• Follow Us on

Home နေတိုးအဖွဲ့ဝင်နိုင်ငံသစ် ဖင်လန်ကို အစ္စရေးက David’s Sling လေကြောင်းရန်ကာကွယ်ရေးစနစ် ရောင်းချပေး မည်

နေတိုးအဖွဲ့ဝင်နိုင်ငံသစ် ဖင်လန်ကို အစ္စရေးက David’s Sling လေကြောင်းရန်ကာကွယ်ရေးစနစ် ရောင်းချပေး မည်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၃

 

အစ္စရေးနိုင်ငံက နေတိုးအဖွဲ့ဝင်နိုင်ငံသစ်ဖြစ်တဲ့ ဖင်လန်နိုင်ငံအတွက် ဥရာပငွေ ၃၁၇ သန်း (ဒေါ်လာသန်း ၃၄၀) တန်ကြေးရှိ David’s Sling လေကြောင်းရန်ကာကွယ်ရေးစနစ် ကို ရောင်းချပေးသွားမှာဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့ (နိုဝင်ဘာလ ၁၂ ရက်နေ့) က ကြေညာလိုက်ပါတယ်။

 

ဒီသဘောတူညီချက်ဟာ သမိုင်းဝင်သဘောတူညီချက်တစ်ရပ်ဖြစ်ပြီး အစ္စရေးနိုင်ငံနဲ့ အမေရိကန်ကုမ္ပဏီတွေ ပူးတွဲထုတ်လုပ်ထားတဲ့ ဒီလက်နက်စနစ်ဟာ ပဲ့ထိန်းဒုံးကျည်တွေ၊ ခရုစ် ဒုံးကျည်တွေ၊ လေယာဉ်တွေနဲ့ ဒရုန်း တွေကို ကြားဖြတ်ပစ်ချနိုင်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

အစ္စရေးနိုင်ငံက ၎င်းတို့ရဲ့ ဒေါ်လာ ၃.၅ ဘီလျံတန်ကြေးရှိတဲ့ Arrow 3 ဟိုက်ပါဆောနစ်ဒုံးကျည်စနစ်ကို ဂျာမနီ နိုင်ငံကို ရောင်းချဖို့ လက်မှတ်ရေးထိုးခဲ့ပြီးနောက် အခုဖင်လန်နိုင်ငံကို David’s Sling လေကြောင်းရန်ကာကွယ် ရေးစနစ်ရောင်းချဖို့ကြေညာချက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

တာဝေးပစ် Arrow 3 ဟိုက်ပါဆောနစ်ဒုံးကျည်စနစ်ကိုလည်း အစ္စရေးကုမ္ပဏီတွေနဲ့ အစ္စရေးရဲ့ထိပ်တန်းမဟာ မိတ်နိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုတို့ ပူးတွဲထုတ်လုပ်ထားတာဖြစ်တဲ့အတွက် လက်နက်ရောင်းဝယ်ရေး ကိစ္စကို အမေရိကန်အစိုးရက သဘောတူညီဖို့ လိုပါတယ်။

 

ပြီးခဲ့တဲ့နှစ်က ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် ဥရောပဒေသမှာရှိတဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို မြှင့်တင်ကြဖို့ ဂျာမနီနိုင်ငံက ဦးဆောင်တွန်းအားပေးနေစဉ်အ တွင်းမှာပဲ အခုလို Arrow 3 ဟိုက်ပါဆောနစ်ဒုံးကျည်စနစ်ရောင်းချရေးလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

 

နေတိုးအဖွဲ့ဝင်နိုင်ငံသစ်ဖြစ်လာတဲ့ ဖင်လန်နိုင်ငံကလည်း လေယာဉ်တွေ၊ ရော့ကက်တွေနဲ့ ဒုံးကျည်တွေကို ပစ် ချနိုင်တဲ့ အစ္စရေးထုတ်လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဝယ်ယူဖို့ စီစဉ်နေကြောင်း အလျင်အမြန်ကြေညာ ခဲ့တာဖြစ်ပါတယ်။

 

လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်းစစ်ပွဲကြောင့် ဥရောပဒေသနိုင်ငံတွေဟာ အစ္စရေးထုတ်လက်နက်တွေကို ပိုမို ဝယ်ယူလာနိုင်ဖွယ်ရှိတယ်လို့ ဆန်းစစ်လေ့လာသူတွေက ပြောပါတယ်။

 

အစ္စရေးက ဖင်လန်နိုင်ငံကို အခုလို David’s Sling လေကြောင်းရန်ကာကွယ်ရေးစနစ်ရောင်းချပေးသွားမယ့် ကိစ္စကို အမေရိကန်ပြည်ထောင်စုက သြဂုတ်လအတွင်းက သေဘာတူညီခဲ့တာဖြစ်ပါတယ်။

 

Ref: Israel Announces Sale of Air Defense System to New NATO Member Finland

 

#PeopleMedia


Share this post