာဉ်အကူအညီတွေရဖို့ ကြိုပမ်းနေတာကြာပြီဖြစ်ပြီး ယူကရိန်း ကို F-16 ဂျက်တိုက်လေယာဉ်တွေ ပို့ပေးဖို့ ပြီးခဲ့တဲ့နှစ် သြဂုတ်လက အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ခွင့်ပြု လိုက်တာဖြစ်ပါတယ်။
ဂျက်တိုက်လေယာဉ်တွေလွှဲပြောင်းပေးပို့မှုဟာ ရုရှားသမ္မတဗလာဒီမာပူတင်အတွက် အချက်ပြမှုတစ်ခုဖြစ် ကြောင်း ဘလင်ကန်က ပြောပါတယ်။
“ဗလာဒီမာပူတင်အနေနဲ့ ယူကရိန်းကို ကြာရှည်တိုက်နိုင်မှာ မဟုတ်သလို ကျွန်တော်တို့ကိုလည်း ကြာရှည် တိုက်နိုင်မှာမဟုတ်ပါဘူးဆိုတာ သိသင့်တယ်။ တကယ်လို့ သူ ဆက်တိုက်နေဦးမယ်ဆိုရင် ရုရှားအတွက်ပဲ ထိခိုက်ပျက်စီးမှုတွေ ဆက်ဖြစ်နေမှာဖြစ်တယ်။ ရုရှားအကျိုးစီးပွားတွေပဲ အခြေအနေပိုမိုဆိုးရွားလာမှာဖြစ် ပါတယ်။” လို့ ဘလင်ကန်က ပြောပါတယ်။
“ငြိမ်းချမ်းရေးရဖို့ အမြန်ဆုံးနည်းလမ်းက ယူကရိန်းကို အင်အားကောင်းပြီး သန်မာလာအောင်လုပ်ပေးဖို့ပဲ ဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: NATO Allies Begin Transfer of F-16 Jets to Ukraine
#PeopleMedia