• Follow Us on
Latest News

Home နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေဘေးသင့်သည့် လူဦးရေ ၇၀၀၀၀ ကျော်တို့ကို ယာယီရေဘေးရှောင် စခန်း ၂၆ ခု ဖွင့်လှစ်ထားကာနေရာချထား

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေဘေးသင့်သည့် လူဦးရေ ၇၀၀၀၀ ကျော်တို့ကို ယာယီရေဘေးရှောင် စခန်း ၂၆ ခု ဖွင့်လှစ်ထားကာနေရာချထား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၃

 

နေပြည်တော်ကောင်စီနယ်မြေအတွင်း လက်တလောတွင် ရေဘေးသင့်သည့် ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၃ စု၊ အိမ်ထောင်စုပေါင်း ၁၆၃၇၃ စုတို့မှ လူဦးရေ ၇၄၂၉၅ ဦးတို့ကို သက်ဆိုင်ရာမြို့နယ်အလိုက်ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်း ၂၆ ခု၌ ကူညီကယ်ဆယ်ရေးနေရာချထားပြီး လိုအပ်သည့်ကျန်းမာရေးစောင့် ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းရာဂိ၏အရှိန်နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏အရှိန်ကြောင့် စက်တင်ဘာလ (၁၀) ရက်နေ့မှစတင်၍ နေရာအနှံ့အပြား မိုးအဆက်မပြတ်ရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး ချောင်းရေနှင့်မြစ်ရေများ အဆက်မပြတ်မြင့်တက်လာမှုနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်အချို့တို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖြတ်သန်း စီးဆင်းလျက်ရှိသည့် ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်တို့တွင် မြစ်ရေများမြင့်တက်ကာ ၎င်းမြစ်ချောင်းများအနီးရှိ ရပ်ကွက်/ကျေးရွာများအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခြင်း၊ အချို့နေရာများရှိ ကားလမ်း၊ ရထားလမ်းများရေကျော်ခြင်း၊ တံတားအချို့ပျက်စီးမှုများကြောင့် လမ်းပန်းဆက်သွယ်မှုပိတ်ဆို့ခြင်း များ၊ လျှပ်စစ်မီးတိုင်များနှင့် အဆောက်အဦများထိခိုက်ပျက်စီးခြင်း၊ လူနေအိမ်များပျက်စီးခြင်း စသည့်တို့ ဖြစ်ပွားခဲ့သည့်အပြင် ရေကြီးရေလျှံမှုဖြစ်ပွားသော မြို့/ရွာများတွင် လျှပ်စစ်မီးများပြတ်တောက်ပြီး အခြေခံပညာ စာသင်ကျောင်းများကိုလည်း ခေတ္တပိတ်ထားရကြောင်း သိရသည်။

 

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများမှ ကူညီရွှေ့ ပြောင်းရန်လိုအပ်နေသူများကို အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးလျက်ရှိရာ စက်တင်ဘာလ ၁၂ရက်နေ့တွင်လည်း နေပြည်တော်ကောင်စီနယ်မြေ ဘောဂသီရိကားဝန်းအနီး၊ ပင်လောင်းလမ်းဆုံ၊ ပျဉ်းမနားရွှေချီရပ်ကွက်၊ အေးမြင့်သာယာကျေးရွာ၊ ဘဲကုန်းကျေးရွာ၊ ကျောက်ချပ်ကျေးရွာ၊ အိုင်ဇောက်ကျေးရွာတို့နှင့် အခြားရေကြီးရေလျှံဖြစ်ပေါ်နေသည့်နေရာများတွင် တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ် ရွှေ့ပြောင်းပေးခြင်းလုပ်ငန်း များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post