• Follow Us on
Latest News

Home နေတိုးအဖွဲ့ဝင်ဖြစ်ပြီး သုံးရက်အကြာမှာ ဆွီဒင်ကင်းထောက်လေယာဉ်တွေ ရုရှားနယ်စပ်အနီးကင်းလှည့်

နေတိုးအဖွဲ့ဝင်ဖြစ်ပြီး သုံးရက်အကြာမှာ ဆွီဒင်ကင်းထောက်လေယာဉ်တွေ ရုရှားနယ်စပ်အနီးကင်းလှည့်

Share this post

နိုင်ငံတကာ၊ မတ် ၁၂

 

ဆွီဒင်နိုင်ငံဟာ နေတိုးအဖွဲ့ဝင်ဖြစ်လာပြီးနောက် ဘော်လတစ်ပင်လယ်ကောင်းကင်ယံက ရုရှားနယ်စပ်အနီးမှာ နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေနဲ့ ပထမဦးဆုံးအကြိမ် ကင်းထောက်ပျံသန်းမှုတာဝန်ကို စတင်ထမ်းဆောင် ခဲ့ပါတယ်။

 

ဆွီဒင်လေတပ်က ကင်းထောက်လေယာဉ်ဟာ ရုရှားပိုင် ကာလီနင်ဂရက်နဲ့ တစ်စိတ်တစ်ပိုင်းထိစပ်နေတဲ့ ပိုလန် နိုင်ငံ အရှေ့ဘက်နယ်စပ်အနီးကနေ ပျံသန်းခဲ့တာဖြစ်ပါတယ်။

 

အမှတ် ၇၂ အထူးလေကြောင်းတပ်ဖွဲ့နဲ့ အမှတ် ၇၃ ဆက်သွယ်မှုထောက်လှမ်းရေးတပ်ဖွဲ့က Saab 340 အေ ဝပ်လေယာဉ်တစ်စင်းနဲ့ Gulfstream S102B Korpen အီလက်ထရောနစ်ထောက်လှမ်းရေး လေယာဉ်တစ်စင်း ဟာ ဒီကင်းထောက်စစ်ဆင်ရေးမှာ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

 

လေယာဉ်နှစ်စင်းစလုံးဟာ ဆွီဒင်နိုင်ငံတောင်ပိုင်း မယ်လ်မန်းလေတပ်အခြေစိုက်စခန်းကနေ ပျံသန်းလာခဲ့ကြ တာဖြစ်ပါတယ်။

 

ဆွီဒင်နိုင်ငံဟာ နှစ်ပေါင်း ၂၀၀ ကျော် ဘက်မလိုက်နိုင်ငံအဖြစ် ကျင့်သုံးခဲ့ရာကနေ နေတိုးအဖွဲ့ရဲ့ ၃၂ နိုင်ငံ မြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာပြီး သုံးရက်အတွင်းမှာပဲ အခုလို ဝေဟင်ကင်းထောက်လုပ်သန်းကို ဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်။

 

ဆွီဒင်နိုင်ငံ နေတိုးအဖွဲ့ဝင်အဖြစ်လျှောက်ထားရာမှာ တူရကီနိုင်ငံက မထောက်ခံလို့ လပေါင်း ၂၀ ကြာမြင့်ခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့က ဝါရှင်တန်ဒီစီမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ဝင်ခွင့်လက်ခံကြောင်းအ သိအမှတ်ပြုအထောက်အထားတွေ ပေးအပ်လိုက်ပြီးနောက် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာတာဖြစ်ပါတယ်။

 

“ဆွီဒင်နိုင်ငံကို အခုလို နေတိုးအဖွဲ့ဝင်အဖြစ်လက်ခံလိုက်တာဟာ နေတိုးအဖွ့ဲ ပိုမိုအင်အားတောင့်တင်းလာသ လို ဆွီဒင်နိုင်ငံလည်း ပိုမိုဘေးကင်းလုံခြုံလာပါတယ်။ ဒါ့အပြင် နေတိုးမဟာမိတ်အဖွဲ့တစ်ဖွဲ့လုံးလည်း ပိုမိုလုံခြုံ လာမှာဖြစ်ပါတယ်။” လို့ နေတိုးအတွင်းရေးမှူးချုပ် ဂျန်းဆော့တ်တန်းဘာ့ဂျ်က ပြောပါတယ်။

 

“ဒီကနေ့ ဆွီဒင်နိုင်ငံကို အဖွဲ့ဝင်အဖြစ်လက်ခံလိုက်တယ်ဆိုတာ နေတိုးတံခါးပေါက်ကို ဖွင့်ထားဆဲဖြစ်ပြီး နိုင်ငံ တိုင်းဟာ ကိုယ့်လမ်းကြောင်း ကိုယ်ရွေးချယ်ခွင့်ရှိတယ်ဆိုတာကို သက်သေပြလိုက်တာပဲဖြစ်ပါတယ်။” လို့ ၎င်း က ပြောပါတယ်။

 

ဆွီဒင်နိုင်ငံဟာ မကြာသေးခင်ကာလကပဲ ပုဂ္ဂလိကကဏ္ဍကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်တဲ့အနေနဲ့ နေတိုးအဖွဲ့ရဲ့ မြို့ပြကာကွယ်ရေးအုပ်စုနဲ့အတူ အစည်းအဝေးတစ်ရပ်ကျင်းပခဲ့သလို လတ်ဗီးယားနိုင်ငံကို နေတိုးတပ်ဖွဲ့ဝင်အဖြစ် ဆွီဒင်တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့လည်း ပြင်ဆင်နေပါတယ်။

 

Ref: Sweden Conducts First Surveillance Flight near Russia after NATO Membership

 

#PeopleMedia


Share this post